3 | 𝖴+ 𝖹 |

118 10 0
                                    

UNICODE

ဆေးရုံရှေ့ကိုရောက်တော့ ဟာရူတို၏ ဆိုင်ကယ်ဟာ မရှိတော့၊ဆိုင်ကယ်အစား
အစ်ကိုဒိုယောင်း၏ ကားသာကျန်နေခဲ့သည်။ကားမှန်ရှေ့မှာ စာတစ်စောင်နှင့်အတူ ကားသော့ကို ကပ်ထားသည်မို့ ဟာရူတို ကားသော့ကို ဆွဲယူပြီး စာစောင်ကိုတော့ အရေးတယူမသိမ်းဖြစ်ခဲ့။ဒီလို ကပ်ပေးထားခဲ့ပုံအရ ယခုလေးတင်မှ ပြန်သွားတာဖြစ်ရမယ်။

"နောက်တစ်ခါကြရင် ‌ဂျောင်ဝူးရှေ့မှာ ပေါ်မလာပါနဲ့ ဝါတာနာဘယ်။ကိုယ်တောင်းဆို နေတာမို့...လိုက်လျောပေးစေချင်တယ်..."

ကားထဲကို ရောက်သည်နှင့် မျက်နှာထားတည်ဖြင့် အလေးအနက်ပြောလာသည့် ကိုကိုကြောင့် ဟာရူတိုမျက်နှာဟာလည်း တည်တင်းလို့သွားသည်။ကိုကိုက အတ္တကြီးလိုက်တာ။အင်း...အဲ့အတ္တကြီးတာလေးကိုပဲ ချစ်နေမိမှာတော့ ကျွန်တော့်အရှုံးပဲပေါ့ဗျာ။

"ကိုကိုလည်း သူ့စီကို မသွားပါနဲ့တော့...။
ကျွန်တော်က ကိုကို့ကို ချစ်လို့လက်ထက်ခဲ့တာလေ။ဒီလိုဆို ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဘာလုပ်မိမယ်မှန်း မပြောတတ်ဘူး"

ဟာရူတို့စကားကြောင့် ကိုကိုက သက်ပြင်း
ချသည်။ကိုကိုရဲ့ စာနာတတ်တဲ့ စိတ်ကလေးကိုပဲ အနိုင်ပိုင်းပါရစေ ကိုကို။

"ကိုယ့်ကြောင့်နဲ့ မင်းကိုယ်မင်းထိခိုက်အောင် မလုပ်ပါနဲ့ ဝါတာနာဘယ်။ဒါ ကိုယ် ပွင့်ပွင့်လင်းလင်းပြောပြတာပါ...ကိုယ် သူ့ကို မေ့ဖို့ကြိုးစားနေပါတယ်။မကြာခင် အဆက်အသွယ်ဖျက်တော့မှာပါ။အဲ့ကောင်လေးက အရမ်းဂျစ်လို့ ကိုယ်စိတ်မချနိုင်သေးလို့ပါ ဝါတာနာဘယ်"

ဟာရူတို ဖျော့တော့စွာရယ်သွမ်းလိုက်သည်။ကိုကိုရဲ့ ပွင့်လင်းတဲ့စကားကြီးကလည်း ကျွန်တော့်နှလုံးသားကို အနုနည်းနဲ့ သတ်နေသလိုပါပဲလား ကိုကိုရဲ့။ဒီကောင်က အလျှော့ပေးမှန်းသိလို့ ကိုကိုက အနိုင်ယူချင်နေတာများလား။

"မနက်ဖြန် ကျွန်တော်တို့ ဟန်းနီးမွန်းလေ...တစ်ပတ်ပဲမို့ သူ့ကို တစ်ပတ်ပဲ ကိုကို့ စိတ်ထဲက ထုတ်ထားပေးပါ"

ဝါတာနာဘယ်၏ ဖျော့တော့လှသည့် အသံလေးကြောင့် ဂျယ်ဟျော့ ထပ်မံ၍ သက်ပြင်းချလိုက်သည်။ယွန်းဂျယ်ဟျော့ဆိုတဲ့ သူဟာ ဘယ်နေရာများ ကောင်းမွန်နေတဲ့ ယောက်ျားဖြစ်လို့၊ဒီကောင်လေးတွေက အနာကျင်ခံပြီး ချစ်နေကြတာပါလိမ့်။

𝖠𝗉𝗈𝗅𝗈𝗀𝗒 [ 𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Where stories live. Discover now