Chapter 11

1.7K 169 0
                                    

The Richest Daughter is Three and a Half Years Old Chapter 11 :
System သည် ငြိမ်သက်သွားခဲ့သည်။ ပုံမှန်လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲလို့ ရသော်လည်း ယောက်မ၏ ကံကြမ္မာမှာ အစပိုင်းတွင် ကံကောင်းနေခဲ့သော်လည်း ရုတ်တရက် ၅ အထိ ထိုးကျသွားသည်မှာ တစ်စုံတစ်ယောက်ကြောင့်သာ ဖြစ်နိုင်သည်။
သို့သော် မြောင်မြောင်သည် ကလေးတစ်ယောက်ဖြစ်၍ ထွေထွေထူးထူး စွမ်းဆောင်နိုင်သည့်အရွယ် မဟုတ်သေးသောကြောင့် ထိုအရာကို ပြောလည်း အသုံးဝင်လိမ့်မည် မဟုတ်ချေ။
"မမလည်း မပြောတတ်ဘူး"
မြောင်မြောင်သည် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ နေ့လယ်ပိုင်း အတန်းပြီးချိန်တွင် အချိန်တွေ လျင်လျင်မြန်မြန် ကုန်ဆုံးသွားဖို့ကိုသာ မျှော်လင့်နေမိ၏။ ဒီလိုမှသာ သူမအနေဖြင့် အိမ်သို့ မြန်မြန်ပြန်ကာ ယောက်မဖြစ်သူနှင့် ရင်းနှီးမှုတန်ဖိုး မြင့်တက်အောင်ကြိုးစားတော့မည် ဖြစ်သည်။
ကျောင်းဆင်းသွားချိန်တွင် ကလေးများကြိုရန် မိသားစုတိုင်းမှ ကိုယ်စီကိုယ်စီ ကားများရောက်လာခဲ့ကြသည်။ ကျန်းဖန်ဖန် ရောက်ရှိလာချိန်တွင် မြောင်မြောင်သည် စိတ်လှုပ်ရှားစွာဖြင့်
သူမ၏ ခြေထောက်ကို လှမ်းဖက်လိုက်ကာ
"ယောက်မကို မြောင်မြောင်က အရမ်းကို သတိရနေတာ"
ဟု ဆိုလိုက်သည်။
ကျန်းဖန်ဖန်သည် အနည်းငယ် ကြောင်အမ်းသွား၏။ သို့သော်လည်း သူမသည် မြောင်မြောင်အရပ်နှင့်မှီအောင် ဆောင့်ကြောင့်ထိုင်လိုက်ကာ ပြန်မေးလိုက်သည်။
"မြောင်မြောင့်ကို ကူညီခိုင်းစရာရှိလို့လား"
"မဟုတ်ပါဘူး"
မြောင်မြောင်သည် လျင်မြန်စွာ ခေါင်းကို ခါယမ်းလိုက်ပြီးနောက် ဆက်ဆိုလိုက်သည်။
"မြောင်မြောင်က ယောက်မနဲ့ ညစာ စားချင်နေတာ …ပြီးတော့ ဒီည ရှုံသာ့ ရှုံအယ်တို့နဲ့ရော အိမ်စာလုပ်ချင်လို့"
"ဟုတ်ပါပြီ ယောက်မ မေမေ့ကို ပြောလိုက်မယ် …မြောင်မြောင်ကို ကြိုဖို့ အောက်ကနေ စောင့်နေရှာတာ"
ရှုံသာ့ ရှုံအယ်တို့နှစ်ယောက်လည်း ကားဆီသို့ ရောက်ရှိလာကြပြီ ဖြစ်သည်။ သို့သော် ဘာအခြေအနေလဲဆိုတာကိုတော့ သူတို့နှစ်ယောက်လုံး မရိပ်မိလိုက်ဘဲ ကားပေါ်သို့ အရင်တက်လိုက်ကြသည်။ မိခင်ဖြစ်သူ ဖုန်းပြောပြီးသည်နှင့် အန်တီလေးမှာ ကလေးပီပီ အမေဖြစ်သူ၏ အလှကို
တရစပ် ချီးမွမ်းနေခဲ့၏။
ကျန်းဖန်ဖန်သည် ၂၀ ကျော် လူငယ်လေးဖြစ်သည့်အလျောက် သူမ၏ ရုပ်ရည်နဲ့ပတ်သက်ပြီး မြောင်မြောင် မြှောက်ပင့်နေမှုအပေါ် သူမစိတ်ထဲ ပျော်ရွှင်ကျေနပ်နေမိသည်။
အိမ်အောက်သို့ ကားရပ်ပြီးသော်လည်း အန်တီလေးမှာ သူမအထပ်သို့ မပြန်ဘဲ သူတို့နောက် လိုက်လာတာကို မြင်တော့ ရှုံသာ့ ရှုံအယ်တို့ နှစ်ယောက်လုံး အနည်းငယ် အံ့သြမိ၏။ လမ်းသိနေသော မြောင်မြောင်သည် အထဲသို့ဝင်လိုက်ကာ အစ်ကို့အိမ်တွင် ပြင်ဆင်ထားသည့် ဖိနပ်ပါးတစ်ရံကို စီး၍ ယောက်မဖြစ်သူအား လှမ်းမေးလိုက်သည်။
"ယောက်မ မြောင်မြောင် ဆန်ကူဆေးပေးရမလား"
ကျန်းဖန်ဖန်၏ အမေသည် အချက်အပြုတ်ဆရာမတစ်ဦးဖြစ်၏။
သို့ဖြစ်၍ သူမသည် ငယ်စဉ်ကတည်းက မိခင်ဖြစ်သူထံမှ အချက်အပြုတ်ကို လေ့လာသင်ယူခဲ့ရသည်။သူမကိုယ်တိုင်ကလည်း ချက်ပြုတ်ရသည်ကို နှစ်သက်၏။ ချမ်းသာသောမိသားစု ဖြစ်သော်လည်း မီးဖိုချောင်ကိစ္စများကိုတော့ သူမကိုယ်တိုင် ချက်ပြုတ်ဦးစီး၏။ အိမ်အကူအဒေါ်ကြီးမှာ အိမ်သန့်ရှင်းရေးလုပ်ရုံသာ ဖြစ်၏။
မြောင်မြောင်၏ စကားများသည် ကျန်းဖန်ဖန် ရင်ထဲထိသွားကာ ပြုံးပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။
"ကောင်းပြီလေ မြောင်မြောင်လေးက တော်လိုက်တာ…ချောင်ယွီ ချောင်ဖေတို့ထက် ပိုသိတတ်တယ်"
ရှုံသာ့ ရှုံအာ : "………………"
အရင်က အမေဘဲ ကျွန်တော်တို့ကို ကျောင်းဆင်းတာနဲ့  အိမ်စာကို လိမ်လိမ်မာမာ လုပ်နေကြဆိုပြီး အမေကိုယ်တိုင်ပြောခဲ့တာ မဟုတ်ဘူးလား။
မြောင်မြောင်သည် ကျောပိုးအိတ်လေးကို ဧည့်ခန်းထဲရှိ ဆိုဖာပေါ်သို့ တင်ထားလိုက်ပြီး ကျန်းဖန်ဖန်ကို ကူညီရန် မီးဖိုချောင်ထဲသို့ ဝင်လာခဲ့သည်။
ကျန်းဖန်ဖန်သည် ခုံပုလေးတစ်ခုံကို ယူလာခဲ့ပြီး သူမအား ထိုခုံပုလေးပေါ်သို့ မတ်တတ်ရပ်ခိုင်းလိုက်ပြီး ဆိုလိုက်သည်။
"မြောင်မြောင် အောက်ကိုဆင်းတော့မယ်ဆို အမကိုပြောနော် ဒါက အရမ်းမြင့်လွန်းတော့ ကိုယ့်ဟာကိုယ် ခုန်မဆင်းနဲ့နော် ဟုတ်ပြီလား"
"ဟုတ် သမီးသိပါပြီ"
မြောင်မြောင်သည် ထက်ထက်မြက်မြက်ဖြင့်  ခေါင်းညိတ်ပြ၏။
ကျန်းဖန်ဖန်သည် ထမင်းပေါင်းအိုးထဲသို့ ဆန်ထည့်လိုက်ပြီးနောက် ထမင်းပေါင်းအိုးကို ရေဆေးရာတွင် ရေဖြည့်နိုင်ရန် ပေါ့ပါးသော ပလတ်စတစ်ပန်းကန် တစ်လုံးအား မြောင်မြောင်ကို လှမ်းပေးလိုက်သည်။
မြောင်မြောင်လို ကလေးများအနေဖြင့် ခွန်အားအနည်းငယ်သာ ရှိသောကြောင့် ပိုလေးသောပန်းကန်လုံးဖြင့် ရေဖြည့်လိုက်မည် ဆိုပါက ၎င်းကို ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်။ သို့ဖြစ်၍ သေးငယ်သော ခွက်လေးဖြင့် ရေထည့်ကာ ဆန်အိုးထဲသို့ လောင်းထည့်ပြီးသည်နှင့် သူမ၏ သေးငယ်သော လက်ကလေးများဖြင့် ဆန်စဆေးတော့သည်။
သူမကို ကြည့်ရသည့်မှာ ဆန်ဆေး၍ ကစားရသည်ကို အလွန် ပျော်နေပုံရ၏။
"ယောက်မ …မြောင်မြောင် တော်တယ်မလား"
"ဟုတ်ပါ့ တော်လိုက်တာ"
ကျန်းဖန်ဖန်တစ်ယောက် အားကျမိ၏။ ဟိုးကတည်းက သူမသည် သမီးလေးတစ်ယောက် မွေးချင်ခဲ့၏။ သို့သော် သူမသည် ရှုံသာ့ ရှုံအယ်တို့ကိုယ်ဝန်ကို ရလာခဲ့ပြီး ပုံမှန်ထက် စောမွေးလာခဲ့သည်။
ထို့သို့ ပုံမှန်မဟုတ်ဘဲ စောမွေးခဲ့ရသည့်အကြောင်းရင်းမှာ သူမ မုန်းတီးသော မိန်းမတစ်ဦးနှင့် ပတ်သက်နေခဲ့၏။ ထိုသို့ စောမွေးခဲ့ခြင်းကြောင့် သူမ၏ ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အနားယူခဲ့ဖို့ လိုအပ်ခဲ့ရာ ယခုအချိန်မှာတော့ ပြန်လည်သက်သာလာခဲ့ပြီ ဖြစ်သည်။
ဝိန်ဖန်ချူးသည်လည်း သမီးလေးတစ်ယောက် ထပ်ရဖို့ ကြိုးစားရင်း နောက်ထပ် သားယောက်ျားလေး ထပ်ရမည်ကို စိုးရိမ်ကာ ချီတုံချတုံ ဖြစ်နေခဲ့ရသည်။
မိသားစုထဲ သားသုံးယောက်လုံးချည်းပဲဆိုပါက နောက်လာမည့် အနာဂတ်ကို တွေးရင်း ရင်လေးမိသည်။
သို့ဖြစ်၍ လင်မယားနှစ်ယောက်လုံး နောက်ထပ် ကလေးယူဖို့ရာ အစီအစဉ် မရှိခဲ့ပေ။
သူမအနေဖြင့် ဟိုအရင်ကတည်းက မြောင်မြောင်လို သမီးလေး လိုချင်ခဲ့၏။
မြောင်မြောင်၏ အရပ်မှာ ရှုံသာ့ ရှုံအယ်တို့ထက် အနည်းငယ်ပုကာ သေးညှက်သော်လည်း အငမ်းမရလိုချင်မိ၏။ သူမသည် ရှုံသာ့ ရှုံအယ်တို့ထက် မဝဖြိုးသည့်အပြင် လည်ပင်းရိုးလေးမှာ သေးသေးညှက်ညှက်လေးဖြစ်၏။ သို့သော် လူကြီးတစ်ယောက်အတွက် သူမကို ကြည့်လိုက်ရုံလေးဖြင့် သူမ၏ မျက်နှာလေးကို ဖျစ်ညှစ်သွားချင်တဲ့အထိအောင်ကို ချစ်စရာကောင်းလွန်းလှသည်။
ပထမအကြိမ် ဆန်ရေချပြီးနောက် ကျန်းဖန်ဖန်သည် ရေထပ်ထည့်ကာ ထပ်ဆေးခိုင်းလိုက်သည်။
ဒုတိယအကြိမ် ဆန်ရေချပြီးနောက်တွင် ကျန်းဖန်ဖန်သည် ထမင်းချက်ပြုတ်ရန် လုံလောက်သည့်ရေပမာဏကို ထည့်လိုက်ပြီး ထမင်းအိုး စတင်ချက်ပြုတ်လိုက်သည်။
သူမသည် ရေစိုတစ်ရှူးဖြင့် မြောင်မြောင်၏ လက်ကိုသုတ်ပေးပြီးနောက် သူမကို ပွေ့ကာ အောက်သို့ချလိုက်သည်။
"မြောင်မြောင် ချောင်ယွီ ချောင်ဖေတို့နဲ့အတူ အရင်အိမ်စာလုပ်လိုက်ပါ့လား…အမ ထမင်းဟင်းချက်လိုက်ဦးမယ်"
"မြောင်မြောင်က ယောက်မကို ကူလုပ်ပေးချင်တာ"
မြောင်မြောင်သည် သူမအား အားကိုးသည့်အကြည့်လေးဖြင့် စိုက်ကြည့်လို့နေ၏။ သူမအနေဖြင့် ရင်းနှီးမှုတန်ဖိုး မြင့်တတ်အောင် လုပ်ရမည် ဖြစ်ရာ ထို့ကြောင့် ယောက်မအနား အချိန်ကြာကြာပိုနေဖို့ လိုအပ်ပေသည်။
"မီးဖိုချောင်ရဲ့ အကြော်အလှော်တွေက အရမ်းနံတာ…ကလေးတွေအတွက် မကောင်းဘူး"
ကျန်းဖန်ဖန်သည် သူမ၏ လက်ကို ဆွဲကာ ရှုံသာ့ ရှုံအယ်တို့၏ စာကြည့်ခန်းထဲသို့ လိုက်ပို့ပေးခဲ့သည်။
"အန်တီလေးကို ဂရုစိုက်လိုက်ကြဦးနော် အိမ်စာ တူတူလုပ်နေကြ ဟုတ်ပြီလား"
"ဟုတ်"
ရှုံသာ့ ရှုံအယ်တို့သည် တညီတညွတ်တည်း ပြန်ဖြေခဲ့၏။
မြောင်မြောင်သည် စိတ်ပျက်လက်ပျက် ထိုင်လိုက်ပြီး  သူမ၏ ကျောပိုးအိတ်သေးလေးထဲမှ အိမ်စာ စာအုပ်ကို ထုတ်ကာ ရှုံသာ့ ရှုံအယ်တို့နှင့်အတူ အိမ်စာလုပ်နေရင်းတန်းလန်း သူမစိတ်ထဲတွင် လှမ်းမေးလိုက်သည်။
"မမ system …မြောင်မြောင်နဲ့ ယောက်မရဲ့ ရင်းနှီးမှုတန်ဖိုးတွေက တိုးလာပြီလား"
system၏ မျက်နှာပြင်မှာ ချက်ချင်းဖွင့်လာခဲ့ပြီး ယောက်မနှင့် ပတ်သက်သော အချက်အလက်များ ပေါ်ထွက်လာခဲ့သည်။ ရင်းနှီးမှုတန်ဖိုး၏ စုစုပေါင်းရင်းနှီးမှုတန်ဖိုးမှာ ၅၃ ဖြစ်လာခဲ့ပြီး ၅၀ မှာ အသုံးပြုထားပြီးပြီ ဖြစ်၏။
သို့ဖြစ်၍ ယခုလေးတင် ရင်းနှီးမှုတန်ဖိုးကို ၃ မှတ်တိုးအောင် သူမ လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

တူလေးတို့၏ အာရုံရှိမနေမှုအပေါ်  အခွင့်ကောင်းယူကာ မြောင်မြောင်သည် ယောက်မဖြစ်သူအတွက် ရင်းနှီးမှုတန်ဖိုး ၃ မှတ်ကို ပေါင်းထည့်လိုက်၏။လက်ရှိတွင် ကံကောင်းခြင်းတန်ဖိုးမှာ အမှတ် ၂ လိုအပ်နေဆဲသာဖြစ်ပြီး ၆၀ ရောက်မှ အောင်မြင်နိုင်မည် ဖြစ်သည်။
မြောင်မြောင်သည် အနည်းငယ် စိတ်လောနေခဲ့သည်။ အိမ်စာလုပ်နေတဲ့အချိန်အတွင်း စိုးရိမ်ပူပန်နေမိသည်။
နာရီဝက်အကြာတွင် ဝိန်ဖန်ချူးလည်း ပြန်ရောက်လာခဲ့ပြီး သူ့သားတွေ အိမ်စာတွေ လေးလေးနက်နက် လုပ်မလုပ် ကြည့်ရန် လာရှာခဲ့သည်။ထိုအချိန် ညီမဖြစ်သူကို မထင်မှတ်ဘဲ တွေ့လိုက်ရတော့ တစ်ဖက်ကလည်း  လည်စည်းကို ဖြုတ်ရင်း တစ်ဖက်ကလည်း မေးလိုက်သည်။
"မြောင်မြောင် ဒီနေ့ ဒီမှာပဲ ထမင်းစားမှာပေါ့လေ"

"ဟုတ်!"
မြောင်မြောင်သည် သူမ လက်ကိုမြှောက်ကာ ပြန်ဖြေလိုက်သည်။
"မြောင်မြောင် ဒီနေ့ ယောက်မနဲ့တူတူ ထမင်းစားချင်တာ… ပြီးတော့ ယောက်မနဲ့တူတူရေချိုးပြီး တူတူအိပ်ချင်သေးတယ်"
ဝိန်ဖန်ချူး : "…………"
အဲ့တာဆို နင့်အကိုကြီး ငါက ဘယ်လိုလုပ်ရမှာတုန်း??
ဝိန်ဖန်ချူးသည် ညီမလေးဖြစ်သူကို မကျေမနပ်သည့်အကြည့်ဖြင့် ကြည့်လိုက်သော်လည်း ကလေးတစ်ယောက်အနေနဲ့ လူကြီးများ၏ ကိစ္စများကို နားမလည်သေးသောကြောင့် သူ့အနေဖြင့် "အင်းပါ..." ဟူသော စကားကိုသာ ပြန်ပြောခဲ့ရ၏။
ညစာစားချိန်အတွင်းတွင် မြောင်မြောင်သည် ကျန်းဖန်ဖန်ထံမှ  အာရုံစူးစိုက်မှုကို ရရှိခဲ့ပြီး သူမကိုလည်း အသီးအရွက်များများစားရန် ထည့်ကျွေးခဲ့သည်။ မြောင်မြောင်သည် စားကောင်း သောက်ဖွယ်ရာများကို စားရင်း မြှောက်ပင့်လိုက်သည်။
"ယောက်မရဲ့ ဟင်းချက်လက်ရာက အရမ်း အရသာရှိတာပဲ မြောင်မြောင် အရမ်းကြိုက်တယ် နောက်လည်း ထပ်စားချင်သေးတယ်"
"ဒါဆို ဒီကို မကြာခဏ လာခဲ့လေ… သုံးယောက်သား အိမ်စာတွေလည်း အတူတူ လုပ်ကြပေါ့…မြောင်မြောင်လေးက အနေအထိုင် ကောင်းမွန်တော့ ချောင်ယွီနဲ့ချောင်ဖေတို့ကိုလည်း ကြီးကြပ်ပြီးသား ဖြစ်တာပေါ့"
ကျန်းဖန်ဖန်သည် မြောင်မြောင်၏ စကားအပေါ် တပ်ကြပ်မကွာ ပြန်ဖြေလိုက်သည်။ သူမတွင် သမီးမိန်းကလေးမရှိတာကြောင့် တခြားသမီးမိန်းကလေးများနှင့် နီးနီးကပ်ကပ် နေချင်မိ၏။
ရှုံသာ့ ရှုံအယ် : "…………"
ငါတို့လည်း နေ့တိုင်း အိမ်စာတွေထိုင်လုပ်နေတာ လိမ္မာကြပါတယ်။
ဝိန်ဖန်ချူး : "... "
မလုပ်ပါနဲ့ဗျာ… ဒီမှာ ညစာစားရုံတင်မကဘူး
မီးသီးပါ လာလုပ်ဦးမလို့လား။

ထိုည မြောင်မြောင် အိမ်စာများလုပ်ပြီးသွားသောအခါတွင် ရင်းနှီးမှုတန်ဖိုးကို ထပ်မံကြည့်ရှုခဲ့ရာ နောက်ထပ် 2 မှတ် တိုးသွားခဲ့သောကြောင့် ကျန်းဖန်ဖန်ထဲ ပေါင်းထည့်ခဲ့ရာ ကျန်းဖန်ဖန်၏ ကံကောင်းခြင်းတန်ဖိုးသည် ၆၀ သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
မြောင်မြောင်သည်  သက်ပြင်းချလိုက်ကာ။
"မမ system …ယောက်မရဲ့ ကံကောင်းခြင်းတန်ဖိုးက ၆၀ ရောက်သွားပြီ…မြောင်မြောင် အိမ်ပြန်လို့ရပြီလားဟင်"
"မြောင်မြောင် ငါ အချက်အလက်တစ်ခုကို ရှာတွေ့ထားတယ်… ပုံမှန်လူတွေမှာဆို ကံကောင်းခြင်းတန်ဖိုးက ရုတ်တရက်ကြီး ထိုးကျမသွားဘူး …အထူးသဖြင့် ယောက်မလို ကံကောင်းတဲ့လူတွေမှာဆို ဒီတိုင်းထိုးကျသွားစရာ အကြောင်းမရှိဘူး…
မင်းရဲ့ ယောက်မကို ထိခိုက်အောင်လုပ်မယ့်သူ သေချာပေါက်ကို ရှိရမယ်…ဒါ့ကြောင့် ကံကောင်းခြင်းတန်ဖိုးကို ၈၀ အထိ တိုးအောင် နည်းလမ်းရှာရမယ်…ဒါမှသာ မင်းရဲ့ယောက်မကို ထိခိုက်စေမယ့်လူကို ရှာပြီး ပြန်တုံ့ပြန်နိုင်မယ်…ကံကောင်းခြင်းတန်ဖိုးသာပြည့်သွားရင် မင်းရဲ့ ရင်းနှီးမှုတန်ဖိုးကို ပြန်ပေးလို့ရလိမ့်မယ်"
အစတွင် system သည် လက်ခံသူပိုင်ရှင်မှာ ငယ်ရွယ်သေးသည့်အပြင် လှည့်ကွက်များကို သိနေတောင် ဘာမှ မလုပ်ဆောင်နိုင်သည့် အရွယ်ဖြစ်သည်ဟု တွေးခဲ့သည်။ သို့သော် ယခုတွင်  နည်းလမ်းရှာကာ လက်ခံသူပိုင်ရှင် လုပ်နိုင်တဲ့ အတိုင်းအဆအထိ လုပ်ဆောင်ရန်  စမ်းကြည့်ဖို့ဆုံးဖြတ်လိုက်သည်။
မြောင်မြောင်သည် အနည်းငယ် ရှုပ်ထွေးကာ ထိုအဓိပ္ပာယ်ကို နားမလည်သော်လည်း မမ system ၏ ပြောစကားတွင် ၈၀ ရောက်အောင်အထိ လုပ်ရမည်ကိုတော့ သူမ နားလည်သည်။
သူမသည် သူမ၏ လက်ချောင်းလေးများဖြင့် ရေတွက်လိုက်ပြီး ဆက်ဆိုလိုက်သည်။
"အာ့ဆို မြောင်မြောင်က ရင်းနှီးမှုတန်ဖိုး ၂၀ တောင် လိုသေးတာပေါ့နော်"
"အင်း "
system သည် မှန်ကန်ကြောင်း ထောက်ခံလိုက်သည်။
မြောင်မြောင်ခမျာ အနည်းငယ် ဦးနှောက်ကြီးခဲ့ရသည်။
"အဲ့လိုဆို မြောင်မြောင်က ယောက်မနဲ့ တူတူ ရေချိုးပြီး အိပ်ရဦးမှာပဲ…အကယ်၍  ဒီနေ့ မအောင်မြင်ခဲ့ရင် မနက်ဖြန် ဆက်လုပ်ပြီး ယောက်မရဲ့ ကံကောင်းခြင်းတန်ဖိုးကို ပေါင်းထည့်နိုင်အောင် ကြိုးစားရမယ်!"
ထိုသို့ဆိုပြီးသည်နှင့် မြောင်မြောင်သည် သူမ၏ ခြေထောက်သေးသေးလေးဖြင့် ယောက်မဆီသို့ အပြေးသွားကာ သူမ၏ ခြေထောက်ကို ဖက်တွယ်ရင်း ။
"ယောက်မ …မြောင်မြောင် ယောက်မနဲ့တူတူ ရေချိုးချင်တယ်"
"ကောင်းပြီလေ အာ့ဆို မမ အရင်ဆုံး သမီးရဲ့ အဝတ်အစားတွေကို ချွတ်ပေးမယ်"
အကိုဖြစ်သူ၏အိမ်တွင် မြောင်မြောင်၏ ညအိပ်ဝတ်စုံ အပိုမရှိခဲ့ပေ။ သို့သော် ရှုံသာ့ ရှုံအယ်တို့ မဝတ်ရသေးသော ညအိပ်ဝတ်စုံ အသစ်များစွာ ရှိ၏။
ကျန်းဖန်ဖန်သည် အချိန်အတော်တန်ကြာအောင် ရွေးချယ်ခဲ့ပြီးနောက် အဝါရောင်ဝတ်စုံကို ရွေးချယ်ခဲ့သည်။ ထိုဝတ်စုံမှာ ချစ်စရာကောင်းသည့်အပြင် မိန်းကလေးများလည်း ဝတ်နိုင်သည်။ထို့နောက် မြောင်မြောင်ကို ချီကာ ရေချိုးခန်းထဲသို့ ခေါ်သွားခဲ့တော့သည်။
ရေချိုးခန်းတွင် ရေပူ ရေအေးရှိသည့်အပြင် ရေပန်းနှင့် ရေဇလုံကန်ကြီးလည်း ရှိ၏။ ကျန်းဖန်ဖန်သည် ရေဇလုံကန်ထဲ ရေဖြည့်လိုက်ပြီးနောက် မြောင်မြောင်၏ အဝတ်အစားများကို ဆွဲချွတ်လိုက်သည်။
မြောင်မြောင်သည် အနည်းငယ် ရှက်လို့နေ၏။သူမ၏ မျက်နှာမှာ နီတွတ်လျက် ရှိပြီး ကျန်းဖန်ဖန်ဆီက အဝတ်ချွတ်တာကို ခံရပြီးနောက်
ယောက်မဖြစ်သူအား စူးစမ်းစွာဖြင့် စိုက်ကြည့်နေခဲ့၏။
ယောက်မဖြစ်သူ၏ ကိုယ်ဗလာကို မြင်လိုက်ရတော့ အနည်းငယ် အံ့အားသင့်မိ၏။ မိန်းကလေးချင်း ဖြစ်သော်ငြားလည်း သူမ၏ ခန္နာကိုယ်နှင့် ယောက်မဖြစ်သူ၏ ခန္ဓာကိုယ်မှာ တကယ်ကို ကွာခြားပေသည်။
ယောက်ျားလေး၏ ခန္ဓာကိုယ်နဲ့ မိန်းကလေး၏ ခန္ဓာကိုယ်မှာ မတူကြောင်း သူမ သိ၏။ အဘယ်ကြောင့်ဆိုသော် သူမ ငယ်ငယ်တုန်းက ရှုံသာ့ ရှုံအယ်တို့ဖြင့် တူတူရေချိုးဖူးခဲ့သည်။
ထိုအချိန် သူမအနေဖြင့် အတော်လေးအံ့အားသင့်သွားခဲ့ရသည်။
ထို့ကြောင့် အမေဖြစ်သူကပဲ ယောက်ျားလေးနှင့် မိန်းကလေး၏ ခန္ဓာကိုယ်မှာ မတူကြောင်း ရှင်းပြခဲ့ရသည်။
ဒါပေမဲ့ မိန်းကလေးချင်းချင်းဆိုတာတောင် ခန္ဓာကိုယ်က ဘာလို့မတူသေးတာလဲ။
မြောင်မြောင်တစ်ယောက် အလေးအနက်တွေးနေမိ၏။ မေမေ၏ စူထွက်နေသော ရင်ဘက်မှာ ယောက်မကဲ့သို့ပင်။ အဖွားမှာလည်း ရှိသလို ကျောင်းက ဆရာမတွင်လည်း ရှိ၏။
ထိုအကြောင်းကို နားမလည်သောကြောင့် သိချင်စိတ်ဖြင့် ချက်ချင်း တန်းမေးလိုက်သည်။
"ယောက်မ…ယောက်မနဲ့မြောင်မြောင်က ဘာလို့မတူတာတုန်း"
မြောင်မြောင်သည် လက်ချောင်းဖြင့် သူမရင်ဘက်ကို ညွှန်ပြလျက်။
"ဒီနေရာက"
သူမ ညွှန်ပြသည့်နေရာကို ကျန်းဖန်ဖန်ကြည့်လိုက်တော့ နို့သီးလေးမှာ ရဲတွက်လို့ နေ၏။
"အဲ့တာက ကလေးနဲ့ လူကြီးတွေရဲ့ ခြားနားချက်လေ…မြောင်မြောင်က ငယ်ပါသေးတယ်…မြောင်မြောင်အရွယ်ရောက်လာတဲ့အခါ ယောက်မလို ဖြစ်လာမှာပဲ"
မြောင်မြောင်သည် နားမလည်ဟန်ဖြင့် ခေါင်းလေး ညိတ်လို့နေသည်။
ကလေးကနေ အရွယ်ရောက်တဲ့ လူအဖြစ် ပြောင်းလဲသွားခြင်းက အရပ်ရှည်ထွက်လာတာဆိုရင် ယောက်ျားလေးတွေရော အရပ်ရှည်ထွက်လာတဲ့အခါ ပြောင်းလဲသွားသလား။
မြောင်မြောင်တစ်ယောက် သူ၏ သေးငယ်သော ဦးနှောက်လေးဖြင့် အကြီးအကျယ် စဉ်းစားလို့နေတော့သည်။
ကျန်းဖန်ဖန်သည် သူမအား ရေပန်းအောက်တွင် အရင် ရပ်စေကာ ဆပ်ပြာတိုက်၍ ရေချိုးပေး၏။ကလေးများ၏ အသားအရေမှာ အလွန်ကိုချောမွေ့လှသည်။ သူမအား ခန္ဓာကိုယ်တိုက်သည့် အရာလေးဖြင့် အမြုပ်ထအောင် တိုက်ချွတ်ရေချိုးပေးသည်။အသားရေလေးမှာ နူးညံ့လှသည့်အပြင် အသားလေးတွေကို ဖျစ်ညှစ်ချင်သည့်အထိ အရမ်းချစ်ဖို့ကောင်းလှသည်။
မြောင်မြောင်အား ရေချိုးပေးပြီးနောက်တွင် သူမကိုယ်သူမ ရေချိုးလိုက်သည်။ ထို့နောက် မြောင်မြောင်အား ပွေ့ကာ ရေဇလုံကန်ထဲတွင် ရေစိမ်လိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော မြောင်မြောင်သည် အလွန်သေးငယ်သောကြောင့် ခုံပုလေးကို ရေဇလုံကန်ထဲ ထည့်ကာ သူမအား ထိုင်စေ၏။ ရေဇလုံကန်ထဲရှိရေမှာ သူမအတွက်တော့ အလွန်မြင့်၏ ။
ထိုင်ခုံပုလေးပေါ်တွင် ထိုင်ရင်း မြောင်မြောင်သည် ကျန်းဖန်ဖန်၏ ရင်ဘတ်အား စူးစမ်းစွာ စိုက်ကြည့်နေမိ၏။ အကယ်၍ သူမသာ အရွယ်ရောက်လာခဲ့ပါက ယောက်မကဲ့သို့ ဖြစ်လာနိုင်ပါ့မလားဟု သိချင်မိ၏။ အဘယ်ကြောင့်ဆိုသော တချို့အမျိုးသမီးများသည် အရွယ်ရောက်လာကြသော်လည်း သိပ်ပြီး ထွေထွေထူးထူး ပြောင်းလဲသွားခြင်း မရှိသောကြောင့် ဖြစ်၏။

မမလေးက 3နှစ်သား (Complete ✅)حيث تعيش القصص. اكتشف الآن