Episode 1

2.8K 184 15
                                    

Unicode

Bar တစ်ခုဖွင့်ပွဲဖြစ်သည် ၊ ကာလာစုံမီးရောင်တွေဟာ ထိန်ယံညီးနေပြီး ဒီလိုနေရာမျိုးတွေ လာလေ့လာထမရှိသော အမျိုးသားငယ်အတွက် ကိုက်ညီမှုသည် လုံးဝမရှိ ။

အပျော်အပါးကြိုက်ကြသော လူများသည်ကား မီးရောင်မှိန်တစ်လှည့်လင်းတစ်လှည့်ကြား ကြိုးထုံးများလို ယှက်ပြန်ထွေနှောနေသည် ။

" ပြန်မလား ဂျင် "

Counter ပေါ် တင်ထားသော လက်ချောင်းကောက်လေးများကို နံဘေးရှိသူက ခပ်ဖွဖွထိတွေ့ရင်း စိတ်သက်သာစေသည်။

" အင်း ပြန်ကြမလား "

သူပြောလိုက်တော့ မျက်လုံးမှေးစင်းစင်းလေးတွေက နူးနူးညံ့ညံ့ဖြင့် လက်ခံသည် ၊ ‌Bar ဖွင့်ပွဲလာပြီး ဒီအတွဲဟာမယ်မယ်ရရ မသောက်စား ။ ဆော့ဂျင်ဆို မည်သည့်ယမကာမှလက်ဖျားနှင့်ပင် မထိ ။

" ကားသွားထုတ်လိုက်မယ် ဆိုင်ရှေ့ကစောင့်နော် "

" အင်း ... အစ်ကို ဖြေးဖြေးသွား "

အမျိုးသားဖြစ်သူထွက်သွားပြီးနောက် ထိုသူသည်လည်း Bar counter မှ ထရပ်လိုက်သည် ။

" အိုး ! တောင်းပန်ပါတယ် "

စူးခနဲတက်လာသော ဝိုင်နီအနံ့ ၊ ကျောပြင်ပေါ်တွင် စိုစွတ်သွားသော ခံစားချက် ။

" ရ ... ရပါတယ် "

" တောင်းပန်ပါတယ်နော် "

" ရပါတယ် စိတ်ထဲမထားပါနဲ့ "

ဆော့ဂျင်ပြေပြေလည်လည်တုံ့ပြန်လိုက်သည့်အခါ ဝိုင်ဖိတ်သွားသော မိန်းမငယ်ကစိတ်အေးသွားဟန်ဖြင့် အသောက်အစားဝိုင်းများ ရှိရာဘက်ထွက်သွားသည် ။

သန့်စင်ခန်းထဲဝင်လာလိုက်ပြီး ဘေစင်မှရေဖြင့် ‌ကျောကိုမှီသလောက် လှမ်းဆေးလိုက်သည် ၊ အထဲတွင် ကိုယ်တိုင်မှလွဲ တခြားရှိမနေပါ။

ယနေ့မှ သူဝတ်လာမိသည်ကလည်း အဖြူရောင် တီရှပ်တစ်ထည်ဖြစ်နေသည် ၊ ဝိုင်အရည်တွေကြောင့် ကျောနောက်တွင် အနီရောင်အကွက်လိုက်ကား ထင်းလျက် ။

ကြေးမုံပြင်တွင် ကိုယ့်ကိုကိုယ်သတိထားမိသော် တွေလျက် မလှုပ်မယှက်ဖြစ်သွားမိသည် ၊ အခြစ်ရာများအထပ်ထပ်နှင့် ဝိုင်နီစွန်းသော တစ်ထပ်တည်းတူသည့် 19 နှစ်အရွယ်ကောင်လေး၏ ကျောပြင် ။

Forming With Red Rose & BordeauxWhere stories live. Discover now