7 | 𝖴+ 𝖹 |

118 10 4
                                    

UNICODE

နောက်တစ်နေ့တစ်နေကုန်လုံးကိုကိုနဲ့အတူ Nami Island မှာလျှောက်လည်ခဲ့ပြီး ယခုဆိုရင်ဖြင့် ဂျပန်ကိုသွားဖို့ရာ ပြင်ဆင်နေတာဖြစ်သည်။ဂျပန်မြေသည် ဟာရူတို၏ ဖေဖေ ခေါင်းချခဲ့သည့် နေရာဖြစ်ပြီး မကြာခင်ပဲ ဖေဖေ့၏ နှစ်ပတ်လည်ရောက်တော့မည်မို့ မေမေတို့လည်း ဂျပန်‌ကို ကြိုရောက်နေကြပြီ။ဟာရူတို့မိသားစုမှာ ဟာရူတိုအပါ၀င် မိသားစု၀င်ငါးယောက်ရှိပြီး ဖေဖေနဲ့မမကတော့ ကောင်းကင်မှာ ပြုံးရွှင်နေပုံရသည်။

"ဟာရူတို..ကောင်းကင်ကိုကြည့်ပြီး ဘာတွေတွေးမိလို့ ပြုံးနေတာလဲ။ဒိုယောင်းလည်း ရောက်နေပြီတဲ့ သွားကြတော့မလား"

ဘေး၌လာရပ်သည့် ကိုကို့ ကိုဟာရူတို ခေါင်းစောင်းကာလှည့်ကြည့်ရင်း ပြုံးပြမိသည်။နောက်ဆုံးတော့ ဟာရူတို့ဆုတောင်းတွေပြည့်သွားခဲ့ပါပြီ။မနက်မိုးလင်းတိုင်း ချစ်ရသူ၏မျက်နှာကို ကြည့်ပြီး ရှင်သန်ရတော့မည်။ဖေဖေနဲ့မမလည်း ဟာရူတို့အတွက် ပျော်လောက်မှာပါလေ။

"အင်း သွားကြရအောင် ကိုကို"

ကိုကို၏ လက်ချောင်းသွယ်သွယ်လေးတွေကို ဆုပ်ကိုင်ရင်း ဟာရူတို လေယာဉ်ပေါ်တက်လာခဲ့သည်။လေယာဉ်ကခုမှစပြီး ထွက်ခွာသော်လည်း အစ်ကိုဒိုယောင်းကတော့ eyes mask တပ်ပြီး အိပ်တောင်နေပြီ။
စုံစမ်းထားမှုတွေအရ ဟာရူတို၏ ကိုကိုဟာ လေယာဉ်စီးလျှင် မူးတတ်သည်တဲ့။မိမိ ပုခုံးပေါ်မှီကာ ငြိမ်သက်နေသည့် ကိုကို၏ ဆံနွယ်တွေကို ဟာရူတို အသာယာဖိကပ်နမ်းလိုက်ရင်း-

"မူးနေတာလား ကိုကို။ရှူဆေး ရှူမလား"

"ကိုယ်အဆင်ပြေပါတယ်..ခနလောက်အိပ်လိုက်ရင် ရပါတယ်"

ပုခုံးပေါ်မှီကာ အိပ်စက်နေသည့် ကိုကို့ ကို ကြည့်ရင်း ဟာရူတိုမှာ မျက်ရည်တွေဝဲလာရပြန်သည်။ဂျပန်ရောက်လျှင် ဘုရားကျောင်းသွားကာ တစ်ကိုယ်
ကောင်းဆန်စွာ ဆုတောင်းဉီးမည်။ပတ်ခ်ဂျောင်ဝူး ဘယ်တော့မှ ကိုကို့စီ ကိုပြန်မလာပါစေနဲ့။

ဖူကူအိုကာကိုရောက်တော့ အချိန်က နေတောင်၀င်‌တော့မည်။နှစ်တွေအများကြီး စွန့်ခွာခဲ့ရသည့်မြေကို ဟာရူတို ပထမဆုံးအကြိမ်မြောက် ချစ်ရသူနှင့်အတူ ခြေချဖူးခဲ့ပြီ။အိမ်အပေါက်၀၌ ရပ်စောင့်နေသည့် မေမေနှင့် အိုင်းရီက ဟာရူတို့ကို တွေ့သည်နှင့် ဖက်ကြသည်။ပြီးနောက် ကိုကို့ ကိုလည်း ‌မမေ့မလျှော့ဖက်ကြပါသေးသည်။အစ်ကိုဒိုယောင်းကတော့ မမရဲ့ အုတ်ဂူစီသွားဉီးမယ်ဟုဆိုကာ ဟာရူတိုတို့နှင့်အတူ လိုက်မလာခဲ့ပေ။

𝖠𝗉𝗈𝗅𝗈𝗀𝗒 [ 𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Where stories live. Discover now