Chapter 1

4.9K 349 4
                                    

Chapter 1:

"ဘယ်လိုလုပ်မလဲ? ဒီစောက်ကလေးစုတ်လေးက အပြင်းဖျားနေတဲ့အပြင် ခြေလှမ်း နှစ်လှမ်းလေး လှမ်းကာရှိသေးတယ် မျော့နေပြီ … ဘယ်သူမှ သူမကို ဝယ်မယ့်သူ မရှိဘူး! "

" ဆေးတိုက်ထားတာတောင် အသုံးမဝင်ဘူးလား "

"အသုံးမဝင်ဘူး…တစ်ချိန်လုံး အိပ်နေတာချည်းပဲ …ကံဆိုးလိုက်တာ တကယ်ပဲ … ငွေအထုပ်လိုက်ကြီး ရပြီထင်ပြီး ဈေးကောင်းကောင်းနဲ့ ရောင်းဖို့လုပ်ခါမှ အသုံးမဝင်တဲ့ဟာလေးဖြစ်နေမှန်း ဘယ်သိမတုန်း!"

မြောင်မြောင်သည် ပါးလွှာသော စောင်တစ်ထည်နှင့် နဖူးပေါ်တွင် အပူကျစတစ်ကာကို ကပ်ထားကာ အိုဟောင်းနေသော ကုတင်ပေါ်တွင် လဲလျောင်းလို့နေ၏။ သူမ၏ ချစ်စရာကောင်းသော မျက်နှာကလေးမှာ အဖျားကြောင့် နီမြန်းလို့နေပြီး သူမ၏ သေးငယ်သော လက်ကလေးဖြင့် သူမ ခန္ဓာကိုယ်ပေါ်ရှိ ပါးလွှာသောစောင်လေးကို ဖမ်းဆုပ်ထားကာ
ခက်ခက်ခဲခဲ အသက်ရှူနေရသည် ။

သူမသည် ညည်းညူရင်း မျက်လုံးများ ပိတ်ထားကာ အနည်းငယ် မျက်မှောင်ကြုတ်လို့နေ၏။
"အမေ…… "

"မြောင်မြောင်? မြောင်မြောင်?"

"ဘယ်သူလဲ? "

သူမ အိပ်နေသောအချိန်တွင် မရင်းနှီးသော အသံတစ်စုံတစ်ရာက သူမကို ခေါ်နေမှန်း  ကြားလိုက်ရသည်။ သူမစိတ်ထဲတွင် သံသယအတွေးများဖြင့် စကားပြောချင်ခဲ့သော်လည်း ဘာအသံမှ မထွက်နိုင်ခဲ့ပေ။

"ငါက နင့်ရဲ့ system ပဲ… ငါက နင်နဲ့ စိတ်ထဲကနေ ဆက်သွယ်နိုင်တယ်… နင်အခု နေမကောင်းဖြစ်နေတာ… စကားထုတ်ပြောဖို့မလိုဘူး စိတ်ထဲကနေတင် ပြောလို့ရတယ် "

"မမ system… မြောင်မြောင် အရမ်းနေရခက်နေတယ် ကြောက်လည်း ကြောက်တယ်… မြောင်မြောင် အိမ်ပြန်ချင်တယ်"

မြောင်မြောင်သည် သေးငယ်သော လက်ကလေးဖြင့် သူမ ခန္ဓာကိုယ်ပေါ်ရှိ ပါးလွှာသောစောင်လေးကို တင်းကျပ်စွာ ကိုင်ဆုပ်ထားရင်း စိတ်ထဲတွင် ဝမ်းနည်းပူဆွေးစွာဖြင့် ဆိုလိုက်သည်။

"မြောင်မြောင်ကို ဒီမကောင်းတဲ့လူကြီးတွေက ခေါ်လာတာ…
ဖေဖေနဲ့ မေမေကို အရမ်းလွမ်းတယ်"

"စိတ်မပူနဲ့နော် မကြာခင် အိမ်ပြန်ရတော့မှာပါ"


ဘယ်လောက်ကြာသည်အထိ အိပ်ပျော်သွားခဲ့မှန်း သူမ မသိ။
ခေါင်းများ မူးဝေလို့နေသည့်အပြင် မျက်လုံးများလည်း မဖွင့်ချင်ခဲ့ပေ။

သူမ နိုးလာချိန်တွင် အဖြူရောင်မျက်နှာကြက်ကြီးကိုသာ မြင်ရခဲ့ပြီး အပြစ်ကင်းစင်သောမျက်လုံးများက ထိုမျက်နှာကြက်ကို ကြည့်ရင်း အနည်းငယ် ရှုပ်ထွေးလို့နေ၏ ။

"မြောင်မြောင် နိုးလာပြီ"

သိမ်မွေ့ကာ ရင်းနှီးကျွမ်းဝင်မှုရှိသော မိန်းမတစ်ယောက်၏ အသံထွက်ပေါ်လာခဲ့ရာ မြောင်မြောင်သည် လှည့်ကြည့်လိုက်၏။ သူမသည် လှပသော ထိုမိန်းကလေးကို မြင်မြင်ချင်း ချက်ချင်းပင် ထငိုခဲ့သည်။

"မေမေ…… "

"ကလေးရေ"
ဖူ့ရုံသည် သူမကို ပွေ့ဖက်လိုက်ရင်း
"မငိုနဲ့တော့နော် မငိုနဲ့တော့ မေမေ ဒီမှာ ရှိတယ် "

မြောင်မြောင်သည် သူမ အမေ၏ အင်္ကျီကို ဆွဲကိုင်ထားကာ မျက်ရည်များကလည်း အဆက်မပြတ် ကျဆင်းလို့နေ၏။

လွန်ခဲ့သော တစ်ပတ်က သူမကို သကြားလုံး ရောင်းဝယ်ဖောက်ကားသူများမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည် ။

မြောင်မြောင်သည် အချမ်းသာဆုံး ဝိန်အိမ်တော်တွင် မွေးဖွားလာခဲ့သူ ဖြစ်သည်။ သို့သော် မိဘများသည် သူမ ငယ်စဉ်ကတည်းက ချိုသောစားစရာမှန်သမျှ စားခွင့်မပြုခဲ့ချေ။ သို့ဖြစ်၍ သကြားလုံးသည် သူမအတွက်တော့ အငမ်းမရစားချင်သော စားစရာ ဖြစ်ခဲ့၏ ။

လူကုန်ကူးသူများ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရပြီးနောက် သူမဝတ်ဆင်ထားသော အဝတ်အစားများမှာ နာမည်ကြီး brand အဝတ်အစားများဖြစ်မှန်း သတိထားခဲ့မိကြသည်။ ထို့ကြောင့် သူမ အဝတ်အစားများကို ချွတ်ကာ တစ်ပတ်ရစ်အဖြစ် ပြန်လည်ရောင်းချခဲ့သည်။ သူမကိုတော့ အရင်ကလေးများ၏ ဈေးပေါ ညစ်ပေသော အဝတ်အစားများကိုသာ ဆင်ပေးခဲ့၏ ။

အချိန်မှာ ဆောင်းရာသီဖြစ်ရာ ထိုအဝတ်စားများမှာ နွေးထွေးမှု မရှိပေ။

နောက်ရက်တွင်မူ သူမ ဖျားတော့သည်။ လူကုန်ကူးသူများမှာ သူမကို ဈေးကောင်းကောင်းဖြင့် ရောင်းချချင်တာကြောင့် ကိုယ်ပူကျ sticker များဖြင့်  အဖျားကျအောင် ကုသခဲ့ကြသော်လည်း သို့သော် သူမသည် အအေးဒဏ်ကို ကြောက်၏။ အေးစက်လှသော ဆောင်းဥတုမျိုးတွင် ပါးလွှာသော စောင်လေးတစ်ထည်လေးနဲ့ ထိုကိုယ်အပူချိန်က ကျသွားမည် မဟုတ်။

ထို့မတိုင်ခင် ဝိန်မိသားစုသည် မြောင်မြောင်ကိုယ်ပေါ်ရှိ အဝတ်စားများ၏ တည်နေရာအချက်ပြ စနစ်မှ တဆင့် သူမ၏ အဝတ်အစားများကို ပြန်လည်ဝယ်ယူသူများကို ရှာတွေ့ခဲ့၏။ ထိုသူများမှတစ်ဆင့် ရဲများသည် ထိုလူကုန်ကူးသူများကို ခြေရာကောက်ခံခဲ့ရာမှ အသက် ၃ နှစ်ခွဲ အရွယ်သာရှိသေးသော မြောင်မြောင်လေးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့၏။

"<ငိုသံ>  မြောင်မြောင် အရမ်းကြောက်တာပဲ… မြောင်မြောင် ဘယ်တော့မှ မသိတဲ့ဦးလေးကြီးတွေရဲ့နောက်ကို လိုက်မသွားတော့ဘူး… မြောင်မြောင် မေမေနဲ့ ဖေဖေကို လွမ်းတယ်… ကိုကိုကြီးနဲ့ တူလေးကိုလည်း လွမ်းတယ်"

ဖူ့ရုံသည် သူမ၏ နောက်ကျောကို ခပ်မြန်မြန်လေး ပွတ်သပ်ရင်း
"မေမေ့သမီးလေး… နောက်ဆို မေမေကလည်း သမီးလေးကို ဘယ်သူ့လက်ထဲမှ မထည့်တော့ဘူး… နောက်ဆို သမီးလေး ဘာစားချင်လဲ မေမေ့ကိုသာ ပြော… မသိတဲ့ သူစိမ်းတွေရှေ့ သွားမတောင်းနဲ့တော့နော် ဟုတ်ပြီလား "

"ဟုတ် "

မြောင်မြောင်လေးမှာ  ငိုရလွန်းလို့ ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။

ဖူ့ရုံသည် သူမကို ဆေးရုံခုတင်ပေါ်တွင် အိပ်ခိုင်းလိုက်ပြီး စောင်ခြုံပေးပြီးနောက်  ဖုန်းခေါ်လိုက်သည် ။

မြောင်မြောင်နိုးလာချိန်တွင် သူမ၏ အဖေမှာ ဆေးရုံသို့ အလျင်အမြန် ရောက်နှင့်နေခဲ့ပြီ ဖြစ်သည်။
ဝိန်ဖုချိန်သည် သူ၏ ချစ်ရသော သမီးလေးခမျာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို ကြည့်ရင်း သူမ၏ လက်ကလေးကို  ဆုပ်ကိုင်လျက် ဆိုလိုက်သည် ။
"ဆရာဝန်က ဘာပြောလိုက်တုန်း"

"ဒီည ဆေးရုံကနေ ဆင်းလို့ရပြီတဲ့ ဒါပေမဲ့ ကလေးက ငယ်သေးတော့ အတော်ကြောက်နေနိုင်တယ်တဲ့ ဖြစ်နိုင်ရင် နောက်တစ်ကြိမ် ဆေးစစ်ပြီး စိတ်ရောဂါကု ဆရာဝန်နဲ့ တိုင်ပင်တာ အကောင်းဆုံးလို့တော့ အကြံပြုထားတယ် "

ဝိန်ဖုချိန်သည်  ခေါင်းညိမ့်လိုက်သည်။ သူ့သမီးကို ဒုက္ခပေးခဲ့သော ထိုတရားခံတွေကို စဉ်းစားလိုက်တိုင်း သူ၏ မျက်နှာအရောင်မှာ ညှိုးနွမ်းသွား၏ ။

မြောင်မြောင်ကို ဖမ်းဆီးခေါ်ဆောင်သွားသော လူကုန်ကူးသူ လူ လေးဦးရှိခဲ့၏။ ဖမ်းဆီးပြီးနောက်မှာတော့ ထိုသူများက ကလေးများကို ရောင်းစားခဲ့ကြောင်း ဝန်ခံဖို့ကို ငြင်းဆိုလို့နေခဲ့သည်။ ထို့အပြင်
ထောင်ဒဏ်ပြစ်ဒဏ် လျှော့ချစေရန် နှစ်ယောက်ကိုသာ ပြန်ပေးဆွဲခဲ့သည်ဟု ဆို၏။ ထိုလူလေးယောက် ကျူးလွန်ခဲ့သော ပြစ်မှုများကို စုံစမ်းစစ်ဆေးရန် လူတွေကို စေလွှတ်ထားပြီး သက်သေများကို စုဆောင်းနေဆဲပင် ဖြစ်သည် ။

ညဘက်နိုးလာသောအခါတွင် သူမသည် ဆေးရုံမှဆင်းလာခဲ့ပြီး အိမ်သို့ပြန်ရောက်နေခဲ့ပြီ ဖြစ်သည်။

အကျွမ်းတဝင်ရှိသော မင်းသမီးလေး၏အခန်းတွင် သူမ မျက်လုံးများ ဖွင့်လိုက်သည်နှင့် သူမအမြဲနှစ်သက်ခဲ့သော ဝက်ဝံရုပ်လေးက သူမဘေးတွင် ရှိနေသည်ကို မြင်လိုက်ရသည်။

သူမသည် ဝက်ဝံလေးကို ကောက်ကိုင်လိုက်ပြီး အိပ်ယာမှ ထလာခဲ့သည်။ ထို့နောက် အခန်းထဲသို့ ထွက်လာခဲ့ရာ ဧည့်ခန်းထဲတွင် မိဘများကို တွေ့လိုက်ရသည်။

မိသားစုထဲတွင် ကလေးများရှိသောကြောင့် ဝိန်မိသားစု၏အိမ်မှာ မြောင်မြောင်အတွက် သွားလာရအဆင်ပြေသည့် တစ်ထပ်သာမြင့်သော အိမ်လေးဖြစ်၏။ မြောင်မြောင်သည် လျှောက်သွားတတ်သော ကလေးမလေးဖြစ်ရာ မင်းသမီးလေး လမ်းပျောက်သွားမည်ကို စိုးတာကြောင့် နောက်ဆုံးတွင် မိသားစုသည် စတုရန်း ၄၀၀ ကျယ်ဝန်းသော အိမ်လေးတစ်လုံးကို ဝယ်ယူခဲ့ရသည်။

နောက်အိမ်ထောင်စုအတွက် အိမ်လေးမှာ ဓာတ်လှေကား တပ်ဆင်ထားသော အိမ်လေးတစ်လုံးဖြစ်၏။အပေါ်ထပ်တွင် အစ်ကိုနှင့် ယောင်းမဖြစ်သူတို့ နေထိုင်ကြပြီး အောက်ထပ်တွင် အဘိုးအဖွားများ နေထိုင်ကြသည်။

မြောင်မြောင်လေး ပြန်ရောက်လာချိန်တွင် မိသားစုဝင်အားလုံး ရောက်လာခဲ့ကြသော်လည်း သူမသည် အိပ်နေဆဲသာဖြစ်၏။

အချိန်မှာ နောက်ကျနေပြီ ဖြစ်သောကြောင့် သူမကို မနှောင့်ယှက်တော့ဘဲ အဘိုးအဖွားများက အရင်ဆုံး အနားယူရန် ပြန်သွားခဲ့ကြပြီ ဖြစ်သည် ။

မြောင်မြောင်လေး ထွက်လာသည်ကို မြင်၍ တူအကြီးဆုံးလေးက ချက်ချင်းပင် ပြေးဖက်လျက်
"ရှောင်ကူးကူး (ဒေါ်လေး )… ရှောင်ကူးကူးကို အရမ်းသတိရနေတာ!

အန်တီလေးကို မတွေ့ရတော့ဘူးလို့ကို ထင်နေတာ"
မြောင်မြောင်လည်း တူလေးကို တွေ့တွေ့ချင်း
"ရှုံသာ့! ငါလည်း နင့်ကို လွမ်းနေတာ"

သူ့အစ်ကိုနဲ့ အန်တီလေးတို့ ရင်းနှီးနေသည်ကို ကြည့်ရင်း ရှုံအယ်လေးသည်လည်း မြောင်မြောင်ထံသို့ ပြေးကပ်လျက်

"ရှောင်ကူးကူး ကျွန်တော်လည်း သတိရနေတာ… နောက်ဆို ဘယ်မှ လျှောက်ပြေးမသွားနဲ့တော့နော် ဘိုးဘိုးနဲ့ ဖွားဖွားကဆို အရမ်းကို စိတ်ပူနေကြတာ…ကျွန်တော်ဆို ဒီရက်တွေထဲ ငိုရလွန်းလို့ မျက်လုံးတွေတောင် နီနေပြီ"

"ငါလည်း နောက်ဆို ဘယ်တော့မှ လျှောက်မပြေးတော့ပါဘူး…
အဲ့လူဆိုးကြီးတွေက ငါ့ကို ဘာမှလည်း မကျွေးဘူး နောက်ဆို မလုပ်ရဲတော့ပါဘူး"

မြောင်မြောင်သည် စကားပြောပြီးသည်နှင့် ဖေဖေ မေမေတို့ရှိရာသို့ လျှောက်သွားလိုက်သည်။

မမလေးက 3နှစ်သား (Complete ✅)Where stories live. Discover now