Chapter 34

1.1K 122 0
                                    

Chapter - 34

ဖူ့ရုံသည်ပြုံးကာ
“မေမေ့ကလေးလေးက အရမ်းတော်တာပဲ ဒီနေ့ ကြက်တောင်ပံကြော် ကျွေးရတော့မှာပဲ”
ဟု ပြောသည်။

ကြက်တောင်ပံကြော်အသံ ကြားလိုက်သောအခါမြောင်မြောင် ချက်ချင်း ပျော်ရွှင်မိသည်။

မြောင်မြောင်သည် ဝ,ရမည်ကို မကြောက်ပေ။ထို့ကြောင့် အစားအစာအား ထိန်းချုပ်မှုမရှိပဲ စားသည်။ ယခုဆိုလျှင် သူမသည် ထမင်းတစ်ပန်းကန်လုံး စားနိုင်နေပြီဖြစ်သည်။

စားသောက်ပြီးနောက် ၆ နာရီမှ ၈ နာရီအထိ စာထပ်သင်ရသည်။ သို့သော် ကျောင်းစာမျိုးမဟုတ်ပဲ ပြင်ပဗဟုသုတ အရည်အချင်းမျိုး ဖြစ်သည်။

ကျောင်းပိတ်ရက်တွင်ပါ မနက်ခင်းအတန်းရှိပြီးနေ့လယ်မှသာ ရှုံသာ့တို့၊ ချင်းယွီတို့နှင့် ကစားရခြင်းဖြစ်သည်။

ညပိုင်းတွင်မူ ကာတွန်းကားများ ကြည့်ရသည်ကိုမြောင်မြောင် သဘောကျသည်။

မြောင်မြောင် သဘောအကျဆုံးမှာ ပီကာချူးဖြစ်သည်။ သူမလေးသည် ပီကာချူးပုံစံပြောင်းပေးနိုင်သည်ဆိုသော ခလုတ်လေးအား ယွမ် ၃၀ နှင့်ဝယ်ခဲ့ပြီးနောက် ပုံစံပြောင်း၍မရသောအခါ စိတ်တိုပြီး အော်ငိုတော့သည်။

ထိုအချိန်က ဖူ့ရုံတစ်ယောက် သမီးအား အချိန်ကြာကြာ ချော့လိုက်ရသည်။ ထို့နောက်မှ ကာတွန်းကားများမှ ဇာတ်ကောင်များသည် အမှန်တကယ်မရှိမှန်းသူမသိတော့သည်။

ထိုအကြောင်းအား သူမ ချင်းယွီကို ပြောပြသောအခါ ချင်းယွီက
“နင်က အဲ့ဒါတွေကို တကယ်ထင်နေတာလား??”
ဟု အံ့ဩစွာပြန်မေးသည်။

ချင်းယွီသည် အမှန်တကယ်ပင် အသက်ထက်ရင့်ကျက်နေသောသူမျိုးဖြစ်သည်။

နောက်တစ်နေ့တွင် မြောင်မြောင်သည် ထမင်းစားပြီးနောက် အဝတ်အစားလဲပြင်ဆင်ကာ ကျောင်းသို့ထွက်လာခဲ့သည်။

ကျောင်းသို့ရောက်သောအခါ သူမခုံရှေ့တွင် ထိုင်သည့် ကျန်းလင်ကသူမအား မျက်နှာငယ်နှင့်
“မြောင်မြောင် နင်ဆရာမအိမ်စာပေးလိုက်တဲ့ သင်္ချာတွေပြီးပြီလား? ပြီးရင် ငါကူးချင်လို့ပါ”
ဟု ပြောလာသည်။

မြောင်မြောင် : “သူများဆီက အိမ်စာကူးတာ မကောင်းဘူးလေ”

ကျန်းလင် : “ငါသိပါတယ် ဒီတစ်ခါတည်းပါ မဟုတ်ရင် ငါ့ကိုဆရာမက ဆူလိမ့်မယ်”

ထိုအခါ မြောင်မြောင်လည်း သနားပြီး သူမအားအိမ်စာ စာအုပ် လှမ်းပေးလိုက်သည်။

ထို့နောက် ကျန်းလင်သည် ဆရာမ မဝင်ခင်လေးတင် မြောင်မြောင့်အား စာအုပ်ပြန်ပေးသည်။ ထိုအခါ သူမလည်း အိမ်စာ စာအုပ်ကို ချက်ချင်းထပ်လိုက်တော့သည်။

သည်လိုနှင့် တတိယချိန်ပြီးသောအခါ ကစားချိန်တွင် သင်္ချာဆရာမမှ သူမအား လာတွေ့ခိုင်းသည်ကိုအတန်းထဲမှ တစ်ယောက်က သတင်းလာပေးသည်။
မြောင်မြောင့်စိတ်ထဲ “ဘာဖြစ်လို့ပါလိမ့်?”ဟု တွေးမိပြီး ဆရာမရှိရာသို့ သွားခဲ့သည်။
အခန်းထဲသို့ရောက်သောအခါ မျက်နှာထားတည်နေသော ဆရာမရှုအား တွေ့လိုက်ရသည်။

“ဆရာမ သမီးကိုခေါ်တယ်ဆိုလို့ပါ”

ဆရာမရှု : “မြောင်မြောင် သမီးက အရင်ကစကားသေချာနားထောင်တဲ့ ကလေးပါ
ဒီနေ့မှ ဘာလို့ဘာမှရေးမထားပဲ အိမ်စာ စာအုပ် လာထပ်တာလဲ?”

ထိုစကားကြောင့် မြောင်မြောင် စဉ်းစားရကျပ်သွားသည်။ သူမရေးထားသည်မှာ သေချာသည်။ထို့ကြောင့် စာရွက်ကိုကြည့်လိုက်သောအခါ သူမရေးထားသည်များကို ခဲဖျက်ဖြင့်ဖျက်ထားကြောင်းသိလိုက်ရသည်။

“ဒါဆို ကျန်းလင် ဖျက်ထားတာပဲ ဖြစ်ရမယ်”

သို့သော် ထိုကိစ္စအား ဆရာမကို အမှန်အတိုင်းပြောပြလိုက်လျှင် သူမအိမ်စာကူးခိုင်းသည့်အကြောင်းပါသိမည်စိုး၍
“ဟုတ်ကဲ့ဆရာမ သမီးခုပဲ သွားပြန်ရေးပြီး လာထပ်ပါ့မယ်”
ဟုသာ ပြောခဲ့လိုက်တော့သည် ။

မြောင်မြောင်ထွက်လာသောအခါ စောင့်မျှော်နေသော ချင်းယွီက
“မြောင်မြောင် ဆရာမက ဘာတဲ့လဲ?”
ဟု သိချင်စွာမေးလိုက်သည်။

မြောင်မြောင် : “ပိန်းဥ ငါအနိုင်ကျင့်ခံလိုက်ရပြီ”

ချင်းယွီ : “ဟင် ဘယ်သူက နင့်ကို အနိုင်ကျင့်တာလဲ ငါ့ကိုပြော!!!”

မြောင်မြောင် : “အခန်းထဲက ကျန်းလင်က မနက်ကငါ့ဆီကအိမ်စာကူးချင်လို့ဆိုပြီး စာအုပ်တောင်းပြီးတော့ ငါအိမ်စာရေးထားတာတွေကို ဖျက်ပစ်လိုက်တယ်”

“ငါအခု အိမ်စာပြန်ရေးပြီး လာထပ်မယ်လို့ ဆရာမကို ပြောထားတယ်”

ချင်းယွီ : “ဒါဆို နင် ရေးနှင့်နော် ငါကျန်းလင်ကို သွားပြောလိုက်မယ်”

ထို့နောက် ချင်းယွီသည် ကြိုးခုန်နေသည့် ကျန်းလင် ရှေ့တည့်တည့်တွင်ရပ်ကာ
“ကျန်းလင် နင် ဘာလို့ မြောင်မြောင်ရေးထားတာတွေကို ဖျက်ပစ်တာလဲ?”
ဟု တိုက်ရိုက်သွားမေးသည်။

ကျန်းလင် : “ဟမ် ငါ ဘယ်မှာဖျက်လို့လဲ မဖျက်ပါဘူး သူ့ဆီက အိမ်စာ စာအုပ်တောင် မငှားဖူးဘူး”

ထိုသို့ငြင်းသောအခါ မြောင်မြောင်တစ်ယောက်စိတ်တိုလာပြီး ထိုနေရာသို့သွားကာ
"နင် ဘာတွေပြောနေတာလဲ?? မနက်ကပဲမျက်နှာငယ်နဲ့ ငါ့ဆီကစာအုပ် ငှားသွားတာလေ နောက်ပြီး ငါ့စာအုပ်မှာ ဖျက်ရာတွေ ခုထိရှိနေသေးတယ်”
ဟု ရန်တွေ့လိုက်သည်။

ကျန်းလင် : “အဲ့တော့ ငါက ဘာလုပ်ရမှာလဲ? နင့်ဘာသာနင် ဖျက်ထားတာဖြစ်ရင်ဖြစ်မှာပေါ့ သက်သေမရှိပဲ လာမပြောနဲ့”

ထိုအခါ ချင်းယွီက ကြားဝင်ပြီး
“တော်တော့နော် မြောင်မြောင် သူက အကျင့်ကောင်း
တာ မဟုတ်ဘူး နင်မေးလည်း သူက ဝန်ခံမှာမဟုတ်ဘူး မတန်တဲ့သူတွေကိုပြောမနေနဲ့”
ဟု ပြောလိုက်သည်။

ကျန်းလင်သည် ထိုစကားကြောင့် အသည်းအသန်ငိုယိုကာ
“ချင်းယွီ နင်ငါ့ကို ဒီလိုပြောစရာမလိုပါဘူး နင့်ကိစ္စလည်းမဟုတ်ဘူးဟာကို”
ဟု တရစပ်ပြောတော့သည်။

ထိုအခါ ဘေးနားမှကလေးများက မြောင်မြောင့်အား အနိုင်ကျင့်သည်ဟု ထင်ကြတော့သည်။

မြောင်မြောင်သည် စိတ်တိုသွားကာ ဆရာမဆီသွားတိုင်မည်ဟု ဆုံးဖြတ်လိုက်ပြီး ချင်းယွီအား အိမ်စာစာအုပ်ကို ယူလာခိုင်းသည်။

ဆရာမအခန်းထဲသို့ ရောက်သောအခါ ဖြစ်ပျက်သမျှများအား အမှန်အတိုင်းပြောပြလိုက်သည်။ ဆရာမရှုသည် အမြင်သိပ်မကောင်းသဖြင့် ခဲဖျက် ဖျက်ရာရှိမရှိ တခြားဆရာမအား စစ်ဆေးခိုင်းလိုက်သောအခါ အမှန်ဖြစ်ကြောင်း သိလိုက်ရသည်။

ထို့ကြောင့် ဆရာမရှုက ကျန်းလင်အား အခန်းသို့ခေါ်ခဲ့သည်။

“ကျန်းလင် သမီး ဘာလို့ သူငယ်ချင်းရေးထားတဲ့အိမ်စာကို ဖျက်ပစ်ရတာလဲ??”

ကျန်းလင်သည်တုန်လှုပ်စွာ
“ရှင် သ…သ…သမီး မဖျက်ပါဘူး ဆ..ဆရာမ”
ဟု ပြန်ဖြေသည်။

ထိုကတည်းက ကျန်းလင် လိမ်နေသည်ကို ဆရာမရှုသတိထားမိလိုက်သည်။ သို့သော် ကျန်းလင်က လုံးဝ ဝန်မခံပေ။

ချင်းယွီ : “ဒါနဲ့ ဆရာမ အတန်းထဲမှာ cctv ရှိတယ်မလား အဲ့က ကြည့်လိုက်မယ်လေ”

ထိုအခါမှ ကျန်းလင်က ငိုယိုလျက်
“ဟုတ်ပါတယ် ဆရာမ သမီးမြောင်မြောင့်ရဲ့အိမ်စာကို ဖျက်ခဲ့ပါတယ် ဆရာမ”
ဟု ဝန်ခံတော့သည်။

မြောင်မြောင်(ထူးဆန်းစွာ) : “နင်ဘာလို့ အဲ့လိုလုပ်ရတာလဲ?? ငါနဲ့နင်ကြားမှာ ဘာမှမရှိထားဘူးလေ နင်နဲ့စကားတောင် ပြောဖူးတာမဟုတ်ဘူး”

ကျန်းလင် : “ချင်းယွီက နင်နဲ့ပဲဆော့နေတာကို နင်ရှိနေလို့ ငါ့ကိုလျစ်လျူရှုတယ်လေ အဲ့ဒါကြောင့်အမြင်ကတ်လို့လုပ်တာ”

သူ့ကြောင့် မြောင်မြောင်မကောင်းကြံထိသောကြောင့် ချင်းယွီ အတော်လေး စိတ်မကောင်းဖြစ်သွားသည်။

ထို့ပြင် ထိုစကားဝိုင်းအား တခြားကလေးများမှ ခိုးနားထောင်ပြီး သိသွားကြသည်။ ထို့ကြောင့် ကလေးများက ကျန်းလင်အား အပေါင်းအသင်းမလုပ်တော့ပေ။

၃ ရက်လောက်ကြာသောအခါ ကျန်းလင်သည် မနေနိုင်တော့ပဲ မိခင်အား ကျောင်းပြောင်းပေးရန် ငိုယိုတောင်းဆိုတော့သည်။

ထိုအခါ မိခင်မှ ကျောင်းတွင် တစ်စုံတစ်ခု ဖြစ်နေမလားဟုသောစိတ်ဖြင့် ကလေး၏အခြေအနေအားစနည်းနာရန် ကျောင်းသို့ ရောက်လာခဲ့တော့သည်။

(ဆက်ရန်)

မမလေးက 3နှစ်သား (Complete ✅)Where stories live. Discover now