Episode 7

1.3K 136 15
                                    

Unicode

လိမ္မော်လေးကို ပြန်ရှာတွေ့ပြီဟု ဆက်သွယ်လာသည်ကြောင့် ပြည်နယ်စခန်းသို့ အရှိန်တင်ကာ အမြန်ဆုံးသွားခဲ့သည် ။ ကားပါကင်ဝန်းအတွင်းရောက်သည့်အခါ ကားကိုနေရာကျသည်ဆိုရုံပါကင်ထိုးပြီး လော့ခ်တောင် မချနိုင် ၊ စခန်းအတွင်းသို့ ယွန်းဂီပြေးဝင်ခဲ့သည် ။

" မစ္စတာ ဒီဘက်မှာပါ "

စုံထောက်တစ်ယောက်က လက်လှမ်းပြပြီး လှမ်းခေါ်သည်နှင့် ဧည့်နေရာခုံတန်းတွင် ထိုင်နေသော ဆွယ်တာအဝါဆင်သော ကလေးငယ်ဆီ ခြေလှမ်းတွေကို သွက်သွက်လှမ်းခဲ့သည် ။

" ဒယ်ဒီ ! "

" လိမ္မော်လေး ... ဘယ်နေရာထိခိုက်သွားသေးလဲ "

ကြမ်းပေါ် ဒူး‌ခေါက်ကာ ထိုင်လိုက်ပြီး ကလေးငယ်ကို ရင်ခွင်ထဲ ခပ်တင်းတင်းဆွဲဖက်ထားလိုက်သည် ၊ အနာတရရှိမရှိလည်း လက်ကလေးတွေ ခြေထောက်ကလေးတွေကို လှန်လှောစစ်ဆေးရသေးသည် ။

" လိမ္မော်လေး ဘာမှခြစ်ပါဘူး ဒယ်ဒီရဲ့ ချိတ်ပူပါနဲ့တော့နော် "

" တော်သေးတယ် ... တော်သေးတာပေါ့ "

ကောင်လေး အဆုံးထိ မင်းသွေးသားကို ကာကွယ်နိုင်ခဲ့ပါတယ် ။

" ပါပါး ... ပါပါးရောဟင် ခုန‌ယေးတင် ပါပါးက သားကိုဖက်ထားတယ်လို့ အိပ်မက်မက်နေတာ "

အင်္ကျီအိတ်ထဲတွင် ထည့်ထားသော အဝါရောင်စာရွက်ခေါက်လေးကတော့ ဇာတ်ရံအတွက် ထပ်တစ်ဖန်မဖတ်ရက်ချင်သည့် နှုတ်ဆက်စာလေးတစ်စောင် ။ ပြန်လာဦးမယ်လို့တော့ လက်ရေးသော့သော့တွေက ဆိုတာပါပဲ ။

" ပါပါး ... လိမ္မော်လေး ပါပါးက ခဏလေးခရီးထွက်သွားတယ် ကလေးရယ် "

ယွန်းဂီ၏ ဆင်ခြေစကားအဆုံး တောက်ပနေခဲ့သော အညိုရောင်မျက်ဝန်းဝိုင်းများဟာ တမုဟုတ်ချင်း မှေးမှိန်သွားခဲ့ရသည် ။ ဂျွန်ဂျောင်ဂုသည် ဗီလိန်ဇာတ်ဆောင်နေရာတွင်နေပျော်စွာ နှင်းဆီနှင့် သူ၏သွေးသားငယ်ကိုအေးချမ်းခွင့်မပေးနိုင်သေး ။

___

" ညစာလာပြင် "

နာရီပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီးသည့်နောက် သော့ခတ်အကျဉ်းတံခါးဟာပွင့်လာခဲ့ကာ ငယ်ကျွန်တစ်ယောက်အဖြစ်အသက်‌ဝင်စေသည် ။ တစ်မနက်ဟူသောအချိန်အား ထိုသူဟာ မြေအောက်ခန်းထဲတွင် ငိုင်တွေလျက်ကုန်ဆုံးခဲ့သည် ။

Forming With Red Rose & BordeauxWhere stories live. Discover now