Hyunjin ရဲ့အိမ်မှာတစ်ညတည်းပြီးနောက်နေ့မနက်ကျ တူတူပဲကျောင်းကိုသွားလိုက်ကြတယ်။ Hyunjin ကပကာသနတွေမကြိုက်တဲ့အပြင်ကျောင်းကနေအိမ်ကိုလည်း Busကားစီးပြီးသာသွားတာကြောင့် Felix နည်းနည်းစိတ်သက်သာရာရတယ်ပြောရမလား။
Bus ကားဂိတ်ကနေကျောင်းကိုသွားတဲ့လမ်းတစ်လျှောက်လည်းထွေထွေထူးထူးဘာမှမပြောဖြစ်ကြပေမယ့် နှစ်ယောက်လုံးရင်ထဲမှာတော့ပန်းတွေပွင့်နေတယ်ဆိုတာကို အိမ်ကနေအခုချိန်အထိမြဲမြံ့စွာတွဲထားတဲ့လက်တွေကသက်သေပါပဲ။
"Lix"
"ကိုကို"
သံပြိုင်ထွက်သွားတဲ့ခေါ်သံနှစ်ခုကြားထဲမှာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာရယ်မိကြတယ်။
"Lix အရင်ပြော"
"ညနေကျရင် ကျွန်တော်ကိုကိုကျောင်းနားက Mini Mark မှာအချိန်ပိုင်းလုပ်မလို့"
"ကိုယ်ကျောင်းရှေ့မှာစောင့်နေမယ် ကိုယ့်ဆီကို၀င်ပြီးမှကိုယ်နဲ့တူတူသွားရအောင်"
"အင်း ဒါပေမယ့်ကိုကိုဆိုင်ထဲလိုက်မ၀င်ရဘူးနော်"
"ဟော ဘာလို့လဲ Baby ရဲ့"
"Hwang မျိုးရိုးကိုမသိတဲ့လူမရှိလို့လေ ကိုကိုနဲ့တူတူသွားရင် ကိုကို့မျက်နှာနဲ့ကျွန်တော့်ကိုမျက်နှာချိုသွေးကြမှာ"
"အမြဲသူတို့ကကောင်းပေးနေတော့ဘယ်အဆင်ပြေမလဲ ကျွန်တော်ကတစ်ခါတစ်လေလည်းရန်ဖြစ်ချင်သေးတာပေါ့"
သူရန်ဖြစ်ချင်တာနဲ့ကျွန်တော့်ကိုမလိုက်နဲ့လုပ်နေတဲ့ကောင်လေးရဲ့ဆံပင်တွေကိုအသဲယားစွာလက်နဲ့ထိုးဖွလိုက်တယ်။
"ကိုကိုကလည်း ကျွန်တော့်ဆံပင်ကိုမဖွနဲ့"
"ဒါနဲ့ ခုနကကိုကိုကဘာပြောမလို့လဲ"
"ဒီနေ့ကစပြီးကျောင်းကိုအချိန်မှန်လိုက်တက်ပါလို့ပြောမလို့လေ"
"တက်တာကတက်လို့ရတယ် ဒါပေမယ့်..."
"ပြောပါဦး ဒါပေမယ့် ဘာဖြစ်လဲ"
"Lix တစ်လုံးမှတော့နားလည်မှာမဟုတ်ဘူး ဟဲ ဟဲ"
"ကိုယ်ပြန်သင်ပေးမယ် သေသေချာချာပြန်သင်ပေးမှာမို့လို့ မှီတဲ့နေရာကနေတက်နော် ကိုကို့ကောင်လေးကလိမ္မာပါတယ်"
![](https://img.wattpad.com/cover/354662496-288-k932044.jpg)
YOU ARE READING
𝑃𝑙𝑜𝑡 𝑇𝑤𝑖𝑠𝑡
Romance"ကိုယ့်ဘ၀ကပျင်းစရာကောင်းတဲ့ရုပ်ရှင်တစ်ခုသာဆိုရင်မင်းလေးနဲ့တွေ့ဆုံခဲ့ခြင်းကကိုယ့်ဘ၀ကိုလှပစေမယ့်ဇာတ်လမ်းလှည့်ကွက်လေးတစ်ခုပဲ" - Hyunjin "ခင်ဗျားကတော့ကျွန်တော့်ရဲ့သွေးထွက်သံယိုအက်ရှင်ဇာတ်လမ်းတွဲထဲက Romance ချိုချိုလေးပေါ့" - Felix