but atleast I have you

428 73 2
                                    

Song Recommendation

// Dear My All - Mingginyu \\

_________________

_________________

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ᡣ𐭩 •。ꪆৎ ˚⋅

"ဘာဖြစ်လို့လက်ခံလိုက်တာလဲ၊
ဂျယ်ယွန်း။ "

အခန်းထဲကို ရောက်တာနဲ့ ဆောနူ ဂျယ်ယွန်းကို မေးခွန်းထုတ်လိုက်မိသည်။
အနည်းဆုံး ဂျယ်ယွန်းကဖြစ်ဖြစ် သူ့ကိုနား
စေချင်မယ် ထင်ထားတာကို။

"ကိုယ် လက်မခံရင် ဆရာသောမတ်ကို‌ အကူအညီတောင်းမယ်ဆိုလို့လေ။
ဆရာသောမတ် ထပ်စာရ င်ကိုယ်နဲ့ကပိုအဆင်မပြေ‌လောက်ဘူးလား။ "


ဂျယ်ယွန်း ပြန်ပြောတာကို ကြားပြီးတော့

ဆောနူ တွေတွေလေး ဖြစ်သွားရသည်။
မေမေက သူ့ကို ဘက်ပေါင်းစုံကနေ ထိန်းချုပ်နိုင်ဖို့ စိတ်ကူးထားပုံရသည်။ ဘယ်တတ်နိုင်မလဲ၊ ဂျယ်ယွန်းနဲ့ သင်ဆိုတော့လဲ သင်ရတော့မှာပေါ့။

"ထိုင်တော့၊ စမယ်။ "

ဂျယ်ယွန်းက ထိုင်ခုံမှာ ဝင်ထိုင်ရင်း‌ ဆောနူကိုလဲ ထိုင်ဖို့ အမူအရာနဲ့ ပြလာတော့ ဆောနူချက်ချင်းပဲ ဝင်ထိုင်လိုက်သည်။

ပန်းချီ ဆွဲတာကလွဲပြီး သူလုပ်နိုင်တဲ့ဟာနောက်တစ်ခုဆို သူများပြောတာကိုကောင်းကောင်း လိုက်နာတာပဲ။
ဆောနူမှာ ရှိတဲ့ ပုန်ကန်ချင်စိတ်တွေက တစ်နေရာရာမှာတော့ ပုန်းနေလောက်မယ် ထင်ရတာပဲ၊ ဒါမှမဟုတ် လုံးဝ မရှိတော့တာလဲ
ဖြစ်လောက်မည်။

"Chemistry ကနေစမယ်။ အဲ့တာစဖို့ ဆောနူပုံဆွဲ။ "

"ဟင်?"

THE OTHER SIDE OF DEPRESSED GENERATION |sunjakeWhere stories live. Discover now