နောက်တနေ့မနက်သို့
" နိုးပြီးလား ကိုကောက်ရ "
" ဟုတ်ကဲ့ ကိုရောင်သွေး ကျွန်တော်နိုးပါပြီ "
" ကျွန်တော် ကိုကောက်ရအတွက်မနက်စာပြင်ပေးထားတယ် ရေမိုးချိုးပြီးစားလိုက်ပါအုန်း "
" ဟုတ်ကဲ့ "
" အော်ပြီးတော့ ကျွန်တော်ကိုကောက်ရအတွက်ဆေးတစ်ချို့ထားပေးခဲ့မယ်ဗျ "
" ကျေးဇူပါဗျာ ကိုရောင်သွေးကိုယ်အလုပ်ရှုပ်စေမိပြီ "
" မဟုတ်တာဗျာ ရပါတယ် ကျွန်တော်ကိုယ်ခွင့်ပြုပါအုံး ညက အိပ်ခွင့်ပေးတဲ့အတွက်လဲကျေးဇူပါ "
" ဟုတ် "
ရောင်သွေးလဲ ကိုကောက်ရကိုယ်နူတ်ဆက်ကာ ရွာထိပ်ကိုထွက်လာခဲ့တော့သည် ကျွန်တော်ရွာထိပ်ကညောင်ပင်ကြီးအနားရောက်တော့ ညကလိုတယောသံကိုယ်ထက်ကြားရလိုက်ပြန်သည်
ထိုတယောသံလေးကိုကျွန်တော်ကြိုက်ပါသည် လွန်းဆွေးစရာဖြစ်နေပါအုံး အတော်လေးကိုယ်နားထောင်လို့ကောင်းသည် ဒါကြောင့် ကျွန်တော်ထိုညောင်ပင်ကြီးအောက်နားကတဲအိမ်လေးထဲ့ကိုယ်အရဲစွန့်ကာ၀င်သွားကြည့်လိုက်တော့
အမျိုးသမီးပန်းချီကား အရှေမှာထိုင်ကာ တယောထိုးနေတဲ့အဖိုး ထိုပန်းချီကားထဲ့ကအမျိုးသမီးလေးဟာအတော်လေးချောသည် မဟုတ်ဘူး ယဥ်သည် ဒါတောင်ဆေးပန်းချီက ခဲတံနဲ့အကြမ်းသာရှိသေးသည်
" အဟွတ် အဟွတ် "
" အဖိုး ရရဲ့လားဗျာ "
ရောင်သွေးနားထောင်နေတုန်း ရုတ်တရက်ချောင်းထဆိုးလာတဲ့အဖိုးကြောင့် အနားကိုယ်ဘယ်လိုရောက်သွားမှန်းမသိခဲ့
.
.
.
.
.
.
.
.
.ဒီနေ့ဟာ အနှိုင်းလေးဆုံးတာ 54 နှစ်ပြည့်သွားခဲ့ပြီ အမောင်ဟာအခုချိန်ထိလွမ်းနေဆဲပါ အမောင်ဟာ လူတွေနဲ့ဝေးရာကိုယ်ထွက်ပြေးလာခဲ့တာလဲ အနှိုင်းလေး တသက်ပဲ အခုတော့ 73 နှစ်ရှိနေပြီ ဘယ်မှလဲမသွားလာနိုင်တော့ဘူးလေ ခြေထောက်တစ်ဖက်ကလဲ ကျိုးနေတဲ့အတွက်ကြောင့်
အမောင်အရမ်းသတိရလာတာကြောင့်ဆေးရောင်စုံမရှိတဲ့ အနှိုင်းလေးပန်းချီကားအရှေမှာ တယောလေးထိုးကာနေမိခဲ့တယ်
YOU ARE READING
လရေး ူ ငင် ( လူ ) ( သို့မဟုတ် ) ကျတော်မိန်းမရှာတစ်ယောက်မဟုတ်ပါ
Fantasyကျွန်တော်နေတာ ဆင်းရဲသားရပ်ကွက် အန်တီတို့လိုဂုဏ်ဓနတွေပြည့်နေတဲ့လမ်းမှာကျွန်တော်မနေနိုင်သလို ဘုရားခန်းမှာချိင့်ဆွဲထားတဲ့ကျွန်တော်ရဲ့မွေးစားမေမေဒေါ်စောရဲ့ဓာတ်ပုံနေရာမှာအန်တီပုံကိုမချိင့်ပေးနိုင်တဲ့အတွက်စိတ်မကောင်းပါဘူး ဒီficကနေရာအတည်တကျမရှိပါဘူး စိတ်ကူ...