1 | 𝖴+ 𝖹 |

403 18 0
                                    

UNICODE

သည်းထန်စွာရွာနေသည့် မိုးသည် တိုက်ခန်းအတွင်းရှိ အမျိုးသားအား ‌လှောင်ရီနေသယောင်။မှောင်မဲနေသည့် ဧည့်ခန်းထဲရှိ ဆိုဖာပေါ်၌ ခေါင်းအုံးလေးကို ပိုက်ကာ ငိုနေသည့် အမျိုးသား။အဆက်မပြတ် ၀င်လာသည့် ဖုန်းကောလ်တွေက အမျိုးသား၏ ချစ်ရသူထံမှ။ညနေ ငါးနာရီထဲက ရွာသွန်းနေသည့် မိုးသည် ညတစ်ဆယ်နာရီသို့ ရောက်သည်အထိ အငြိုးကြီးစွာ ရွာသွန်းနေတုန်းဖြစ်သည်။
မတိတ်သေးသည့် မိုးတွေနှင့်အတူ တိုက်
ခန်းရှေ့၌ ဒူးထောက်လျက် ပေကပ်စွာထိုင်နေသည့် အမျိုးသားငယ်ကိုလည်း လျစ်
လျူရှုထားလိုက်သည်။

ငိုထားသည်မို့ အောင့်တက်လာသည့် မျက်လုံးတွေက ထပ်မငိုဖို့ရန် သတိပေးနေသယောင်။တစ်လျောက်လုံး ကာထားသည့် လိုက်ကာကို အနည်းငယ်ဆွဲကြည့်လိုက်တော့ မြင်လိုက်ရသည့် ပုံရိပ်ငယ်လေးကြောင့် ဝဲဘက်ရင်အုံက ထိန်းမရစွာ နာကျင်လာတော့သည်။အဲ့လောက်ထိ မမိုက်မဲစမ်းပါနဲ့ မောင်ရာ။

နောက်ဆုံးတော့ နှလုံးသားဆိုတာကြီးက အနိုင်ရသွားသည်ထင်ပါရဲ့။တင်းခံထားသည့်ကြားမှ တိုက်ခန်းထဲရှိ ထီးအနက်ရောင်လေးကို ယူ၍ အောက်ထပ်ကို သည်းကြီးမည်းကြီး ပြေးဆင်းမိ‌
တော့သည်။လှေကားထစ်တွေ ကျော်မိလားတောင် မသိတော့တဲ့ သူ့အခြေနေက မောင့်စီကိုပဲ စိတ်အစုံရောက်ရှိနေတာ သိသာပါသည်။

"မောင့်!"

ဟူဒီအနက်ရောင်ကို ၀တ်ထားသည့် မောင်က သူ့အသံကို ကြားသည်နှင့် ချက်ချင်းလှည့်ကြည့်လာသည်။မောင်က ကိုယ့်ကို အနုနည်းနဲ့ သတ်နေတာပါလား။

"အချစ်..."

နာရီပေါင်းများစွာ ဒူးထောက်ထားသည်မို့ နာကျင်နေသည့် ဒူးတွေက ဟန်မဆောင်နိုင်ဘဲ တုန်လာသည်မို့ မောင်ဟာ ခွေခနဲ။
သူလျင်မြန်စွာ မောင့်ကျောပြင်ကို လှမ်းဖက်လိုက်သည်။တော်ပါသေးရဲ့။မောင်က အောက်ကိုတော့ လဲမကျသွားခဲ့ဘူး။အင်း ထီးအနက်လေးကတော့ လမ်းမထက်မှာပေါ့လေ။

တင်းကျပ်လာသည့် ခါးတစ်နေရာက တဖြည်းဖြည်း အေးစက်‌လာပြီး အဆက်
မပြတ်ရွာနေသည့် မိုးတွေသည်လည်း သူ့ကိုယ်၌ ဖြာကျလျက်။မောင့်ခန္ဓာကိုယ်လေးကတော့ တုန်ရီနေသည်။ငိုနေပြန်ပြီ လား မောင်ရယ်။သူကတော့ ငိုလို့မဖြစ်။သူငိုလျှင် မောင်ဟာ သူ့စီက ခွာတော့မှာမဟုတ်သည်မို့။မောင်ဟာ သူ့ကြောင့် ပျက်စီးရလိမ့်မည်။

𝖠𝗉𝗈𝗅𝗈𝗀𝗒 [ 𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Where stories live. Discover now