6 | 𝖴+ 𝖹 |

106 10 3
                                    

UNICODE

ထိုနေ့က ဟာရူတိုကိုယ်တိုင်ပဲ ကိုကို့၏ သူငယ်ချင်း ကင်မ်ဂျွန်ဂယူနဲ့ ပတ်ခ်ဂျီဟွန်းကို ဖုန်းဆက်ခေါ်ခဲ့သည်။သူတို့မလာခင်အထိ ကိုကိုနဲ့ ဟာရူတို့ကြားရှိလေထုဟာ အေးစက်ခြောက်ကပ်နေဆဲ။သူတို့လာတော့လည်း ဟာရူတိုကပဲဉီးစွာရှောင်ပြေးခဲ့မိသည်။

ညပိုင်းရောက်သည်နှင့် ဒီဇင်ဘာလရဲ့ အအေးဓာတ်ကပြောမပြတတ်အောင် အေးသော်လည်း ဟာရူတိုကတော့ မမှုချေ။လူခြေတိတ်နေသည့် တံတားပေါ်၌ တစ်ယောက်တည်းပစ်စလက်ခတ် ထိုင်ချလိုက်ပြီး လေ‌ပူတွေကို မှုတ်ထုတ်လိုက်သည်။

စချစ်ခဲ့သူဟာ ဟာရူတိုဖြစ်သလို ဆက်မချစ်ပြနိုင်တော့တဲ့ သူဟာလည်း ဟာရူတိုပါပဲ။ဒီလောက်တောင်ကြိုးစားခဲ့ပြီးမှ ဘာလို့လွယ်လွယ်နဲ့လက်လွှတ်လိုက်တာလဲလို့ မေးရင် အဖြေဟာရိုးရှင်းသည်။ကိုကို ဒီလိုပုံစံနဲ့ အသက်ဆက်ရှင်နေမှာကို မလိုလားတော့ဘူး၊အဲ့အစား အရင်ကလိုပဲ အမြဲပြုံးရွှင်နေတဲ့မျက်နှာလေးနဲ့ ကိုကိုက ချစ်ရတဲ့ လူလက်ကိုတွဲပြီး ဘ၀ကို ဖြတ်သန်းတာကိုပဲ နာကျင်စွာကြည့်နေလိုက်တော့မည်။

“ရူတို..”

“အစ်ကို”

မျက်ရည်အရွဲသားနှင့် အစ်ကိုဒိုယောင်းက ဟာရူတို၏ ရှေ့၌ရပ်နေသည်။အမြဲတမ်း ဟာရူတို့ဘေးမှာ ရှိနေပေးတဲ့ အစ်ကိုဒိုယောင်းက ဆုံးပါးသွားတဲ့ ဟာရူတို့အစ်မ၏ ကောင်လေး။အစ်ကိုအရင်းအလား ဟာရူတို့အကြောင်းကို ခရေစေ့တွင်းကျသိသည့် အစ်ကိုဒိုယောင်းဟာ ဟာရူတို့အတွက်တော့ ဘုရား‌ကပေးတဲ့ ဆုလာဒ်ပါပဲ။

“မင်းဒီလိုဖြစ်နေတာကို..မင်း မာမီ၊ မင်းညီမလေး၊ပြီးတော့..တမလွန်က မင်းအစ်မသိရင် ဘယ်လိုခံစားရမယ်ထင်လဲ ရူတို”

ဟာရူတိုဘက်က တုန့်ပြန်သံဟာ ထွက်မလာခဲ့။ဟာရူတိုက ရှိုက်ကြီးတငင်ငိုသည်။

“ရူတိုရား..အစ်ကိုရှိတာမို့ ငိုလိုက်ပါ။အစ်ကို မင်းဘေးမှာရှိပါတယ်”

ထိုင်ချလိုက်သည့် အစ်ကိုဒိုယောင်းက ဟာရူတို့ကို ဖက်‌ပြီး ကျောကိုပွတ်ကာနှစ်သိမ့်ပေးသည်။ဘယ်ဘ၀တုန်းကများ ကျွန်တော်ဘက်က ကိုကိုမကြိုက်တာတွေ လုပ်ခဲ့လို့များလဲ။ဘာလို့ ကျွန်တော့်ကို ပြန်မချစ်နိုင်ရတာလဲ။တဆစ်ဆစ်ကိုက်ခဲလာသည့် ဉီးခေါင်းကြောင့် ဟာရူတို၏
မျက်၀န်းတွေဟာ မှိတ်ကျသွားခဲ့၏။

𝖠𝗉𝗈𝗅𝗈𝗀𝗒 [ 𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Where stories live. Discover now