12 | 𝖴+ 𝖹 |

60 10 5
                                    

UNICODE

ခြောက်နာရီကြာအောင် လေယာဉ်စီးရမယ်ကို တွေးမိတော့ ဟာရူတိုသက်ပြင်းချမိသည်။ပြဿနာတစ်ခုက ရှင်းသွားပြီဖြစ်ပေမယ့် ချစ်ရသူက ခုထိ သတိမလည်လာသေးဘူးဆိုတဲ့ သတင်းကြောင့် ထင်သလောက်တော့ ၀မ်းသာနေတာမျိုးမရှိ။သုံးရက်နီးပါးမအိပ်ရသေးဘူးမို့ ဟာရူတို့ခန္ဓာကိုယ်က နုန်းနေရပြီ။မျက်လုံးတွေကို ဖြေးညင်းစွာမှိတ်ချလိုက်ပြီးနောက် အတွေးတွေက လွန်ခဲ့တဲ့က ‌နှစ်ရက်ကနေ့စီသို့။

" သခင်မကြီးက သခင်လေးစီသွားတာမို့ မရှိပါဘူး ! "

ခြံစောင့်ရဲ့ အော်သံကြောင့် ခုနကထိ ရှူးရှူးရှားရှားဖြစ်ကာ ဒေါသထွက်နေတဲ့ ဟာရူတိုက ငြိမ်သက်သွားသည်။ခြံစောင့်အဘိုးကြီးကို မျက်နှာသေဖြင့် တစ်ချက်ကြည့်ကာ

" ပတ်ခ် ဂျောင် ဝူးက မ သေ သေး ဘူး ပေါ့လေ ? "

ယခုမှ ခြံစောင့်အဘိုးကြီးက အံ့ဩသွားကာ ခေါင်းကိုအတွင်တွင်ခါပြီး

" သ-သခင်လေးဆိုတာက ဟို သခင်လေး ပတ်ခ် .. မ-မဟုတ်ပါဘူး ! ။ ကျွန်တော် စကားမှားတာပါ "

" hkk .. လိမ်တာညံ့တယ် "

ပါးစောင်ကို လျှာဖြင့်ထိုးပြီး ကျက်သိမ်းထဖွယ်လှောင်ရယ်သံနဲ့ မျက်စိရှေ့ကလူကို ခြောက်လန့်နေသူက တစ်လျှောက်လုံး တပ်ဆင်ထားတဲ့ မျက်နှာဖုံးချွတ်လိုက်ဟန် ကြောက်မက်ဖွယ်ကောင်းနေသည်။

" လိပ်စာပြော "

" ပြော-ပြောလို့မရလို့ပါ တောင်းပန်ပါတယ် အစ်ကိုလေး "

ထိုင်ရှိခိုးတော့မတတ် တောင်းပန်နေသော ခြံစောင့်ကိုကြည့်ပြီး ဟာရူတိုစိတ်ပျက်မိသည်။ဟာရူတိုက သနားတတ်တဲ့ လူစားထဲကလို့များ ဒီအဘိုးကြီး တွေးနေလေသလား။

" အင်း ရတယ်လေ ။ ငါ့ဘက်က တထစ်လျှော့ပေးမယ် .. ငါစောင့်နေပေးမှာမို့ မင်းရဲ့ သခင်မကိုသာ အမြန်ဖုန်းဆက်လိုက် "

လုံးထွေးနေခြင်းမရှိဘဲ ပြတ်သားရှင်းလင်းကာ ဩဇာပြည့်၀လှတဲ့ အသံဟာ ခြံစောင့်ရာထူးလောက်သာရှိတဲ့လူမပြောနဲ့ ၊ ထိုအိမ်ရဲ့ပိုင်ရှင်ကိုတောင် မြေပေါ်ပျားပျား၀ပ်သွားအောင် လုပ်ပေးနိုင်သည်။

𝖠𝗉𝗈𝗅𝗈𝗀𝗒 [ 𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Where stories live. Discover now