Hyunjin အနှီကောင်လေးအားမည်သည့်စကားမှပြန်မပြောနိုင်လောက်အောင်စွံ့အနေမိသည်။ ဒီကောင်လေးကသူ့အားဒေါသမထွက်သည့်အပြင် ကိုကိုလို့ပါခေါ်နေသည်လေ။ အခုသူအိပ်မက်မက်နေတာဆိုရင်ပြန်နိုးမထလာချင်တော့ပါဘူး။
"ဒီပေါ်မှာပဲမိုးချုပ်တဲ့အထိနေတော့မှာလား ရဲတွေပြန်လှည့်မလာခင်သွားရအောင်"
ထိုကောင်လေးမှာ ထိုင်ကာကြောင်အနေသောသူ့ဘေးတွင်ရပ်ကာသူ့အားလက်ကမ်းနေသေးသည်ပင်။
သူလည်းကောင်လေး၏လက်ကိုအားပြုကာထလိုက်သည်။ Hyunjin လည်း Gym ဆော့သလို ကိုယ်ခံပညာမျိုးစုံကိုတစ်ဖက်ကမ်းခပ်တက်ကျွမ်းပါသည် ဒါကိုဒီကောင်လေးကသူ့ထက်လူကောင်အများကြီးသေးပေမယ့် သူ့ကိုကောင်းကောင်းဆွဲထူနိုင်သည့်အပြင် တစ်ချက်မျှတောင်ယိုင်သွားခြင်းလည်းမရှိပေ။
နှစ်ယောက်သားယှဉ်ကာမတ်တပ်ရပ်လိုက်တော့ ထိုကောင်လေးထက်သူမှာခေါင်းတစ်လုံးပိုရှည်နေပြီးထိုကောင်လေးမှာသူ့ပုခုံးလောက်သာရှိလေသည်။ ဒီခန္ဓာကိုယ်သေးသေးလေးမှာဘာလို့ဒီလိုအင်အားမျိုးများရှိနေပါသလဲဟုသူအံ့ဩစွာတွေးမိသည်မှာလည်းအကြိမ်ကြိမ်ပင်။
ဒီလိုနဲ့နှစ်ယောက်တူတူလမ်းလျှောက်လာသည်မှာဆိပ်ကမ်းနှင့်တော်တော်ပင်လွန်လာပြီဖြစ်လေသည်။
"အဲ့ဒီတော့ ကျွန်တော့်နောက်ကိုလျှောက်လိုက်နေတာလား "
"ဟင်...မ..မဟုတ်ပါဘူး ဟို...လမ်းကြုံတာ"
"ဒီဆိပ်ကမ်းကို Hwang မျိုးရိုးကပိုင်တာလို့လည်းမကြားမိပါဘူး"
"၀ယ်...၀ယ်ဖို့စီစဉ်နေကြတုန်းမို့လို့...လာကြည့်တာ"
"အော် လိမ်ရင် အဲ့လိုပဲစကားထစ်တတ်တာလား?"
"တောင်းပန်ပါတယ်"
"တောင်းပန်တာကိုမလိုချင်ဘူး ဘာလို့ကျွန်တော့်နောက်ကိုလျှောက်လိုက်နေတာလည်းပဲသိချင်တာ"
ထိုတစ်ခဏတွင် Hyunjin ခေါင်းထဲ၌အတွေးပေါင်းစုံဖြင့်ယောက်ယက်ခတ်သွားလေသည်။ သူဘယ်လိုဖြေရမှာလဲ၊မင်းကိုသဘောကျနေလို့ပါလို့ဖြေရမှာလား ဒါပေမယ့် သူကယောက်ျားလေးတွေသဘောမကျဘူးဆိုရင်ကော... သူ့ကိုခုနကကိုကိုလို့ခေါ်တယ်လေ...ဒါပေမယ့်သူကအသက်ပိုကြီးလို့ခေါ်တာဆိုရင်ကော....အား.......။
YOU ARE READING
𝑃𝑙𝑜𝑡 𝑇𝑤𝑖𝑠𝑡
Romance"ကိုယ့်ဘ၀ကပျင်းစရာကောင်းတဲ့ရုပ်ရှင်တစ်ခုသာဆိုရင်မင်းလေးနဲ့တွေ့ဆုံခဲ့ခြင်းကကိုယ့်ဘ၀ကိုလှပစေမယ့်ဇာတ်လမ်းလှည့်ကွက်လေးတစ်ခုပဲ" - Hyunjin "ခင်ဗျားကတော့ကျွန်တော့်ရဲ့သွေးထွက်သံယိုအက်ရှင်ဇာတ်လမ်းတွဲထဲက Romance ချိုချိုလေးပေါ့" - Felix