1💕

879 109 25
                                    

U

"အဆင်ပြေရဲ့လား ငါ့တူကြီး"

"ပြေပါတယ် ဦးလေး၊ အပင်လေးတွေနဲ့ အေးချမ်းနေတာပဲ၊ အရိပ်လည်းကောင်းတယ်၊ ရေကန်လေးလည်း​ ပါတယ်၊ ​ကျွန်တော်သဘောကျတယ်၊ ကျေးဇူးတင်ပါတယ်ဗျာ"

"​အေးကွာ၊ ငါ့တူကြီးကြိုက်တယ်ဆိုတော့ ရှာရကြိုးနပ်သွားတာပေါ့၊ ယွီပင်းပြောမှ အမြန်ရှာရတာ၊ ဒီဘက်က လူနေသန့်ပြီး ခြံနဲ့ဝန်းနဲ့ဆိုတော့ အေးဆေးနေလို့ကောင်းတယ်၊ တစ်ခုခုလိုတာရှိလည်း ဦးလေးကို ဆက်သွယ်ပေါ့၊ ဟုတ်ပြီလား"

အိမ်ရှာပေးသည့် ဦးလေးပြန်သွားသည်ကို လိုက်ပို့နှုတ်ဆက်ရင်းမှ ​ရှောင်းကျန့်
ပတ်ဝန်းကျင်ကိုအကဲခတ်ရသည်။

အခုရှိ​နေသည့်​​​နေရာက  သွားလာရေးလွယ်ကူကာ ဈေးနှင့်လည်း မဝေးလှသလို အတန်ငယ်သီးသန့်ဆန်သည့် လုံးချင်းအိမ်တွေ၊ ခြံကျယ်ဝန်းကျယ်တွေနှင့်မို့ လူနေအတော်သန့်သည် ဆိုရမည်။

ခေါင်းရင်းခြံက အပင်တွေနှင့် အိမ်သာရှိ​ပြီး လူမနေ​သောကြောင့် တိတ်ဆိတ်နေသည်။ ခြေရင်းခြံကတော့ ခေတ်မီလှပသည့် အစိမ်းဖျော့ရောင် နှစ်ထပ်အိမ်ဖြစ်ကာ ပန်းရောင်စုံများနှင့် အတော်လေး ပနံသင့်လှပေသည်။

ရုတ်တရက်ပြောင်းလာရပြီး အချိန်လည်းမရသည့်သူကတော့ ​မြို့ခံ​ဖြစ်သည့် ယွီပင်းကိုအပူကပ်ရသည်။
ယွီပင်းဦးလေးကြောင့် တိုက်ခန်းမဟုတ်ပဲ ခြံနှင့်ဝန်းနှင့်သပ်သပ်ရပ်ရပ်လေး ချက်ချင်း​ရသည်ကို တကယ်ပင် ကျေးဇူးတင်ရသည်။

နှစ်ရှည်ပင်များကကြားက အိမ်က​လေးက  ရှေ့မျက်နှာစာမှာ ပန်းခြံလေးနှင့် ရေကန်အသေးလေးလည်း ရှိနေတာကြောင့် ပုံ​​မြင်တည်းက သဘောကျကာ တစ်ပါတည်း ​ပြောင်းလာခဲ့ခြင်းပင်။

အိမ်ရှေ့သစ်ရိပ်က ထိုင်ခုံတန်းလေးမှာ ခဏ ဝင်ထိုင်ရင်း လုပ်စရာရှိတာတွေ တန်းစီစဥ်းစားနေမိသည်။

ဆေးရုံကိုတော့ ရောက်ရှိအကြောင်းကြားပြီပြီ။ လူအခြေကျမှ ဆေးခန်းဖွင့်ဖို့ စီစဥ်ရမည်။

လောလောဆယ် ပစ္စည်းတွေနေရာချရမည်။ အိမ်သန့်ရှင်းရေးလည်း နည်းနည်းထပ်လုပ်ရမည်။ နေ့လယ်စာကတော့ ဝယ်လာပြီးသားမို့ ညစာသာ ချက်ရမည်။

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Sep 04 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

Doctor Ko Ko [ U&Z ] Hikayelerin yaşadığı yer. Şimdi keşfedin