𝖳𝗁𝖾 𝖤𝗇𝖽 | 𝖴+ 𝖹 |

110 10 5
                                    

UNICODE

" မင်း နာမည်က .. ? "

ထိုကောင်လေးက သူ့အမေးကို အံ့ဩသွားခြင်းမရှိဘဲ ချိုမြိန်လှတဲ့ အပြုံးလေးဖြင့် သူ့ကိုယ်သူလက်ညှိုးထိုးကာ

" ဒီက ကိုကိုယွန်းဂျယ်ဟျော့ရဲ့ တစ်ဉီးတည်းသော ချစ်သူ ဖြစ်တဲ့ ကိုကို့အိမ်ထောင်ဖက် .. ဝါတာနာဘယ် ဟာရူတို "

" ဟမ် !? "

ခေါင်းတွေပင် ချာချာလည်သွားသလိုခံစားလိုက်ရပြီး သူ့မျက်၀န်းတွေက ပြူးကျယ်ကုန်ရသည်။သူက လက်ထက်ပြီးပြီပေါ့လေ !

" အရမ်းမတွေးပါနဲ့ဉီး .. ကိုကိုက အခုမှနိုးလာတာမို့ မောင့်ကိုမမှတ်မိသေးလည်း အဆင်ပြေပါတယ် "

" အ-အင်း .. ငါတောင်းပန်ပါတယ် .. အိမ်ထောင်ဖက်ကိုတောင် မမှတ်မိတော့လို့လေ ။ ဒါနဲ့ ငါ့နာမည်က ယွန်း ဂျယ် ဟျော့ ဟုတ်လား ? "

" ဟုတ်ပါတယ်ဗျ ။ ကိုကို့နာမည်အရင်းက ယွန်းဂျယ်ဟျော့ပါ .. ဒါပေမယ့် မောင်နဲ့လက်ထက်ပြီးတော့ ဝါတာနာဘယ်လ် ဂျယ်ဟျော့ ဖြစ်သွားရတယ်ဆိုပါတော့ "

ပျော်တတ်ပုံရတဲ့ ဂျယ်ဟျော့ရဲ့ အိမ်ထောင်ဖက်ဖြစ်တဲ့ ဟာရူတိုဆိုတဲ့ ကောင်လေးက ဂျယ်ဟျော့ကို အရင်ကတည်းက အရမ်းချစ်ခဲ့ပုံရသည်မှာ အကြည့်တွေက သက်သေဖြစ်မည်။

" ဟာရူတိုလို့ပဲခေါ်ရင်ရလား .. ဟို ‌မ-မောင်ဆိုတာကြီးကကြ "

" ရပါတယ်ဗျာ ကိုကိုအဆင်ပြေသလိုခေါ်ပါ "

ပါးကို အသာဆွဲဖဲ့ခံလိုက်ရတဲ့ အထိအတွေ့ကြောင့် သူ့မျက်နှာက ပူထူလာရသည်။ဒီအ‌ထိအတွေ့တွေကို သူခံစားမိသည်။ဒီကောင်လေးက တကယ်ပဲ သူချစ်ရတဲ့အိမ်ထောင်ဖက်ပဲထင်သည်။

ရှက်သွေးဖြာနေတဲ့ ကိုကို့ကြောင့် ဟာရူတိုလည်း ပျော်လာရသည်။ရှေ့လျှောက် ကျွန်တော်က ဟာရူတိုဆိုတဲ့နာမည်နဲ့ ပတ်ခ်ဂျောင်ဝူးနဲ့ ကိုကို့ရဲ့ မှတ်ဉာဏ်တွေထဲမှာ ပါ၀င်ဆင်နွှဲတော့မှာပါ ကိုကို။

နာ့(စ်)ခေါ်တဲ့ဘဲလ်ကိုတီးနှိပ်လိုက်ပြီး ဟာရူတို့ရဲ့ ဒရမ်မာတစ်ဖြတ်ကိုစရတော့သည်။တအောင့်အကြာမှာတော့ ‌‌ဒေါက်တာဟာမာဒါနဲ့ နာ့(စ်)တစ်ယောက် အပါ၀င် အစ်ကိုဒိုယောင်း၊ပတ်ခ်ဂျီဟွန်း နဲ့ ကင်မ်ဂျွန်ဂယူပါ ရောက်လာသည်။ဟာရူတိုစောင့်နေတာ ဒီအချိန်ကိုပေါ့။

You've reached the end of published parts.

⏰ Last updated: May 11 ⏰

Add this story to your Library to get notified about new parts!

𝖠𝗉𝗈𝗅𝗈𝗀𝗒 [ 𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Where stories live. Discover now