Unicode
Bar တစ်ခုဖွင့်ပွဲဖြစ်သည် ၊ ကာလာစုံမီးရောင်တွေဟာ ထိန်ယံညီးနေပြီး ဒီလိုနေရာမျိုးတွေ လာလေ့လာထမရှိသော အမျိုးသားငယ်အတွက် ကိုက်ညီမှုသည် လုံးဝမရှိ ။
အပျော်အပါးကြိုက်ကြသော လူများသည်ကား မီးရောင်မှိန်တစ်လှည့်လင်းတစ်လှည့်ကြား ကြိုးထုံးများလို ယှက်ပြန်ထွေနှောနေသည် ။
" ပြန်မလား ဂျင် "
Counter ပေါ် တင်ထားသော လက်ချောင်းကောက်လေးများကို နံဘေးရှိသူက ခပ်ဖွဖွထိတွေ့ရင်း စိတ်သက်သာစေသည်။
" အင်း ပြန်ကြမလား "
သူပြောလိုက်တော့ မျက်လုံးမှေးစင်းစင်းလေးတွေက နူးနူးညံ့ညံ့ဖြင့် လက်ခံသည် ၊ Bar ဖွင့်ပွဲလာပြီး ဒီအတွဲဟာမယ်မယ်ရရ မသောက်စား ။ ဆော့ဂျင်ဆို မည်သည့်ယမကာမှလက်ဖျားနှင့်ပင် မထိ ။
" ကားသွားထုတ်လိုက်မယ် ဆိုင်ရှေ့ကစောင့်နော် "
" အင်း ... အစ်ကို ဖြေးဖြေးသွား "
အမျိုးသားဖြစ်သူထွက်သွားပြီးနောက် ထိုသူသည်လည်း Bar counter မှ ထရပ်လိုက်သည် ။
" အိုး ! တောင်းပန်ပါတယ် "
စူးခနဲတက်လာသော ဝိုင်နီအနံ့ ၊ ကျောပြင်ပေါ်တွင် စိုစွတ်သွားသော ခံစားချက် ။
" ရ ... ရပါတယ် "
" တောင်းပန်ပါတယ်နော် "
" ရပါတယ် စိတ်ထဲမထားပါနဲ့ "
ဆော့ဂျင်ပြေပြေလည်လည်တုံ့ပြန်လိုက်သည့်အခါ ဝိုင်ဖိတ်သွားသော မိန်းမငယ်ကစိတ်အေးသွားဟန်ဖြင့် အသောက်အစားဝိုင်းများ ရှိရာဘက်ထွက်သွားသည် ။
သန့်စင်ခန်းထဲဝင်လာလိုက်ပြီး ဘေစင်မှရေဖြင့် ကျောကိုမှီသလောက် လှမ်းဆေးလိုက်သည် ၊ အထဲတွင် ကိုယ်တိုင်မှလွဲ တခြားရှိမနေပါ။
ယနေ့မှ သူဝတ်လာမိသည်ကလည်း အဖြူရောင် တီရှပ်တစ်ထည်ဖြစ်နေသည် ၊ ဝိုင်အရည်တွေကြောင့် ကျောနောက်တွင် အနီရောင်အကွက်လိုက်ကား ထင်းလျက် ။
ကြေးမုံပြင်တွင် ကိုယ့်ကိုကိုယ်သတိထားမိသော် တွေလျက် မလှုပ်မယှက်ဖြစ်သွားမိသည် ၊ အခြစ်ရာများအထပ်ထပ်နှင့် ဝိုင်နီစွန်းသော တစ်ထပ်တည်းတူသည့် 19 နှစ်အရွယ်ကောင်လေး၏ ကျောပြင် ။
![](https://img.wattpad.com/cover/354863724-288-k275570.jpg)
YOU ARE READING
Forming With Red Rose & Bordeaux
FanfictionJungkook x Seok Jin [ ✓ ] တစ်ပွင့်သော နှင်းဆီနီနီ ၊ ပြင်သစ်ဝိုင်နီနဲ့ ရောကာစပ်တော့ လက်ရာမြောက်သည့် ပြင်းရှရှ စွဲလန်းခြင်းများပုံပေါ်ချေသည် ။ 25th October 2023 _ 27th March 2024