Episode 16

847 130 30
                                    

Unicode

" ကိုယ်အရမ်းစိတ်လှုပ်ရှားနေပြီ သားလေးလား သမီးလေးလား သိရဖို့ ၊ အို ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ အများကြီးချစ်ပေးမှာပဲ !! "

Radiological Department ‌ရှေ့ရှိ ခုံတန်းတွင် ရေသန့်ဘူးလေးတစ်ဘူးကိုင်ကာ ထိုင်နေသည့် ဆော့ဂျင်သည် နံဘေးပတ်လည်ရှိ မောင်နှံများကိုငြိမ်ကာကြည့်နေသည် ။

ချစ်ခြင်းမေတ္တာများဖြင့် ရေးစီထားသည့် ကမ္ဘာများတွင်တော့ လှသောပန်းများပွင့်ကာ လွင်သောရောင်ခြည်များဖြာကြသည် ။ သူ့ထံတွင်တော့ ထိုကဲ့သို့စစ်မှန်သည့် ကမ္ဘာငယ်လေးတစ်ခု မရရှိနိုင်ခဲ့ ။

စိတ်အစဉ်သည် အေးစက်စက်နိုင်လှသော ဆေးရုံအဆောက်အအုံမှနေ အမည်မဖော်လိုသော တစ်စုံတစ်ဦးထံသို့ ပျံ့လွင့်သွားသည် ။

လူသားဟူသည် ထူးဆန်းသည့်အမျိုး မကောင်းပါဘူး ဆိုသည်ကိုမှ တမ်းတနေမိတတ်၏ ။

လေးလသားငယ်ရှိရာ ဖောင်းကစ်နေသော ဗိုက်ပြင်ကို ခပ်ဖွဖွထိတွေ့လိုက်သည် ။ သွေးနုသားနုမို့ အနည်းငယ်ဆိုသည်နှင့် သူဟာ စိတ်ခံစားလည်းလွယ်တတ်၏ ။

" ကလေးရေ မင်းဖေဖေကို အပြစ်မတင်ပါနဲ့ ... ၊ အရမ်းတော်ပြီး ထက်မြက်တဲ့လူမို့ ... ကလေးလေးအတွက် စံနမူနာပါ "

တိုးညှင်းစွာဖြင့် အကောင်ပေါက်လေးကို ဆက်သွယ်နေသည့် အသက် 20 စွန်းစွန်း ကောင်လေး၏ လေပြေတစ်မျှအသံ ။

" မင်းလေးကို မချစ်လို့်မဟုတ်ပါဘူး ... ၊ ဒီတိုင်း ဖေဖေကလာတွေ့လို့် မရတဲ့အနေအထားမို့လို့ ကလေးလေးက နားလည်ပေးနော် "

လက်ထဲမှ တရစပ်တုန်ခါလာသော ခလုတ်ဖုန်းလေးသည် သားအဖနှစ်ဦး၏ ဆက်သွယ်မှုလှိုင်းကလေးအား ပြတ်တောက်သွားစေသည် ။

" ဂျင်ငယ် ဆရာဝန်က ဘာတဲ့လဲ ! ဘာလေးတဲ့လဲဟင် "

အစ်ကိုယွန်းဂီ၏ စိတ်လှုပ်ရှားနေသော အသံသည် ဆဲလ်ဖုန်းထဲမှ တစ်ဆင့်ဖြတ်ကျော်လာသည့်အခါ ဆော့ဂျင်က အနည်းငယ်စိတ်သက်သာရာရသွားဟန်ဖြင့် နှုတ်ခမ်းထူထူတို့အား တွန့်ချိုးသည်ဆိုရုံမျှပြုံးသည် ။

Forming With Red Rose & BordeauxWhere stories live. Discover now