Episode 15

897 124 34
                                    

Unicode

ထိုနေ့ညတွင် ရှီဟန်စားသောက်ဆိုင် လူလေးဦးသေဆုံးမှုကြောင့် ဂျွန်မျိုးရိုး၏ ဆက်ခံသူဟာ သက်ဆိုင်ရာ၏ ထိန်းသိမ်းခြင်းကို ခံလိုက်ရသည် ။

ကာကွယ်ပေးလိုစိတ်တစ်ခုကိုရင်းကာ ယုတ်ညံ့သည့်သတ္တဝါများကို မသေမချင်းသတ်ပစ်ခဲ့ပြီးနောက် စားသောက်ဆိုင်ပိုင်ရှင်ကတော့ အလောင်းကျန်ရစ်နေသေးသည်တောင် ကံကောင်းလွန်းလှသည် ။

ရဲကားများမှ ပြာသော နီသော အလင်းတန်းများသည် ဖြတ်သန်းပြေးလွှားလျက် ၊ မျက်နှာနှင့်လက်တစ်လျှောက် သွေးများ ပေကျံနေသော ဂျောင်ဂုက လက်ထိပ်တန်းလန်းနှင့် စစ်ဆေးရေးအရာရှိများ၏ ထိန်းချုပ်မှုဖြင့် ဆိုင်ထဲမှ ထွက်လာသည် ။

ဝိုင်းအုံကြည့်နေကြသော လူအုပ်ကြီးသည် နောင်တတစ်စက်မရှိသော တရားခံ၏မျက်နှာအား အမျိုးစုံဝေဖန်လျက်ရှိကြပေသည် ။ သာမန်လူတစ်ယောက်သည် တစ်ချိန်တည်း လူလေးယောက်သတ်ပစ်ရန် မတုံ့မဆိုင်းလုပ်နိုင်ပါ့မလားလေ ။

ယွန်းဂီ ဖြူဖျော့နေသည့် လက်ချောင်းကောက်လေးများကို ခပ်တင်းတင်းဆုပ်ကိုင်ထားရင်း ဆေးရုံကားပေါ်မှ အပြင်သို့တစ်ချက်လှမ်းကြည့်လိုက်၏ ။

အနာဂတ်တွင် ဆက်ခံသူဖြစ်လာမည့်သူက ထောင်နှုတ်ခမ်းဝနင်းကာ သူ့ထက်ပို ကာကွယ်ပြနိုင်သွားခဲ့သည် ။

" ထွက်မယ် !! "

သတိလစ်နေသူအတွက် အခြေခံလိုအပ်သည်များ ပြင်ဆင်ပြီး‌နောက် ကြက်ခြေနီဝန်ထမ်းများက ဆေးရုံကား၏ နောက်ခန်းတံခါးကိုအလျင်စလိုပိတ်ပြီး အနီးစပ်ဆုံးဆေးရုံသို့ ‌ထွက်ကြ၏ ။

မှုခင်းရဲများအပိုင်းတွင်လည်း ရဲကားတစ်စီးထဲ ယနေ့ည၏ တရားခံကို ထည့်လိုက်ကာ အရာရှိများက လူအုပ်ကိုရှဲလိုက်ကြသည် ။

ထို့နောက် မတူညီသောလမ်းကြောင်းများသို့ သူတို့၏ ကံကြမ္မာဟာ သွေဖယ်သွားကြ‌တော့သည် ။

___

ယွန်းဂီက Mr Jeon ၏ ရှေ့တွင် ငြိမ်၍ထိုင်နေ၏ ။ သူ့ခေါင်းထဲတွင် ပျက်ယွင်းသော အခြေအနေများမှ ဆွဲထုတ်ရန် တစ်စုံတစ်ယောက်အတွက် အလုံခြုံဆုံး အဆင်ပြေဆုံးနည်းလမ်းကို အလျင်အမြန်ရှာနေသည် ။

Forming With Red Rose & BordeauxWhere stories live. Discover now