ᯓ★
"sunny နောက်အပတ် စွမ်းရည်ပြပွဲမှာဝင်ပြိုင်မှာမလား။ "
တိတ်ဆိတ်နေတဲ့ အခန်းထဲ ဂျယ်ယွန်းရဲ့အသံက တိုးထွက်လာတော့ ရူပဗေဒပုစ္ဆာကိုကြိုးစားပမ်းစား ဖြေရှင်းနေတဲ့ ဆောနူရဲ့အာရုံက ဂျယ်ယွန်းရဲ့ မေးခွန်းဆီကို ရောက်သွားသည်။
"အင်း၊ ပြိုင်ဖြစ်မယ်ထင်တယ်။ မေမေလဲညနေကပြောတယ်။ "
"ပန်းချီပဲပြိုင်မှာမလား။ "
"မဟုတ်ဘူး၊ သိပ္ပံprojectမှာပြိုင်တဲ့။ "
"အန်တီ ပြိုင်ခိုင်းတာ မဟုတ်ဘဲ ဆောနူပြိုင်ချင်တာကို မေးတာ။ "
ဆောနူရဲ့ အဖြေကို အလိုမကျသလို ပြောလာတဲ့ ဂျယ်ယွန်းကြောင့် ဆောနူရဲ့မျက်ခုံးတို့ တွန့်ချိုးသွားလေရဲ့။
"ထွေထွေထူးထူးရယ်လို့ ပြိုင်ချင်စိတ်မရှိပါဘူး။ ဒီတိုင်းမေမေပြောသလိုပဲလုပ်ရမှာပဲ။"
ဆောနူ အမှန်တရားကိုပဲ ပြောလိုက်သည်။
သူဒီလို ရုပ်သေးရုပ်သာသာပုံနဲ့ အသားကျလာတာ ဆယ်စုနှစ်ရဲ့ တစ်ဝက်လောက် ရှိနေပြီပဲ၊ မထူးဆန်းတော့ပါဘူး။ ဒါပေမဲ့
ဂျယ်ယွန်းကတော့ လက်မခံချင်တဲ့ပုံပါပဲ။"မဟုတ်ဘူးလေ၊ ဆောနူတကယ်ပြိုင်ချင်လို့လား။ ကိုယ်ဘာလုပ်ချင်တယ် ဆိုတာကိုဖုံးကွယ်ဖို့အထိ လိုမနေဘူးမလား။ "
ဂျယ်ယွန်းရဲ့ အားမလိုအားမရ ရေရွတ်သံအဆုံးမှာ ဆောနူ သက်ပြင်းဖွဖွ ချလိုက်မိတယ်။ ဂျယ်ယွန်းရဲ့ အမြင်ကို နားလည်ပေမဲ့ဆောနူ အတွက်ကတော့ နားလည်ရုံနဲ့ပဲ ရပ်ထားသင့်တဲ့ အတွေးပဲ။
"ဒီအတိုင်း လုပ်နေကျအတိုင်း လုပ်တာပဲကောင်းပါတယ်။ "
ဆောနူရဲ့ အားသိပ်မရှိတဲ့ လေသံက
ဂျယ်ယွန်းကို ဖြောင်းဖြဖို့ရာ ပျံ့လွင့်သွားသည်။ ဒါပေမဲ့ ဂျယ်ယွန်းက လက်မခံချင်တဲ့ ပုံပါပဲ။