Episode 17

1K 137 25
                                    

Unicode

" Jeon မျိုးရိုးရဲ့ Private Doctor "

တရုတ်စား‌သောက်ဆိုင်အတွင်း သက်လတ်ပိုင်းအမျိုးသားမှသစ်စားပွဲပေါ် တိုးပေးလာသော စာရွက်စာတမ်းအချို့ကို ယွန်းဂီကကောက်ယူလိုက်သည် ။

" အိမ်ကြီးက ဖလော်ရီဒါအစွန်မှာ ~ အစောင့်အကြပ်တွေ မပြတ်ရှိနေတာမို့ တိုက်ရိုက်တိုက်ခိုက်ဖို့သွားရင်တော့ ခင်ဗျားအသက်က ... "

အထက်တန်းရှေ့နေတစ်ဦးပီပီ ယွန်းဂီက အခြေအနေကို ဒတ်ခနဲသဘောပေါက်လိုက်သည် ။

" ဒီရက်ပိုင်းအတွင်း အဲ့ဆရာဝန်က နှစ်ရက်ခြားတစ်ခါလောက် အိမ်ကိုအဝင်အထွက်ရှိနေတယ် ...  ၊ စုံစမ်းရသမျှ ပတ်သက်ဆက်နွယ်မှုက ဒီလောက်ပဲ သားကောင်က သိပ်စေ့စပ်လွန်းတယ် အခန့်မသင့်ရင် ကိုယ်ကပြန် သားကောင်ဖြစ်သွားမဲ့အနေအထား "

" ကျန်တဲ့ငွေကို Bank account ထဲစစ်ပေးပါ "

ယွန်းဂီက ဖိုင်တွဲအား လည်သာလက်ဆွဲအိတ်ထဲထည့်ပြီး စားပွဲမှထထွက်သည် ။

ရှုပ်ထွေးနေခဲ့သော ချည်ထုံးများကို ရှင်းလင်းရမည့် အချိန်ကျပြီထင်သည် ။

___

" ကလေးတို့ရေ ~ "

မူကြိုခန်းအတွင်းရှိ ကလေးငယ်များ၏‌ ဆော့ကစားသံများသည် အတန်းပိုင်ဆရာမလေး၏ ငြင်ငြင်သာသာအသံနောက် တိတ်ဆိတ်သွားသည် ။

" ကလေးတို့အတွက် ဒီဦးဦးက မုန့်ကျွေး‌ဖို့ စီစဉ်ထားတယ် ~ "

" ရေး ! "

အုပ်စုဖွဲ့ဆော့နေကြသော လူဖြူကလေးငယ်များထံမှ တသီးတသန့်ထွက်လာသော ပျော်ရွှင်ရယ်‌မောသံများ ။

Suit အပြည့်နှင့် ခန့်ခန့်ညားညားအမျိုးသားပေမို့ နံဘေးရပ်နေသည့် အမေရိကန်သူ ဆရာမလေးပင် ရှက်ကိုရှက်ကန်း ။

" ဒီနေ့ ဦးဦးက ကျောင်းအတွက် နေ့လည်စာ Buffet ပြင်ထားပေးတယ် ကျေးဇူးတင်ကြောင်းပြောပါဦး "

" ကျေးဇူးအများကြီးတင်ပါတယ် ! "

ကျန်သည့်ကလေးများအားလုံး မြူးတူးတက်ကြွစွာဆိုကြသော်လည်း သူမျက်စိကျနေမိသည့် တစ်ဦးသော ကလေးငယ်ငယ်ကတော့ စာရွက်တစ်ရွက်ပေါ်တွင် ရောင်စုံကာလာများကို စိတ်လိုလက်ရဆွဲနေသည် ။

Forming With Red Rose & BordeauxWhere stories live. Discover now