အာဏာသုံးရတာမကြိုက်တဲ့ Hyunjin က ဒီကောင်လေးနဲ့ကျမှပထမဆုံးထုတ်သုံးမိခြင်းဖြစ်သည်။ မတတ်နိုင်ဘူး ကလိမ်ကကျစ်လုပ်တဲ့အပြင်ချစ်တဲ့သူကိုပါလာထိတာကတော့ သည်းမခံနိုင်ပေ။
ဒီမနက် Felix ကျောင်းရှေ့တွင်မရှိချေ။ မနေ့ကဒဏ်ရာကြောင့်ဖျားနေမည်ထင်ကာစိတ်ပူ၍ဖုန်းဆက်သော်လည်းသူ့ဖုန်းကိုမကိုင်ပေ။ အနှီကောင်လေးအားHyunjinမတွေ့ရတာကြောင့်မအီမသာဖြင့်ပင်အတန်းပြတင်းပေါက်ကနေအပြင်ကိုငေးနေမိသည်။
ကျောင်း၀န်းအပြင်ကိုငေးရင်းသူတို့ကျောင်းဆီသို့ဦးတည်လာနေသောခေါင်းပြာပြာလေးကိုလှမ်းမြင်လိုက်သည့်တစ်ခဏ Hyunjin ချက်ချင်းထထိုင်လိုက်မိသည်။
"Hyunjin ! ဘာဖြစ်တာလဲ ပြန်ထိုင်စမ်း!!"
"တောင်း...တောင်းပန်ပါတယ် ဆရာမ"
Hyunjin ဆရာမဆီမှာဆူခံလိုက်ရသည့်တိုင်မျက်လုံးများကကျောင်းတံခါးအပြင်တွင်မတ်တပ်ရပ်နေသော Felix ဆီကိုသာရောက်နေသည်။
နေ့လည်စာ Break Time အချိန် Bell တီးတာနှင့် Hyunjin ကမန်းကတန်းအောက်သို့ပြေးဆင်းသွားသည်မှာ ရည်းစားလာတွေ့သည်ကိုရင်ခုန်နေသော 16 နှစ်အရွယ်ကောင်မလေးအတိုင်းပင်ဖြစ်သည်။
"Felix...!"
"ဘယ်မှာလဲအဲ့ဒီကောင်တွေ"
"ဟမ်?"
"ဖုန်းဆက်လို့လာတာလေ"
သူကစိတ်ပူ၍ဖုန်းဆက်သည်ကိုအနိုင်ကျင့်ခံရသည်ထင်ကာအပြေးရောက်လာသော Felix ပါလေ။
"အဲ့ဒါကနေမကောင်းဖြစ်နေပြီလားလို့ စိတ်ပူလို့လှမ်းဆက်တာ"
"ကျွန်တော်ကအတန်းထဲကခိုးထွက်လာတာကို"
"တောင်းပန်..."
"တောင်းပန်တာကဝါးစားလို့မရတာမို့လို့ အလုပ်နဲ့သက်သေပြစမ်းပါ"
"ကိုယ်ဘယ်လို..."
"ကျွန်တော်နဲ့တူတူအတန်းလစ်ပါ Hwang Hyunjin"
"Hyunjin !! တံခါးနားမှာဘာလုပ်နေတာလဲ ပြန်လာခဲ့!!!"
ကျောင်းထဲရှိဆရာမတစ်ယောက်ကသူ့အားလှမ်းအော်ကာ သူ့ဆီသို့ဦးတည်လျှောက်လာလေသည်။
YOU ARE READING
𝑃𝑙𝑜𝑡 𝑇𝑤𝑖𝑠𝑡
Romance"ကိုယ့်ဘ၀ကပျင်းစရာကောင်းတဲ့ရုပ်ရှင်တစ်ခုသာဆိုရင်မင်းလေးနဲ့တွေ့ဆုံခဲ့ခြင်းကကိုယ့်ဘ၀ကိုလှပစေမယ့်ဇာတ်လမ်းလှည့်ကွက်လေးတစ်ခုပဲ" - Hyunjin "ခင်ဗျားကတော့ကျွန်တော့်ရဲ့သွေးထွက်သံယိုအက်ရှင်ဇာတ်လမ်းတွဲထဲက Romance ချိုချိုလေးပေါ့" - Felix