ကျွန်တော်သေဆုံးသွားပြီဖြစ်တဲ့ အန်တီခန္နာကိုယ်လေးကိုပွေ့ကာ ဆင်းရဲသားရပ်ကွက်လေးထဲ့ကိုရောက်လာခဲ့ပြန်တယ် အိမ်ပြန်ချိန်ဟာပျော်စရာတွေနဲ့မဟုတ်ပဲ ၀မ်းနည်းစရာတွေနဲ့အိမ်ပြန်ခရီးပေါ့
" ဟယ်တော် မကြည်သိန်းကြီးဘယ်လိုဖြစ်တာတုန်း "
ဒေါ်ဒေါ်မော်ကြီးအမေးကိုယ်ကျွန်တော်အပါ၀င်နိုင်းနိုင်းလေးလဲမဖြေနိုင်ခဲ့ဘူး
အန်တီတို့အိမ်ကိုယ်ရောက်တော့ရပ်ကွက်ထဲ့ကလူတွေအတော်များများရောက်လို့နေပြီ လုပ်စရာရှိတာတွေကိုယ်၀င်ကူလုပ်ပေးဖို့အတွက် တနေ့လုပ်မှတနေ့စားရသူတို့အဖို့ငွေအင်အားနဲ့မကူညီပေးနိုင်ကြတော့လူအင်အားလေးတွေနဲ့ပဲလုပ်ပေးနိုင်ခဲ့တယ် အပြစ်လဲမဆိုရက်ခဲ့ပါဘူး
" ကဲအခေါင်းထုတ်ဖို့အတွက်သစ်သားတွေအိမ်ရှေမှာရိုက်လိုက်ကြတော့ နေမ၀င်ခင်လုပ်ရမယ် ကျန်တဲ့လူတွေကမကြည်သိန်းကိုယ်ရေချိုးပေးလိုက်ကြအုံး "
အုပ်ကြီးပြောလိုက်တော့ တာ၀န်ကိုယ်စီယူကြတဲ့လူတွေကသူတို့ရဲ့နေရာကိုယ်အသီးသီးသွားခဲ့ကြတယ်
" ကောက်ရ "
" ဗျာ "
" ဦးကြီးတို့ကိုယ်ကူညီပါအုံးကွာ "
" မဟုတ်တာ ကျွန်တော်ကူညီဖို့အသင့်ပါပဲ "
" အေးကွယ် ဟေ့နိုင်းနိုင်းဒါဘယ်လဲ "
နိုင်းနိုင်းခေါ်သံကြောင့်ကြည့်လိုက်တော့ စံပယ်ပန်းကုံးလေးတွေကိုယ်ကိုင်ပြီးထွက်ဖို့ပြင်နေတဲ့နိုင်းနိုင်းကြည့်ရတာစျေးသွားရောင်းဖို့ထင်တယ်
" သားမှသွားမရောင်းရင် ဒီညမေမေအရမ်းစားချင်နေတဲ့ကောက်ဆွဲကြော်လေး၀ယ်မကျွေးနိုင်မှာဆိုလို့ ဟိုရက်တွေကမေမေအရမ်းစားချင်နေတဲ့ကောက်ဆွဲကြော်ကိုသား၀ယ်မကျွေးနိုင်ခဲ့ဘူး သားရင်ထဲ့မှာမကောင်းဘူးဦးကြီးရဲ့ "
ပြောလဲပြောငိုလဲငိုလာတဲနိုင်းနိုင်းလေးအသက်ခလေးနဲ့မလိုက်အောင်မိဘအပေါ်သိတတ်နိုင်လွန်းတယ် ကျောင်းတတ်ချိန်မှာလဲမိဘကမပြည့်စုံတော့မထားနိုင်ခဲ့ဘူး ကျွန်တော်ဘ၀ကံဆိုးလှပြီထင်ထားခဲ့တာ ဒီကလေးနဲရှင်ရင် အကွာကြီးပဲ အော်ဘ၀ ဘ၀
YOU ARE READING
လရေး ူ ငင် ( လူ ) ( သို့မဟုတ် ) ကျတော်မိန်းမရှာတစ်ယောက်မဟုတ်ပါ
Fantasyကျွန်တော်နေတာ ဆင်းရဲသားရပ်ကွက် အန်တီတို့လိုဂုဏ်ဓနတွေပြည့်နေတဲ့လမ်းမှာကျွန်တော်မနေနိုင်သလို ဘုရားခန်းမှာချိင့်ဆွဲထားတဲ့ကျွန်တော်ရဲ့မွေးစားမေမေဒေါ်စောရဲ့ဓာတ်ပုံနေရာမှာအန်တီပုံကိုမချိင့်ပေးနိုင်တဲ့အတွက်စိတ်မကောင်းပါဘူး ဒီficကနေရာအတည်တကျမရှိပါဘူး စိတ်ကူ...