" ဒီနားလေးမှာပဲကားရပ်လိုက်ပါဆရာ "
" ဘာဖြစ်လို့လဲဗျာ ပိုမဲ့ပိုကျွန်တော်အိမ်အထိတစ်ခါထဲ့လိုက်ပို့ပေးပါမယ် ပြီးတော့ကျွန်တော်ကိုယ်ဆရာလို့မခေါ်ပါနဲ့လား တရင်းတနှီးရောင်သွေးလို့ပဲခေါ်ပါ "
" ဟုတ်ကဲ့ ကိုရောင်သွေး ကျွန်တော်နမည်ကကောက်ရပါ "
" ဟုတ်ကဲ့ကိုကောက်ရ ဒါနဲ့ဘာလိုကျွန်တော်ကိုယ်လမ်းထဲ့အထိလိုက်မပို့ခိုင်းတာလဲခင်ဗျာ "
" ဒီလိုကိုရောင်သွေးရဲ့ ကျွန်တော်တို့လမ်းကထင်သလောက်မကျယ်တဲ့အပြင်လမ်းလဲအရမ်းဆိုးတယ် ကိုရောင်သွေးကား၀င်ရင် ကျွန်တော်တို့သမ္မာန်မစီးပါပဲ ပင်လယ်ထဲ့မှာလှိုင်းစီးသလိုဖြစ်သွားလိုက်မယ် "
" ဒါဖြစ်ကျွန်တော်ကိုကောက်ရကိုယ်ခြေချင်လိုက်ပို့ပေးပါရစေ "
" ပြောမရတော့လဲ ကိုရောင်သွေးသဘောပါဗျာ "
" ဟုတ်ကဲ့ "
ရောင်သွေးလဲခွင်ပြုချက်ရတာနဲ့ ကားကိုသော့ခက်ကာ ကိုကောက်ရနဲ့အတူလမ်း၀င်လာခဲ့သည် ကျွန်တော်လမ်းထဲ့အရောက်တယောသံလေးကိုယ်ကြားခဲ့ရတယ် တကယ်ကိုလွမ်းမောစရာပါအတည် ကျွန်တော်လဲဘယ်သူထိုးလဲသိချင်တာကြောင့်ကိုကောက်ရအနားကပ်ကာမေးမိခဲ့တယ်
" ကိုကောက်ရ ဒီအချိန်တယောဘယ်သူထိုးနေတာလဲဗျာ "
" အော်ဒါလား ဟိုနားကညောင်ပင်းကြီးအောက်ကတဲအပုလေးမှာနေတဲ့ဖိုးဖိုးဦးမောင်လေ သူကညဘက်ဒီလိုအချိန်တိုင်းတယောထိုးထိုးတတ်တယ် "
" အတော်လေးနားထောင်လို့ကောင်တယ်ကိုကောက်ရ ကျွန်တော်ဖိုးဖိုးဦးမောင်ကိုယ်တွေချင်လာသလိုပါပဲ "
" ဖိုးဖိုးဦးမောင်ကမသိတဲ့သူတွေနဲ့ဆိုစကားပြောလေ့မရှိဘူး ကိုရောင်သွေး နောက်နေ့မှကျွန်တော်သွားရင်ကိုရောင်သွေးကိုခေါ်သွားပါ့မယ် "
" ဟုတ်ကဲ့ခင်ဗျာ "
စကားတပြောပြောနဲ့ ကျွန်တော်ငှားရန်ထားတဲ့အိမ်ရှေနားကိုယ်ရောက်လာခဲ့တော့သည်
" အားနာနာနဲ့ပဲအိမ်ထဲ့ခေါ်ပါစေဗျာ ဧည်ခံစရာမရှိတော့လဲထက်အားနာပြန်ရတယ်ကိုရောင်သွေး "
YOU ARE READING
လရေး ူ ငင် ( လူ ) ( သို့မဟုတ် ) ကျတော်မိန်းမရှာတစ်ယောက်မဟုတ်ပါ
Fantasyကျွန်တော်နေတာ ဆင်းရဲသားရပ်ကွက် အန်တီတို့လိုဂုဏ်ဓနတွေပြည့်နေတဲ့လမ်းမှာကျွန်တော်မနေနိုင်သလို ဘုရားခန်းမှာချိင့်ဆွဲထားတဲ့ကျွန်တော်ရဲ့မွေးစားမေမေဒေါ်စောရဲ့ဓာတ်ပုံနေရာမှာအန်တီပုံကိုမချိင့်ပေးနိုင်တဲ့အတွက်စိတ်မကောင်းပါဘူး ဒီficကနေရာအတည်တကျမရှိပါဘူး စိတ်ကူ...