ᡣ𐭩 •。ꪆৎ ˚⋅
"ဆယ်နှစ်ကျော် မေမေ၊ ဆယ်နှစ်ကျော်အတွင်းမှာ သားမေမေ ပြောသမျှကို အထွန့်မတက်ဘဲ လုပ်ခဲ့တာ။ သားဘဝတစ်လျှောက်လုံးနဲ့ ဆိုင်တဲ့ကိစ္စမှာတော့ သားဆန္ဒအတိုင်းပဲလုပ်ပါရစေ၊ မေမေရယ်။ ကျေးဇူးပြုပြီးပါ။"
ဆောနူရဲ့ အသံက တုန်တုန်ယင်ယင်နဲ့ဧည့်ခန်းထဲ ပျံ့သွားပြီး ခုနကအထိ
ဒေါသငွေ့တွေ လွှမ်းခြုံထားခြင်းခံရတဲ့ မေမေက ရုတ်တရက် ငြိမ်သက်သွားသည်။ခဏလောက် ငြိမ်ပြီးတဲ့ နောက်မှာတော့
မေမေ့ ခြေထောက်နားမှာ ဒူးထောက်ထားတဲ့ဆောနူကို ဘာစကားမှမပြောဘဲ ဖြည်းဖြည်းချင်း ငုံ့ကြည့်လာပြီး ပါးနှစ်ဖက်ကို ခပ်ဖွဖွအုပ်ကိုင်လာသည်။"တကယ်ပဲ သေချာပြီလား၊ သား။
သားရွေးချယ်မှုကို သားနောင်တရမှာကို မေမေတော့ ကြောက်တယ်။ အဲဒီအခါကျရင်မေမေ ကိုယ့်ဟာကိုယ် အပြစ်တင််မဆုံး
ဖြစ်တော့မှာ။ ""မေမေ ရွေးပေးတဲ့အတိုင်း လိုက်နာလို့ရော
သားနောင်တမရဘူးလို့ အာမခံနိုင်လို့လား မေမေ။ အနည်းဆုံးတော့ သားရွေးတဲ့လမ်းကြောင်းမှာ နောင်တရစရာ ရှိလာတယ်ဆိုရင်တောင် သားကိုယ်ရွေးတဲ့လမ်းကြောင်းကို ဆုံးအောင် လျှောက်ဖို့ အားရှိအုံးမှာ။
ဒါပေမဲ့ သားစိတ်မဝင်စားတဲ့ အရာဆိုရင်
တော့ မတူတော့ဘူး၊ မေမေ။ လမ်းတစ်ဝက်မှာတင် ရပ်လိုက်မိမလား မသိဘူး။ ""သားဘက်က သေချာနေပြီဆိုရင်
မေမေ့ဘက်က ဘာမှ ထပ်မပြောချင်တော့ဘူး။ ကျောင်းလျှောက်မဲ့ ကိစ္စကိုပဲ အာရုံစိုက်တော့။ "ဆောနူဆီမှာ အမြဲရှိနေခဲ့တဲ့ ပူပန်မှုအစုအထုပ်ထဲက တစ်ခုက အခုမှပဲ ရှင်းလင်းသွားပြီး အသက်ရှုရ နည်းနည်း ချောင်သွားရသည်။ ကျန်သေးတဲ့ အစုအထုပ်တွေ ရှင်းဖို့ကိုတော့ သူ့ကို နားလည်ပေးနိုင်ဆုံး လူကိုပဲအားကိုးရမယ် ထင်ပါသည်။