𝑀𝑎𝑚𝑎 𝐻𝑤𝑎𝑛𝑔'𝑠 𝐹𝑙𝑢𝑓𝑓𝑦 𝐵𝑙𝑢𝑒 𝐵𝑎𝑙𝑙

342 37 1
                                    

ချိန်းပွဲမှာဘောလုံးကွင်းအဟောင်းထဲတွင်ဖြစ်ကာHyunjinမှာFelix၏အပေါင်းအဖော်များနှင့်တူတူထိုင်၍ Felix တစ်ခြားကောင်လေးတစ်ယောက်တိုက်ခိုက်နေကြသည်ကိုရင်တမမနှင့်ကြည့်နေရသည်။ အတွဲတိုင်း First Date တွင်ရင်ခုန်ရသည်မှာ Hyunjin ၏ရင်ခုန်တာကိုတော့မမှီလောက်ပေ။ 

ကြည့်နေရင်းပင် Hyunjin လက်သီးအားကျစ်ကျစ်ပါအောင်ဆုပ်ကာမျက်ခုံးများမှာလည်းတွန့်ချိုးလာလေသည်။

တစ်ချက်...နှစ်ချက်...သုံးချက်...

အချိန်ကြာလာသည်နှင့်အမျှ Felix မှာလည်းအထိအခိုက်အနည်းနှင့်အများရှိလာသည်။ ထိုထိချက်တိုင်းက Felix ၏မျက်နှာကိုတင်မကသူ၏နှလုံးသားကိုပါလာထိခြင်းဖြစ်လေသည်။

အနိုင်ရသွားသောကောင်လေးမှာသူ့အားတောက်ပစွာလှမ်းရယ်ပြပြန်သည်။ အနာတရတွေနဲ့နေမင်းကြီးဆိုပေမယ့်လည်း Hyunjin ၏မျက်လုံးထဲတွင်တော့တောက်ပနေဆဲပင်။

အနိုင်ရရှိသည့်လောင်းကြေးကိုယူနေကာတစ်ဖက်အဖွဲ့မှရှုံးသွားသူတွေကတော့မကြည်ကြည့်များဖြင့်ကြည့်‌နေကြလေသည်။

အကုန်လုံးကိုအပေါ်စီးမှလှမ်းမြင်နေရသည့် Hyunjin မှာရင်မအေးနိုင်ပဲ ကွင်းထဲသို့ဆင်းသွားလိုက်ကာ ကောင်လေးဘေးနားတွင်သွားရပ်နေလိုက်သည်။

"Hwang ဘာလို့ဆင်းလာတာလဲ အပေါ်မှာနေပါဆိုတာကို"

"ကိုယ်...ကိုယ်စိတ်မချလို့"

Felix ကိုသူ့ဘက်သို့ဆွဲလှည့်ကာခါးကိုဖက်လိုက်ပြီးနှဖူးနှင့်နှုတ်ခမ်းအစွန်းတွင်ပေနေသောသွေးစများကို လက်ခုံဖြင့်ဖိပွတ်ကာသုတ်ပေးလိုက်သည်။

Felix မော့ကာ‌ကြည့်လိုက်ရာ Hyunjin ၏မျက်လုံးထဲမှအလွန်အမင်းစိုးရိမ်သည့်အရိပ်အယောင်များကိုကိုမြင်လိုက်ရတာကြောင့်ရင်ခွင်ထဲခေါင်းအပ်လိုက်ကာစကားဆိုလိုက်သည်။

"ကျွန်တော်အဆင်ပြေပါတယ် ကိုကိုရဲ့"

"ဘာမှမဖြစ်ဘူး ဒီလောက်ကတော့"

Hyunjin ကကြောင်ပေါက်လေးတွေလို Felix ၏ရှုပ်ပွနေသောဆံပင်များကိုသပ်ပေးလိုက်ကာခေါင်းကိုဖွဖွနမ်းလိုက်သည်။

𝑃𝑙𝑜𝑡 𝑇𝑤𝑖𝑠𝑡 Where stories live. Discover now