P (5) 🦋

119 19 2
                                    

" ရူတိုမင်းငါ့ကိုကြိုက်နေတာလား "
ဟုစိတ်ထဲမှာပဲပြောလိုက်ပေမဲ့ ပါးစပ်ကနေတစ်ကယ်ကြီး ထွက်သွားတော့..

" ဟမ် "

" ဟင် အာာ ဘာမှမဟုတ်ဘူးဒီတိုင်း "

" ငါမင်းကိုမကြိုက်ပါဘူး ဒီတိုင်းအကိုတစ်ယောက်လိုပါပဲ "

" ငါကလည်းဒီတိုင်းမေးတာပါ ငါသွားဦးမယ်နော် "

" ရုပ်ရှင်ကမပြီးသေးဘူးလေ "

" မင်းပဲကြည့်လိုက်တော့ ငါသွားတော့မယ် "
ဆိုပြီးလှည့်ထွက်လိုက်တာနဲ့ မျက်ရည်တွေ ထွက်လာတော့တယ် ဘာလို့ထွက်လာလဲဆိုတာ‌လဲ ကျွန်တော်တစ်ကယ်စဉ်းစားလို့မတတ်တော့ပါ

ဘာလို့လဲသူကကျွန်တော့်ကိုမကြိုက်ဘူးလို့ ပြောလိုက်လို့လား...?

ရူတိုလည်း သူ့ပါးစပ်ကသာထွက်သွားတာ သူလည်းဒီစကားကိုမပြောချင်ဘူး ဂျောင်ဝူးထွက်သွားပြီးတော့လည်း ရူတိုအနောက်မှာတစ်ယောက်တည်း မှိုင်မှိုင်ကြီးနဲ့ ဆယ်မိနစ်လောက်ရပ်နေခဲ့တာ..

" မင်းမျက်နှာလဲမကောင်းပါလား "
ဟုဒိုယောင်းမေးလိုက်သည်

" တော်တော်သိသာသွားလား "

" ဟအင်းမသိသာပါဘူး မျက်နှာမှာစာကပ်ထားသလိုပဲ ကျွန်တော်ဝမ်းနည်းနေပါတယ်သည် ဆိုပြီးတော့ "

" မင်းကတစ်မျိုးလာနောက်နေတယ် "

" ကဲပြောလာဖြစ်ခဲ့သလဲ "

" ဒီလိုကွာ .. "
ဆိုပြီးဖြတ်ပျက်ခဲ့သမျှတွေအကုန်ပြောပြလိုက်တော့တယ် ဒိုယောင်းကသူယုံအကြည်ရဆုံးသူငယ်ချင်းမလို့လေ

" အောာ ဒါဆိုရန်ဖြစ်ခဲ့ကြတယ်ဆိုပါစို့ "

" အေးအဲ့လိုပဲပေါ့ကွာ "

" ငါထင်တာတော့လေ မင်းရောသူရောက တစ်ယောက်ကိုတစ်ယောက် ခံစားချက်ရှိနေသလိုပဲ "

" မဖြစ်နိုင်တာ ငါကမိန်းကလေးတွေပဲစိတ်ဝင်စားတာလေ "

" ဒါပေမဲ့ မင်းဟိုကောင်မလေးကို ငြင်းပြီး ဂျောင်ဝူးယျောင်းကို သူအနိုင်ကျင့်ခဲ့တုန်းကမင်းကာကွယ်ပေးခဲ့တယ်လေ ပြီးတော့ မင်းသူ့နား‌မှာရှိရင်ခုန်တယ်မလား "

ՏᗴOᑎᘜՏᗩᗴᑎIᗰ !(ʜᴀᴊᴇᴏɴɢᴡᴏᴏ)Where stories live. Discover now