ရာသီတွေအလီလီပြောင်းပြီးနောက် နှစ်ယောက်တူတူရှိတဲ့စတုတ္ထမြောက်နွေဦးမှာ Hyunjin တို့လက်ထပ်ဖို့စီစဉ်ထားတာဖြစ်တယ်။
မိုးရာသီကတစ်ရက်တစ်ရက်ကုန်ဆုံးလာခဲ့ပြီးနောက်ဆောင်းရာသီရဲ့ပထမဆုံးရက်မှာ Hyunjin နဲ့ Felix တို့လက်ချင်းတွဲကာ Minho တို့ရဲ့မဂ်လာပွဲကိုဦးတည်နေကြလေရဲ့။
မဂ်လာဆောင်အထမြောက်သွားပြီးတဲ့နောက်သတို့သားကပန်းစည်းပစ်တော့ရှေ့ဆုံးမှပြေးလုသူမှာ Felix သာဖြစ်လေသည်။
ချစ်ဖို့ကောင်းတဲ့ချစ်သူလေးရဲ့အပြုအမူတွေကိုမလှမ်းမကမ်းမှကြည့်ကာရယ်မောနေသူမှာတော့ Hyunjin ပေါ့လေ။
Hyunjin အဝေးကနေကောင်လေးကိုငေးကြည့်နေရင်း စစတွေ့ခဲ့တဲ့အချိန်တွေဆီကိုအလည်သွားလိုက်တယ်။
ပထမဆုံးတွေ့ဆုံတဲ့နေ့၊ပထမဆုံးအနမ်းကိုပေးတဲ့နေ့၊ပထမဆုံးကျောင်းပြေးတဲ့နေ့ကအစ၊ပထမဆုံးသူ့အိမ်ကိုခေါ်လာဖူးတဲ့သူကလည်းဒီကောင်လေးပဲလေ။
ပထမဆုံးတူတူဖြတ်သန်းခဲ့တဲ့ညကအမူအရာလေးတွေအထိပါခေါင်းထဲမှာမှတ်တမ်းတင်ပြီးသိမ်းထားခဲ့တယ်ဆိုတာသာသိရင်အနှီကောင်လေးရှက်နေတော့မလား။
စချစ်မိတဲ့နေ့ကစပြီး ပန်းချီကားပေါ်ရေးဆွဲသမျှဟာလည်းဒီကောင်လေးနဲ့ပတ်သတ်တာတွေချည်းဖြစ်ခဲ့ကာ ပထမဆုံး ဘယ်ဘက်ရင်အုံက Tattoo ဟာလည်းထိုကောင်လေးရဲ့အမည်နာမ်မလေးပဲဖြစ်ခဲ့တာလေ။
ဒီထက်ပိုအံ့ဩမိတာကသူ့ရဲ့ပထမဆုံးတွေချည်းကိုသာရခဲ့တဲ့ထိုကောင်လေးနဲ့တူတူ ပထမဆုံးအကြိမ်မျိုးရိုးစဉ်ဆက်အစဉ်အလာကိုလည်းဖောက်ဖျက်တော့မှာကြောင့်ပင်။
"ကိုကို ကိုကို ကျွန်တော်ပန်းစည်းရလာတယ်!!!"
အဝေးမှာကတည်းကအော်ကာသူ့ဆီပြေးလာတဲ့ကောင်လေးကြောင့်အသိပြန်၀င်လာကာလက်ထဲအတင်းထိုးပေးလာတဲ့ပန်းစည်းကိုလည်းယူလိုက်ရသေးသည်။
"ကိုကိုက ပန်းစည်းကိုင်ထားရင်ကြည့်ကောင်းတယ်"
ခေါင်းကိုကုပ်ကာရယ်ရင်းပြောလာတဲ့ပေါက်စလေးဟာဘယ်လိုတောင်အသဲယားစရာကောင်းတာပါလိမ့်။
YOU ARE READING
𝑃𝑙𝑜𝑡 𝑇𝑤𝑖𝑠𝑡
Romance"ကိုယ့်ဘ၀ကပျင်းစရာကောင်းတဲ့ရုပ်ရှင်တစ်ခုသာဆိုရင်မင်းလေးနဲ့တွေ့ဆုံခဲ့ခြင်းကကိုယ့်ဘ၀ကိုလှပစေမယ့်ဇာတ်လမ်းလှည့်ကွက်လေးတစ်ခုပဲ" - Hyunjin "ခင်ဗျားကတော့ကျွန်တော့်ရဲ့သွေးထွက်သံယိုအက်ရှင်ဇာတ်လမ်းတွဲထဲက Romance ချိုချိုလေးပေါ့" - Felix