𝐼 𝑇ℎ𝑖𝑛𝑘 𝐻𝑒 𝐾𝑛𝑜𝑤𝑠

495 48 1
                                    

Hyunjin ဆွဲလက်စပန်ချီကားကိုရပ်ကာအိပ်ယာပေါ်တွင်လှဲပြီးမျက်နှာကျက်ကိုငေးကြည့်နေမိသည်။

Hwang အိမ်တော်ရဲ့တစ်ခုထဲသောအစဉ်အလာကိုဖောက်ဖျက်မိမလိုဖြစ်နေခြင်းကြောင့်စိတ်ထဲတွင်အပြစ်ရှိနေသလိုဖြစ်နေသော်လည်း နှလုံးသားကတော့ရူးမိုက်စွာဆက်လက်ခုန်နေလေသည်။

Hwang တော်၀င်မျိုးနွယ်များတွင်တူညီသောအချက်တစ်ခုရှိလေသည်။ ထိုအရာမှာမျိုးဆက်တိုင်းသည် လူကြီးများစီစဉ်သည့်သူများနှင့်သာလက်ထပ်ခဲ့ကြခြင်းပင်ဖြစ်သည်။

Hwang မျိုးရိုးတစ်ချို့ကလည်းတစ်ဖက်သူအား အာဏာကြောင့်လက်ခံတာဖြစ်ပြီး တစ်ချို့ကျတော့လည်းရုပ်ရည်ကြောင့်လက်ခံတာဖြစ်ကာ တစ်ချို့ကျတော့လည်းဘာရယ်မဟုတ်ဒီတိုင်းလက်ခံလိုက်ကြခြင်းဖြစ်သည်။

ဘာကြောင့်လက်ခံတာဖြစ်ဖြစ် နောက်ဆုံးတွင်တူညီသည့် လူကြီးများနေရာချပေးခြင်းကိုသာလက်ခံခဲ့ကြခြင်းဖြစ်လေသည်။

မျိုးဆက်တစ်ခုလုံးသည်လူသားမဆန်စွာချောမောလှပသော်လည်း အချစ်ဆိုသည်ကားမထိတွေ့ရခြင်းဆိုသည့်ကျိန်စာမိနေလေသည်လားဟူသည့်ဝေဖန်ခြင်းကိုပင်ခံရလေသည်။

Hyunjin ကတော့ဒီလိုမဟုတ်ပေ Hwang မျိုးနွယ်ရှိတစ်ခြားသူများနှင့်မတူ ရင်လည်းခုန်တတ်သလို ချစ်လည်းချစ်တတ်လေသည်။

ထိုသို့ဖြစ်နေကြောင်းကိုလည်းလွန်ခဲ့သည့်တစ်ပတ်ကသာစသိခဲ့သည်ဖြစ်လေကာ ရင်ခုန်မိသည်မှာလည်းကောင်လေးတစ်ယောက်ကိုဖြစ်သည်။

ကောင်လေးမှာလည်းရိုးရိုးကောင်လေးမဟုတ် Hyunjin ၏ကျောင်းမှကျောင်းသားများအားကျောင်းရှေ့ထိလာရောက်စိန်ခေါ်သည့် ခပ်ဆိုးဆိုးကောင်လေးများအဖွဲ့၏ခေါင်းဆောင်ဖြစ်လေသည်။

ဘယ်သူကထင်မိမှာလဲ သူတို့ကျောင်းရှေ့ကရန်ပွဲအပြီး သူ့နှလုံးသားကလည်းရန်ပွဲမှာနိုင်သွားတဲ့ အဲ့ဒီခေါင်းပြာလေးနောက်ကိုဆုကြေးအဖြစ်ပါသွားတယ်ဆိုတာကိုလေ။

𓆝 𓆟 𓆞 𓆝⭒˚。⋆

ဒီနေ့လည်းဘ၀ပေးတာ၀န်အရအိမ်မှကျောင်းသို့စောစောထွက်လာကာထိုကောင်လေး၏ကျောင်းရှေ့သို့မရောက်ရောက်အောင်သွားချောင်းကြည့်ဦးမည်ပင်။

𝑃𝑙𝑜𝑡 𝑇𝑤𝑖𝑠𝑡 Where stories live. Discover now