𝐼 𝐷𝑜𝑛'𝑡 𝑆𝑒𝑒 𝑁𝑜𝑏𝑜𝑑𝑦 𝑏𝑢𝑡 𝑌𝑜𝑢

311 32 3
                                    

Hyunjin ဆေးခန်းအတင်းမသွားဘူးလုပ်နေတဲ့လူမိုက်လေးကိုအိမ်ကိုခေါ်လာလိုက်ကာအိမ်မှာပဲဆေးထည့်ပေးဖို့လုပ်လိုက်သည်။

အိမ်ထဲသို့အ၀င်လမ်းတွင် England မှအစောင့်များကိုတွေ့တာကြောင့် Hyunjin အလိုမကျစုတ်တစ်ချက်သပ်လိုက်သည်။

"ဘာဖြစ်လို့လဲ ကိုကို"

"ဘာမှမဖြစ်ဘူး Lix လာအထဲ၀င်ရအောင်"

Felix ရဲ့လက်ကိုဆွဲလိုက်ပြီးဧည့်ခန်းထဲသို့၀င်သွားလိုက်ရာ England မှလူအချို့ရောက်နေတာကိုတွေ့လိုက်ရပြီး ထိုအထဲတွင်သူနဲ့လမ်း‌ကြောင်းထားသော မိန်းကလေးကိုပါတွေ့လိုက်ရသည်။

Felix ကလည်းမအူမလည်ဖြင့်အကုန်လုံးကိုလိုက်ကြည့်နေလိုက်ကာပြန်ထွက်သွားရမလိုဆက်ပဲရပ်နေရမလိုဖြစ်နေလေသည်။

"အော် သားပြန်လာပြီလား Felix‌လေးလည်းပါလာတာပဲ"

မားမား Hwang ၏အပြောကြောင့်ဧည့်ခန်းထဲတွင်ရှိနေသောမယ်မယ်ကြီးမှာ Felix အားတစ်ချက်လှမ်းကြည့်ကာခေါင်းစခြေဆုံးကြည့်ပြီးအကဲဖြတ်ကာနှာခေါင်းရှုံ့လိုက်လေသည်။

"လာထိုင်ကြလေ"

Sofa အလွတ်တွင်ထိုင်ရန်ပြင်နေသော Hyunjin အားမယ်မယ်ကြီးမှလှမ်းပြောလိုက်လေသည်။

"သွား Ella ဘေးမှာသွားထိုင်လိုက် Hyunjin"

Hyunjin လည်းအကြီးအကဲရဲ့စကားဖြစ်တာကြောင့်မတတ်သာတော့ပဲ Ella ၏ဘေးတွင်၀င်ထိုင်လိုက်ရသည်။

Hwang မားမားလည်း Felix ကိုအားငယ်နေမည်စိုး၍လှမ်းကြည့်လိုက်ရာမထင်မှတ်ထားတဲ့အပြုအမူကြောင့်နှုတ်ခမ်းထောင့်စွန်းလေးများအပေါ်သို့ကွေးတက်သွားရသည်။

အကြောင်းမှာ Felix ကလည်း Hyunjin နှင့် Ella တို့နှစ်ယောက်ကြားတွင်၀င်ထိုင်လိုက်ခြင်းကြောင့်ဖြစ်လေသည်။

မိသားစု Sofa ဖြစ်တာကြောင့်လူသုံးယောက်ထိုင်နေတာတောင်အကျယ်ကြီးဖြစ်နေပေမယ့် Felix မှာတော့ Hyunjin ဘေးနားသို့တမင်တိုးကပ်ကာထိုင်နေသည်ပင်။

"မင်းသားအငယ်လေးရှိနေတာ အခုမှ Ella သိတာပဲ အစ်ကိုကိုအရမ်းကပ်တာပဲနော်"

𝑃𝑙𝑜𝑡 𝑇𝑤𝑖𝑠𝑡 Where stories live. Discover now