𝑊ℎ𝑒𝑛 𝐻𝑒 𝐽𝑒𝑎𝑙𝑜𝑢𝑠

328 32 8
                                    

ဆရာမတွေ့ရှေ့တင်ကျောင်းကိုပေါ်တင်ပြေးခြင်းရဲ့ရလဒ်အဖြစ်ကြိမ်ဒဏ် 50 ကိုအီစိမ့်နေအောင်ခံစားလိုက်ရသော်လည်း Hyunjin မှာအရယ်မပျက်ပြုံးပြုံးကြီးပင်အိပ်ယာပေါ်တွင်လှဲနေလေသည်။

မြင်မြင်ချင်းအများကြီးသဘောကျခဲ့ရတဲ့ကောင်လေးနဲ့ချစ်သူတွေဖြစ်သွားပြီဆိုတဲ့အသိက Hyunjin ရဲ့ရင်ဘတ်ကိုလျှစ်စစ်ရှောခ်တိုက်ခံလိုက်ရသလိုတွေးမိတိုင်းပြုံးမိရုံကလွဲပြီးဘာမှမတတ်နိုင်ပေ။

အိမ်တော်ကလူတွေကလည်းသူ့အားကွက်ကြည့်ကွက်ကြည့်ဖြင့်မသိမသာလာလာကြည့်နေကြသေးသည်။ အင်းပေါ့လေ...အချစ်ဆိုတာဘာမှန်းမသိတဲ့သူတွေဆိုတော့လည်းဂရုစိုက်မနေတော့ပဲလွှတ်ထားပေးလိုက်ပါ့မယ်။

Ring....Ring...Ring

ဖုန်းပေါ်ကတစ်ခုတည်းသောအမည်နာမလေးကြောင့် Hyunjin ဖုန်းကိုအလျှင်အမြန်ကောက်ကိုင်ကာဖြေလိုက်သည်။

"Hello ... ကိုကို"

အပြစ်ရှိသလိုအသံလေးဖြင့်သူ့အားခေါ်လာသော Felix မှာအလွန်ပင်ချစ်စရာကောင်းပါသည်။

"ကြိမ်ဒဏ်ပေးခံရတယ်ဆိုလို့ အရမ်းနာနေလားဟင်?"

"အင်း......အား....ကျွတ်ကျွတ် အရမ်းနာတာပဲ Babyရာ"

Hyunjin အပိုလုပ်ကာအသံထွက်ပြလိုက်တော့ကောင်လေးကစိုးရိမ်နေသောလေသံဖြင့်...

"အများကြီးနာနေလားဟင် ကျွန်တော်‌ဆေး၀ယ်ပြီးလာခဲ့ရမလားဟင် ကိုကို!?"

"အော် မေ့လို့ အိမ်တော်မှာဆေးရှိမှာပေါ့ မလာတော့ပါဘူး ဆေးသေချာလိမ်းထားနော်"

တစ်ယောက်ထဲပြာယာခတ်နေတဲ့ချစ်သူလေးကိုထပ်မစချင်တာကြောင့် Hyunjin ကပဲစကားဖြတ်ပြောလိုက်သည်။

"Lix ... Lix ကိုယ်ဘာမှမဖြစ်ပါဘူး စိတ်မပူနဲ့နော် ကိုယ်တကယ်ဘာမှမဖြစ်တာ... နော်"

"ဆေးသေချာလိမ်းထားနော် ကြားလား မနက်ဖြန်ကျကျွန်တော်နဲ့တွေ့ရဦးမယ်လေ"

"ဟုတ်ပါပြီ ပေါက်စလေးရာ ကိုယ်ဂရုစိုက်ပါ့မယ်"

"ကိုယ့်ကောင်လေးကချစ်ဖို့အရမ်းကောင်းတာပဲကွာ ချစ်လွန်းလို့ပါးစပ်ထဲထည့်ငုံထားချင်လိုက်တာ"

𝑃𝑙𝑜𝑡 𝑇𝑤𝑖𝑠𝑡 Where stories live. Discover now