why I feel relieved

362 64 8
                                    

   ୨ৎ˙⋆

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


   ୨ৎ˙⋆.˚ ᡣ𐭩


"အဆင်ပြေသွားမှာ၊ အရမ်းစိုးရိမ်မနေနဲ့။ "

ပန်းချီပစ္စည်းတွေ စုကိုင်ထားတဲ့ ဆောနူရဲ့လက်ကို ခပ်ဖွဖွဆုပ်ကိုင်ကာ ပြောလာတဲ့
ဂျယ်ယွန်းကို ဆောနူ အားကိုးတကြီး ကြည့်လိုက်သည်။

ဆောနူ ပထမဆုံး အကြိမ် သူ့ကိုယ်သူယုံကြည်ကြည့်ပြီး ဦးစားပေးဖို့ ဆုံးဖြတ်လိုက်တာက ထင်သလောက်တော့ လွယ်ကူမနေဘူး။ ဒါပေမဲ့ ဘေးကနေ အားပေး‌,ပေးနေတဲ့
ဂျယ်ယွန်းကြောင့် ခက်ခဲတယ်လို့လဲ မခံစားရပါ။

"စိတ်ကို ပေါ့ပေါ့ပါးပါး ထားပြီး အကောင်းဆုံး လုပ်မယ်ဆိုတာကိုပဲ တွေးထား၊ ရလဒ်ကဘာပဲဖြစ်ဖြ စ်ကြိုးစားမှုက အရေးကြီးဆုံးပဲ။ ဆောနူ အခုလို သတ္တိမွေးလိုက်တာနဲ့တင်အနိုင်ရပြီးသား ဖြစ်နေပြီ။ "

ပြိုင်ပွဲ ခန်း‌မရှေ့မှာ ပြိုင်ပွဲဝင်မဲ့လူတွေနဲ့ သူတို့နဲ့ အတူ ပါလာတဲ့မိဘတွေပဲ ရှုပ်ယှက်ခတ်နေပြီး ဆောနူနဲ့ဂျယ်ယွန်းကတော့ ထောင့်နားတစ်နေရာမှာ ခပ်ကုတ်ကုတ်လေး ရပ်နေကြတာ။

မသိရင် ဂျယ်ယွန်းက ဆောနူရဲ့အုပ်ထိန်းသူလိုပင်။ စောင့်နေရတဲ့ တစ်လျှောက်လုံးလဲဆောနူ စိတ်လှုပ်ရှား သက်သာစေဖို့ အားပေးစကားမျိုးစုံကို ပြောနေခဲ့တာ။
ဆောနူထပ် သူကတောင် ပိုတက်ကြွပြီး စိတ်လှုပ်ရှားနေသလိုပဲ။

"ဟုတ်ပါပြီ။ ဂျယ်ယွန်းရဲ့ နားပါတော့။
ဂျယ်ယွန်းက ကျွန်တော့်ထပ် ပိုစိတ်လှုပ်ရှားနေသလိုပဲ။ တော်ကြာ ကျွန်တော်ပြိုင်ပွဲထဲဝင်မပြိုင်လိုက်ရဘဲ ဂျယ်ယွန်း အမောဖောက်လို့ဆေးရုံလိုက်တင်ပေးနေရအုံးမယ်။ "

THE OTHER SIDE OF DEPRESSED GENERATION |sunjakeWhere stories live. Discover now