Episode 9

1K 129 19
                                    

Unicode

" နိုးလာပြီလား Darling"

ရေခဲရိုက်သည်ထက် အေးစက်သော အပြုံးဆင်ရာ နှုတ်ခမ်းပါးတို့မှ ထွက်ကျလာသော စကားသံသည် အနာဂတ်စာမျက်နှာများ၏ နိဒါန်း ။

မြေအောက်ခန်းရှိ တစ်ယောက်ကုတင်ပေါ်တွင် သူလှဲလျောင်းနေခဲ့ခြင်းဖြစ်ပြီး ကုတင်ဘောင်အထိ နောက်ဆုတ် ထထိုင်လိုက်သည် ။

ကုတင်ခြေရင်းတွင် ထိုင်လျက် စီးကရက်ဖွာနေသည့် နှုတ်ခမ်းပါးသည် တွန့်ကွေးသွားပြီး ရီဝေသောမျက်လုံးများသည် ကြောက်ရွံ့ရှာသည့် ယုန်သူငယ်လေးလို ၊ အပြစ်ဒဏ်ကြီးကျူးလွန်ထားသည့် ရာဇဝတ်သားလို သူ့အား သေးသိမ်စွာကြည့်ရှူဆက်ဆံသည် ။

" ကြောက်နေတာလား ? "

" ... "

" ဟက် လုပ်ချင်တာလုပ်ပြီးမှ ကြောက်တယ်ပေါ့ "

အခိုးအငွေ့များကို ရှိုက်ကာ ရင်တွင်းထိသိမ်းဆည်းမြုပ်နှံသည့်သူဟာ ဆော့ဂျင်၏အစိုးမရသော မျက်လုံးတို့ထဲ စူးစိုက်ကြည့်လျက် အပြစ်ကိုသိနားလည်စေရန် ဖိအားပေးနေသည် ။

‌ဘရိတ်ဓားစောင်းဟာ ဆော့ဂျင်၏ ညိုသကျည်းအရေပြားပေါ် ယှက်ပြန်သွားလာနေသည် ။ စီးကရက်ငွေ့များသည် ဆော့ဂျင်မျက်နှာရှေ့ တလူလူပျံ့နေပြီး ရိပ်ရီမှုံသော မြင်ကွင်းမှ စူးရဲသောမျက်ဝန်းများဟာ တစ်ချက်မလှုပ်ရန် အမိန့်ပေးနေသည် ။

မီးစလက်ကျန် စီးကရက်အား သလင်းပေါ် ပစ်ချလိုက်ကာ လည်သာဖိနပ်ထိပ်ဦးဖြင့် နင်းခြေသည် ။

ခြစ်ရာများသည် ခြေတံသွယ်သွယ်တစ်လျှောက်၌ ထင်းတစ်ချက် မှိန်တစ်ချက် ။ သွေးစို့တက်လာသော ဒဏ်ရာများနောက် ဆော့ဂျင်ဟာ အံကြိတ်တင်းခံရုံကလွဲ ရုန်းကန်လှုပ်ရှားဖို့လည်း မတတ်နိုင် ။

ကျောပြင်က အမာရွတ်တွေလိုမျိုး သခင်က သူ့ခြေထောက်တွေမှာလည်း ရှိစေချင်သည်ထင်သည် ။

" ပြေးတဲ့ခြေထောက်ထက် ... အဲ့ကလေးအတွက် ဆွယ်တာထိုးပေးတဲ့လက်တွေက ပိုအပြစ်ရှိတယ်ထင်မိတယ် "

ညစ်ကျယ်ကျယ်ပြုံးကာ သခင်က ဆော့ဂျင်၏ ညာဘက် လက်ကောက်ဝတ်ကို လှမ်းဆွဲယူလိုက်သည် ။

Forming With Red Rose & BordeauxWhere stories live. Discover now