Song Recommendation
To My Youth-BOL4
______________
ᯓ★
"သပ်သပ်ရပ်ရပ်လေးဝတ်ခဲ့နော်၊ ဆောနူ။ "
မေမေ့ရဲ့ အမှာစကားကို ဆောနူ ဘာမှ
မတုံ့ပြန်ဘဲ အခန်းထဲကို လေးတိလေးကန်သာ ဝင်လိုက်သည်။ သူနဲ့ နည်းနည်းလေးတောင် အပ်စပ်မှုရှိမနေတဲ့ မိသားစုတွေ့ဆုံပွဲတွေက မကောင်းတဲ့ စွမ်းအင်တွေ စုစည်းရာနဲ့တူသည်။ ဘယ်တော့မှ မသွားချင်ခဲ့ပေမဲ့မိသားစုတွေ့ဆုံပွဲတိုင်း တစ်ခါမှ ပျက်ကွက်ခြင်း မရှိ သွားရအောင် အတင်းဆွဲခေါ်ခံရတဲ့သူ့ဆီကိုပဲ တည့်တည့်မတ်မတ် လာမဲ့
မကောင်းတဲ့ စွမ်းအင်တွေ။အန်တီ မီလီယာက သူ့အတွက် သိမ်ငယ်စိတ်ထုတ်ပေးတဲ့ စက်ဆိုရင် မိသားစုတွေ့ဆုံပွဲတွေက စက်ရုံ ဖြစ်လောက်မှာ အသေအချာပဲ။
"အဲဒီတော့ ဆောနူကရော ဘယ်တက္ကသိုလ်ကို လျှောက်ဖို့စဉ်းစားထားတာလဲ။ "
စီးပွားရေးကိစ္စ၊ လူမှုရေးကိစ္စတွေကို ဦးတည်နေတဲ့ စကားဝိုင်းက ဆောနူဘက် မြားဦးလှည့်လာပြီး မျက်လုံးအစုံဆယ့်နှစ့်စုံလောက်က သူ့ဆီစူးစူးစိုက်စိုက် ရောက်လာတဲ့အခါမှာ
ဆောနူလက်က အရေပြားတွေကိုခွာလိုက်မိသည်။"လောလောဆယ်တော့ သေချာမသိသေးဘူးဗျ။ "
ဆောနူရဲ့ လေသံက ဖျော့တော့တော့ဆိုပေမဲ့တိတ်ဆိတ်နေတဲ့ လေထုကို လွှမ်းခြုံဖို့တော့လုံလောက်တာမလို့ စားပွဲမှာ ထိုင်နေတဲ့လူ
အကုန်လုံး ကြားပုံရပါသည်။ဪ ဆိုပြီး သာမန်ကာလျှံကာပဲ တုံ့ပြန်လာတဲ့လူတွေ၊ အခုထိ ဘာလုပ်ချင်မှန်း မသိသေးဘူးလား ဆိုပြီး သရော်ချင်သလို တုံ့ပြန်လာတဲ့လူတွေ၊ တိကျတဲ့အဖြေကို မပေးရကောင်းလား ဆိုပြီး မကျေမနပ် ကြည့်လာတဲ့လူတွေ စသည်စသည်ဖြင့် အမူအရာမျိုးစုံကိုတွေ့လိုက်ရသည်။