Episode 10

964 126 22
                                    

Unicode

" ဆော့ဂျင် မြန်မြန်လာ အကြွေးရှင်တွေ လာနေပြီ "

နေ့တစ်ပိုင်း ထမင်းချက်အလုပ်လုပ်နေသော အဒေါ်က တိုက်အောက်တွင် အတွေးများလျက်ရပ်နေသည့် ဆော့ဂျင်လက်ကို ခပ်သုတ်သုတ်ဆွဲကာ တိုက်ကြားရှိ လမ်းကျဥ်းထဲ ခေါ်သွားသည် ။

ရပ်ကွက်မြောင်း‌တွေ‌ဖြတ်ဆောက်ထားသည့် တိုက်ဘေးနေရာမို့ အမှိုက်များနှင့် အနံ့အသက်မကောင်းသလို ပိုးကောင်များပလူပျံနေသော်လည်း အသားကျစွာပင် တုတ်ကိုယ်စီနှင့် လူကြမ်းအုပ်စုလိုက် တိုက်ပေါ်တက်သွားသည့် မြင်ကွင်းကို အသံပိတ်ကာ ချောင်မှ ကွယ်ကြည့်နေရသည် ။

‌" အိမ်ရှင်တော့ သတ်တော့မှာပဲ "

တိုက်အ‌ပေါ်ဆုံးမှ တခွမ်းခွမ်းအသံကြားသည့်အခါ အဒေါ်က တီးတိုးလျက် ပြောသည် ။

" လာလာ ပန်းခြံထဲ ဖြစ်ဖြစ်သွားထိုင်ရအောင် "

အဒေါ်က တိုက်ပေါ်ကို တစ်ချက်တစ်ချက်မော့ကြည့်ရင်း ရပ်ကွက်ထဲရှိ ပန်းခြံအသေးစားလေးထံ ဦးဆောင်လျှောက်သည် ။

တစ်နေကုန် ကုန်ထမ်းထားရ၍ လေးပင်နေသော ခန္ဓာကိုယ်ကို သယ်လျက် နောက်ကလိုက်လျှောက်နေသော ဆော့ဂျင်ကလည်း အလုပ်မရှိတော့သည့်အကြောင်း မည်သို့စကားစရမှန်းမသိ ဖြစ်နေရသည် ။

" ဟဲ့ ကင်မ်ဆော့ဂျင် ! မြန်မြန်လာ နင့်ဖအေတွေ လိုက်လာနေမယ် "

တစ်ချက်လှမ်းကြိမ်းတော့လည်း မျက်နှာတစ်ချက်မမဲ့နိုင် ခွာပါးဖိနပ်နှင့် ခြေလှမ်းသွက်ရပြန်သည် ။

" ကန်မင်ဂျွန်းတို့ကတော့ ထုံးစံအတိုင်း အရက်ဆိုင်မှာနေမှာ ၊ ငါပဲ ခေါင်းမီးတောက်နေရတာ အော်သာငိုချင်တယ် အကြွေးမပေးရင် သတ်တော့မှာဟဲ့ ကန်မင်ဂျွန်း တော်ရုံလူတွေနဲ့သွားရှုပ်ထားမိတာ မဟုတ်ဘူး ငါပြောတယ် လောင်းကစားဝိုင်းတွေ ရှောင်ပါဆိုတာကို "

ဖုန်အလိမ်းလိမ်းထနေသော ခုံတန်းပေါ်တွင် ထိုင်နေသည့် အဒေါ်က ညီးညူးဟန်အပြည့်နှင့် ဟင်းတစ်ချချပြောသည် ။

သူမ၏ ဘေးနားတွင်‌ ဘေးသိုင်းအိတ်ကြိုးကို ဆုပ်ကိုင်လျက် ရပ်နေသောဆော့ဂျင်ကတော့ ပြဿနာများ၏အသွားအလာကို သဘောပေါက်အောင်နားထောင်နေရသည် ။

Forming With Red Rose & BordeauxWhere stories live. Discover now