" ကိုကောက်ရ အလုပ်ပြီးပြီးလားဗျာ "

" ခင်ဗျာ "

ပြန်သွားပြီထင်ပြီး စိတ်မကောင်းဖြစ်နေခဲ့တာ ဆိုင်ပိတ်တာတောင်ကျွန်တော်မှာအားမရှိသလို အတွေးတွေနဲ့မျောနေတုန်းအနောက်ကနေအလုပ်ပြီးပြီလား လာမေးတဲ့ကိုရောင်သွေး​ကြောင့် ရင်တွေအစမတန်ခုန်လာသလို ကုန်ဆုံးအားတွေလဲအလိုလိုပြန်ပြည့်လာသလိုပါပဲ

" ကိုကောက်ရ အလုပ်တွေပြီးသွားပြီးလား "

" ဟုတ်ပြီးပါပြီကျွန်တော်လဲအခုပဲပြန်တော့မလို့ပါ ဘာဖြစ်လို့လဲမသိဘူး "

" ကျွန်တော်လိုက်ပို့ပေးမလို့ပါ "

" မဟုတ်တာ ရပါ "

" ကျွန်တော်လိုက်ပို့ပေးပါ့ရစေ တောင်းဆိုပါတယ် "

" ဒါပေမဲ့ ကိုရောင်သွေးနဲ့ဧည်သည်ပါလာတော့ အဆင်မပြေ "

" ပြေတယ် ညီမလေးအိမ်ကနီးနီးလေး ကျွန်တော်ကားငှားပေးလိုက်ပြီ "

ဒီလူဟာလေစကားကိုယ်ပြီးအောင်ပြောခွင့်မပေးဘူးသူဖြစ်ချင်တာတွေပဲရအောင်ပြောတယ် ပြီးတော့ဘာတဲ့သူနဲ့ပါလာတဲ့မိန်းခလေးကိုကားငှားပေးလိုက်တယ်ဆိုပဲ

" ညဘက်မှာ မိန်းခလေးတစ်ယောက်ထဲ့ပြန်တာအဆင်ပြေရဲ့လားဗျာ "

" ကိုကောက်ရ သူအဆင်ပြေသွားလိုက်မယ် အခုချိန်မှာကိုကောက်ရအတွက်ပဲစိတ်ပူပါ "

" ခင်ဗျာ "

" ကိုကောက်ရဖျားနေတယ် ဒါကြောင့်အိမ်ကိုတစ်ယောက်ထဲ့ပြန်မှာကျွန်တော်စိတ်မချဘူး "

" စိတ်မချရအောင် ကျွန်တော်က ကလေးမှမဟုတ်တော့တာကိုရောင်သွေးရဲ့ "

" ကျွန်တော်မှာ စိတ်ပူပိုင်ခွင့်ရှိတယ်မှတ်လား "

စိတ်ပူပိုင်ခွင့်ရှိလားတဲ့ ဒီလိုစကားမျိုးကကျွန်တော်အတွက်တန်ရဲ့လား  ဟင်အင်းမတန်ပါဘူး 

ကျွန်တော်မေးနေတာကိုပြန်မဖြေပဲညိမ်သက်နေတဲ့ကိုကောက်ရတစ်ယောက်ပါပဲ စတွေ့တုန်းကတော့မေမေနဲ့တူလို့သူအနောက်ကိုယ်လိုက်ခဲ့မိတာလို့ပဲထင်ခဲ့တာတကယ်တိုင်းကြတော့ကျွန်တော်သူကိုစွဲလမ်းမိသွားတာပါပဲ

လရေး ူ ငင် ( လူ )  ( သို့မဟုတ် ) ကျတော်မိန်းမရှာတစ်ယောက်မဟုတ်ပါWhere stories live. Discover now