10 | 𝖴+ 𝖹 |

69 8 0
                                    

UNICODE

ဒီနေ့က ဟာရူတို့ဖေဖေရဲ့ နှစ်ပတ်လည်။လွန်ခဲ့တဲ့ ငါးနှစ်က နှလုံးရောဂါနှင့် အိပ်ရာထဲမှာထာ၀ရအိပ်စက်သွားသည့် ဖေဖေက ဟာရူတိုတို့ မိသားစုကိုထားခဲ့တာ ယခုဆိုငါးနှစ်‌မျှတောင်ရှိပြီ။ဖေဖေ့ရဲ့ ဖြစ်ပါတယ်။သားလုပ်နိုင်ပါတယ်ဆိုတဲ့ အားပေးသံလေးတွေကို မကြားရတာ အင်မတန်ကြာလှပြီပေါ့။

အသိမိတ်ဆွေတွေနှင့် ထွေရာလေးပါးစကားပြောနေတဲ့ မေမေ့မျက်နှာ၌ အပြုံးလှလှလေးတွေက ပေါ်လွင်နေ၏။မမထားရစ်သွားတုန်းက shock ရသွားတဲ့‌ မေမေက ဖေဖေဆုံးတော့ တစ်ရက်မျှသာငိုသည်။ဒါလည်း ဟာရူတိုတို့ရှေ့၌သာ။အသည်းမာတဲ့ မိန်းမသားပီပီ အံကြိတ်ခံခဲ့ပြီး ၊ မင်္ဂလာဉီးအခန်းကျဉ်းလေးထဲမှာသာ မရေမတွက်နိုင်အောင် မေမေက ငိုဖူးသည်။

ဖေဖေ့အမျိုးနည်းနည်းနဲ့ မေမေ့အမျိုးအနည်းကျဉ်းလောက်သာ ကုသိုလ်ကောင်းမှုလုပ်ရန်လာကြသည်မို့ ဟာရူတိုတို့အိမ်က အရင်ကထက်စာရင် အသက်၀င်နေ၏။အမျိုးတွေကို ဆန့်ကျင်ခဲ့သူဖြစ်တဲ့ ဟာရူတိုကတော့ ခြံထဲက ပန်းခင်းဘေးမှာပဲ ထိုင်နေခဲ့သည်။

" ဟာရူ .. ? ။ အိမ်ထဲမှာ ၀င်မထိုင်ဘူးလား ? "

ကိုကိုက ဟာရူတို့ဘေးမှာ ၀င်ထိုင်ပြီးအမေးထုတ်၏။ဟာရူတိုက ခေါင်းခါသည်။အမျိုးတွေရဲ့ အချစ်တော်ဖြစ်နေပုံရတဲ့ ကိုကိုကတော့ နေရတာသက်သောင့်သက်သာရှိနေဟန် ၊ ပါးပြင်က အမြှောင်းလေးတွေပင် ပေါ်အောင်ပြုံးနေသည်။

" ကိုကို .. "

" ပြောလေ ဟာရူ "

" ကျွန်တော့် ဖေဖေနဲ့တွေ့ချင်လား ? "

မျက်၀န်းနက်တွေက တောက်ပလာပြီး ပါးစပ်ကလေးသည်လည်း ပွင့်ဟလို့သွားသည်။မျက်‌တောင်မခတ်ဘဲ အံ့ဩနေတဲ့ ကိုကို့ကြောင့် ဟာရူတို့မှာ ‌ရယ်ရခက်ငိုရခက်နှင့်။

" ဟင်လို့ ကိုကို ? "

" ဟင် အင်း ကိုယ်တွေ့ချင်ပါတယ် "

မျက်တောင်တွေကို ပေကလပ်ပေကလပ်လုပ်ပြီး လက်တွေကို ကုတ်ဖဲ့နေသူက အတော့်ကို စိတ်လှုပ်ရှားနေဟန်။ချစ်ဖို့ကောင်းလွန်းနေသူ ကိုကို့ကြောင့် ဟာရူတို့လက်တွေက ပိုးသားလေးလို နူးညံ့နေတဲ့ ဆံပင်တွေကို ညင်သာစွာထိုးဖွ‌မိတော့သည်။

𝖠𝗉𝗈𝗅𝗈𝗀𝗒 [ 𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Where stories live. Discover now