Episode 5

1K 132 12
                                    

Unicode

အိမ်မကြီးတံခါးအား ပိတ်ချပစ်လိုက်ပြီးနောက် ဆော့ဂျင်၏ လက်မောင်းသွယ်သွယ်ဟာ အကြမ်းပတမ်းဆွဲခေါ်သွားခြင်းကိုခံရသည်။

ဤနေရာသည် အတိတ်မှ စံအိမ်ကြီးနှင့် အတွင်းပိုင်းဖွဲ့စည်းပုံ အနီးစပ်ဆုံးဆင်တူစေရန် ဒီဇိုင်းဆွဲထားခြင်းဖြစ်‌သည် ။

လျှောက်လမ်းကျဉ်းကျဉ်း၏အဝင်သည် ဆော့ဂျင်အတွက် မှတ်ဉာဏ်အတွင်းတည်ရှိခဲ့သော နေရာနှင့် တူ၍တူ၍လာသည် ။

အခန်းတံခါးတစ်ခုကို ဆောင့်တွန်းဖွင့်ပြီး ဆော့ဂျင်ဟာ ထိုအခန်းအတွင်း ထည့်သွင်းခြင်းခံလိုက်ရသည် ။ သမံတလင်းပေါ်ပုံလျက်ကျသွားသူအတွက် ဘယ်စာမျက်နှာဟာ နိဒါန်းထပ်ပျိုးပြန်သလဲ ... သေချာတာတော့ စိတ်အေးချမ်းနိုင်ဖို့အရိပ်အယောင်တောင်မရှိပါ ။

ခြေလှမ်းပြင်းတို့နှင့် ပြန်ထွက်သွားသူသည် တံခါးကို အသံပြင်းစွာဆောင့်ပိတ်သွားခဲ့ပြီး သော့ခတ်သံကိုပါ ဆော့ဂျင်ကြားလိုက်ရသည် ။

အလင်းပျပျဝင်သည့် မြေအောက်ခန်းထဲတွင် တစ်ခုတည်းသောပြတင်းဘောင်သည် သံတိုင်များဖြင့် ကာရံထားသည် ။

စားပွဲအပုတစ်ခု‌ပေါ်ရှိ နှင်းဆီနီနီများစိုက်ထည့်ထား‌သော ဖန်ပန်းအိုးနှင့် တစ်ယောက်အိပ်ကုတင်တစ်လုံးကသာ အခန်းထဲရှိနေသူအား အဖော်ပြုပေးနေသည် ။

" သခင် ဘယ်တော့မှပြောင်းလဲမှာ မဟုတ်ပါဘူး "

နှင်းဆီကို ပွင့်ဖတ်တွေတစ်စစီဖြစ်အောင် ခြွေယူခဲ့သူဟာ သခင်ပဲဖြစ်သလို ကြွေသွားတဲ့ပွင့်ဖတ်တွေကို ကောက်ယူသိမ်းဆည်းချင်တာလည်း သခင်ပါပဲ သခင် ဘာကိုအလိုရှိပြန်တာလဲ ... ဒီလောက်ထိ ကျွန်တော့်ခန္ဓာ‌နဲ့စိတ်ကို စ‌တေးခဲ့တာတောင်လေ

ပန်းအိုးထဲ စိုက်ထားသော နှင်းဆီတစ်ပွင့်ကို ယူကာ ပွင့်ဖတ်တွေကို တစ်ဖတ်ချင်း ဆော့ဂျင်ခြွေပစ်လိုက်သည် ။ ခံစားချက်မဲ့သော မျက်ဝန်းညိုများက ဤသို့တွေးသည် ၊ သခင်သည် သူ၏‌ပွင့်ဖတ်များကို ခြွေယူခဲ့စဉ်က အတ္တစိတ်ကလွဲ၍ရှိခဲ့မည်မဟုတ် ။

Forming With Red Rose & BordeauxWhere stories live. Discover now