even after having to deal

345 61 3
                                    

๋࣭ ⭑⚝

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

๋࣭ ⭑⚝

"ကိုယ်တို့ထွက်ပြေးကြည့်မလား၊ ဆောနူ။"

ငြိမ်ငြိမ်သက်သက် ထိုင်နေရာကနေ ထပြောလာတဲ့ ဂျယ်ယွန်းကြောင့် ဆောနူမျက်လုံးတွေ ပြူးကျယ်သွားရပြီး အဖြေကို မစဉ်းစားနိုင်သေးခင်မှာတင် သူ့ကို ဆွဲခေါ်သွားတာကိုခံစားလိုက်ရသည်။

"ဖြည်းဖြည်းဆင်း။ "

ပြတင်းပေါက်ကို ကျော်တက်နေတဲ့
ဂျယ်ယွန်းက ကျွမ်းကျွမ်းကျင်ကျင် ရှိလွန်းသည်။ သူကိုယ်တိုင် အပြင်ရောက်တော့မှဆောနူဆီကို လက်လှမ်းပေးရင်း ဆွဲချပေးတော့ ဆောနူလဲ အလိုက်သင့်ပဲ ပါသွားတယ်။

"ဒီအချိန်ကြီး ဘယ်သွားမလို့လဲ။
ဂျယ်ယွန်းရဲ့။ "

လူကြီးတွေ သိသွားမှာ စိုးတာကြောင့်
ဆောနူ လေသံကို အတတ်နိုင်ဆုံး လျော့ကာ
ခပ်တိုးတိုး မေးလိုက်သည်။

"၁၀နာရီ‌ကျော်က စောပါသေးတယ် ဆောနူရဲ့၊ ဘယ်သွားမလဲဆိုတာ ရောက်ရင် သိမယ်။"

ဂျယ်ယွန်းက ဆောနူလက်ကို ကိုင်ထားတာကို မဖြုတ်ဘဲ ခြံပြင်ကို အေးအေးဆေးဆေးပဲ လျှောက်သွားတာ‌မလို့ ဆောနူလဲ အမီလိုက်ရပြန်သည်။ ဆောနူ မေးတာကိုလဲဖြေမဲ့ပုံမပေါ်တာမလို့ ငြိမ်ငြိမ်သက်သက်ပဲထပ်ကြပ်မကွာ လျှောက်နေလိုက်သည်။

ညရဲ့ လေအေးအေးက ညအိပ်ဝတ်စုံပါးပါးကို ဖြတ်ကာ ဆောနူရဲ့ အသားကို လာရိုက်ခတ်ပြီး ချမ်းစိမ့်စိမ့် အငွေ့အသက်ကို ပေးနေတာမလို့ အားနေတဲ့ လက်တစ်ဖက်ကိုအာငွေ့ပေးရင်း ကိုယ့်လက်မောင်းကိုယ် ပြန်အနွေးဓာတ်ပေးလိုက်သည်။ ဂျယ်ယွန်းကတော့ Hoodieပွပွနဲ့ ဘောင်းဘီအရှည်ကိုဝတ်ထားတာမလို့ အအေးဓာတ်ကို သတိထားမိပုံမရ။

THE OTHER SIDE OF DEPRESSED GENERATION |sunjakeWhere stories live. Discover now