Episode 8

1.1K 145 12
                                    

Unicode

‌" သေစမ်းပါ ! "

သွေးပျက်စရာအတိဖြစ်သော မြင်ကွင်းကို ငိုင်လျက်ရပ်ကြည့်နေသော ကလေးငယ်က သာမန်ဖြစ်နေကျ ရန်ဖြစ်စကားများသည့် အဆင့်မဟုတ်မှန်းတော့သိပါသည် ။

ခပ်မှိန်မှိန်ဖြာကျသော ဝါကြင်ကြင်မီးရောင်အောက် သွေးစက်များကား လွှမ်းလာချေပြီ ၊ နက်ရှိုင်းသော အော်ဟစ်သံစူးစူးများသည် ဓားချက်ကြောင့် အော်သံကတစ်ဦး ၊ သွေးရှူးသွေးတန်းဖြင့် စိတ်နှလုံးကြေကွဲမှုအတွက် အော်သံကတစ်ဦးဆီမှ လာသည် ။

" အ ... အမေ "

" ဟင်း ဂျောင်ဂုလေး ... မင်းအဖေ အမေတို့ဆီကနေ ဘယ်မှမသွားနိုင်တော့ဘူး "

အပြာအနီစပ်ယှက်သော မီးရောင်များသည် ကွန်ဒိုတစ်ခု၏ရှေ့တွင် စုန်ချည်ဆန်ချည် ။ Corridor တစ်လျှောက် လူတစ်စုတစ်စုနှင့် တီးတိုးပြောဆိုနေကြသော စကားသံမြောက်မြားစွာသည် အမျိုးသားတစ်ဦး၏ စူးရဲစွာ ‌အော်ဟစ်နေမှုကို မည်သို့မည်ပုံကြားလိုက်ရကြောင်း စာဖွဲ့နေကြသည် ။

မူခင်းရဲများသည် ကွန်ဒိုခန်းတစ်ခုအတွင်း ထွက်ချည်ဝင်ချည်ဖြင့် ယှက်ခတ်နေကြသည် ။ တိတ်အဝါဖြင့်တားထားသော အခင်းဖြစ်နေရာတွင် လင်မယားတစ်တွဲလဲကျသေဆုံးနေပြီး အိုင်ထွန်းနေသည့်သွေးများဟာ ထိုးသွင်းဒဏ်ရာများစွာနှင့် သေဆုံးနေသော အမျိုးသားဆီမှ အများဆုံးဖြစ်သည် ။

" သေဆုံးသူအမျိုးသား ရင်ဘတ်က ... "

ဟောင်းလောင်းပေါက်ဖြစ်နေသော သေဆုံးသူအမျိုးသား၏ ဘယ်ဘက်ရင်ဘတ်ကို ဆေးမှုခင်းအဖွဲ့က ‌စစ်ဆေးနေကြသည် ။

" ဆရာဒီဘက်မှာ ... "

သေဆုံးနေသော အမျိုးသမီး၏ လက်ထဲတွင် နီနီရဲရဲအစိုင်အခဲတစ်ခုကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည် ။

" ဆရာ ဓားပေါ်မှာ အမျိုးသမီးရဲ့လက်ဗွေရာပဲ တွေ့ရတယ် "

သွေးအလိမ်းလိမ်းကပ်ညိနေသော ကွာရှင်းစာချုပ်တစ်စောင်ဟာ ကြမ်းပေါ်တွင် ကျလျက်ရှိပြီး အမှုစစ်က ရော်ဘာလက်အိတ်ဖြင့် ကောက်ယူကာ မှတ်ချက်ချလိုက်သည်။

Forming With Red Rose & BordeauxWhere stories live. Discover now