4 | 𝖴+ 𝖹 |

129 11 0
                                    

UNICODE

ဆေးရုံပြတင်းပေါက်မှန်ကို ကာရံထားသည့် လိုက်ကာမှတစ်ဆင့် ထိုးထွင်းကာ၀င်ရောက်လာသည့် နေရောင်ခြည်ဖျော့ဖျော့က ဆေးနံ့တွေလှိုင်လှိုင်ထနေသည့် အခန်းထဲကို အလင်းဖြန့်ကျက်လျက်ရှိသည်။

နဂိုကတည်းက အအိပ်မက်သူမဟုတ်သည်မို့ နေရောင်ထိလိုက်သည်နှင့် ဂျယ်ဟျော့‌က နိုးလာသည်။မျက်လုံးတွေဖွင့်လိုက်သည်နှင့် စီးကြိုနေသော ရင်းနှီးသည့် ရင်ဘတ်တစ်စုံကြောင့် ဂျယ်ဟျော့ အသက်ရှုအောင့်လိုက်မိ၏။တင်းကြပ်စွာ အဖက်ခံထားရတာမျိုး မဟုတ်ဘဲ လျော့ပေါ့စွာဖက်ထားသည်မို့ ဂျယ်ဟျော့‌ဖြေးညင်းစွာပင် ဂျောင်ဝူးဘေးမှ ဖယ်ခွာလိုက်သည်။

အေးချမ်းစွာအိပ်နေသည့် ကုတင်ပေါ်က ကောင်လေးကို ဂျယ်ဟျော့ တစ်ချက်လေးမှ လှည့်မကြည့်မိ၊အဲ့ဒီအစား မိမိ၏ ဖုန်းကိုသာ ယူလိုက်သည်။ဖုန်းဖွင့်လိုက်သည်
နှင့် lock screen မှာ "𝐇𝐚𝐫𝐮𝐭𝐨"ဆိုသည့် contact မှ noti ရှိနေကြောင်းမြင်လိုက်ရသည်။

ကျွန်တော် အခန်းရှေ့မှာရောက်နေပြီ

ကိုကို့စကားနားထောင်ပြီး မ၀င်လာခဲ့ဘူးနော်

ချစ်တယ်

၆:၁၅ ဆိုသည့် အချိန်ကြောင့် ဂျယ်ဟျော့မှာ မျက်လုံးတွေပင် ပြူးကျယ်သွားရ၏။အချိန်ကိုကြည့်လိုက်တော့ ၇:၂၈။ဘုရားရေ ၇နာရီခွဲဖို့ ၂မိနစ်ဘဲလိုတော့တာ။ဖုန်းကို အင်္ကျီအိတ်ထဲထည့်ရင်း ဂျယ်ဟျော့ ထိုအခန်းထဲမှ ထွက်သွားရန်ပြင်လိုက်သည်။ကိုယ်ထပ်ပြီး ခေါင်းမမာချင်တော့ဘူး ဂျောင်ဝူး။

"အချစ်..."

တိုးလျစွာထွက်လာသည့် ညီးသံလေးကြောင့် ဂျယ်ဟျော့၏ခန္ဓာကိုယ်က ကျောက်ရုပ်ပမာတောင့်ခနဲ။အသက်‌ကိုအောင့်ပြီး လျင်မြန်စွာနောက်ကိုလှည့်ကြည့်လိုက်ချိန်မှာတော့ ဂျောင်ဝူးက အိပ်ရင်း ယောင်နေတာဖြစ်သည်။ဂျယ်ဟျော့ သက်ပြင်းတောင်မချနိုင်ဘဲ အသက်‌ရှုအောင့်လျက်ဖြင့်သာ အခန်းပြင်ကို မြန်မြန်ထွက်လာခဲ့လိုက်၏။မဟုတ်ရင် သူရူးပြီး သေနိုင်လောက်တယ်။

"ကိုကို..."

‌ဩရှရှအသံနှင့်အတူ ဂျယ်ဟျော့မျက်စိရှေ့သို့ ရောက်လာသည့် ဝါတာနာဘယ်ဟာရူတို။မောဟိုက်နေသည့်အရှိန်ကြောင့် ဝါတာနာဘယ်၏ အခေါ်ကိုတောင် သူ့မှာပြန်ပြီး မထူးခဲ့မိဘဲ လေကိုသာ
အလုအယက်ရှု‌နေရသည်။

𝖠𝗉𝗈𝗅𝗈𝗀𝗒 [ 𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Where stories live. Discover now