Chapter 54

942 101 0
                                    

Chapter - 54

မြောင်မြောင် ထိုစကားကို ကြားသောအခါအရောင်လက်သွားတော့သည်။

ထိုအခါ ရှုံသာ့ရှုံအယ်က

"ရှောင်ကူးကူး ချင်းယွီကို သွားမထိနဲ့နော် သူနဲ့ကသွေးသားတော်တာမှမဟုတ်တာ ထိချင်ရင် ငါတို့ကိုလာထိလှည့်"

ဟု အတင်းအော်ပြောသည်။

ချင်းယွီအား ကိုင်ကြည့်မည် ပြင်နေသောမြောင်မြောင်က

"နင်တို့ကို ကိုင်ရအောင် နင်တို့မှာ ဘယ်နေရာမှာမှ

ကြွက်သားကရှိမနေတာ......"

ဟု ရယ်မောကာပြန်ဖြေလိုက်သည်။

ရှုံသာ့ : "ဟာ!!! အဲ့စကားကြီးကြောင့် ရင်ထဲနာကျင်သွားပြီ ရပါတယ် တစ်နှစ်ပဲစောင့် တစ်နှစ်ပြည့်ရင် ကြွက်သားအပြည့်နဲ့ဖြစ်စေရမယ်"

ထိုစကားအား ဂရုမစိုက်ပဲ မြောင်မြောင် ချင်းယွီ၏ရင်ဘတ်အား ကိုင်ကြည့်လိုက်သည်။

"ပိန်းဥ နင့်ကြွက်သားက ဘာလို့ပျော့နေတာလဲ?!"

ချင်းယွီ : "သူက တစ်ခုခုကို အားစိုက်လုပ်မနေရင် အဲ့လိုပဲလေ"

ထိုအခါ မြောင်မြောင်သည် ကြိမ်ဖန်များစွာထိကိုင်ပြီးနောက်

"ကဲ ငါ ကိုင်လို့ဝပြီ ရေပူစမ်းကို သွားကြစို့"

ဟု ပြောကာ တက်ကြွစွာထွက်သွားသည်။

ချင်းယွီလည်း ထိုအခါမှ သက်ပြင်းချကာ နောက်မှ လိုက်သွားခဲ့သည်။

မြောင်မြောင်သည် ရေပူစမ်းထဲသို့ မဆင်းခင် အမွှေးနံ့သာများအား ကန်ထဲသို့လောင်းချလိုက်သည်။ ထို့နောက် ဖြေးညင်းစွာ ကန်ထဲသို့ဆင်းသွားသည်။သူမနောက်တွင် ချင်းယွီလိုက်ဆင်းသည်။

မြောင်မြောင် : "ရှုံသာ့တို့ ဆင်းခဲ့ကြတော့လေ

ဖြေးဖြေးဆင်းခဲ့နော် မဟုတ်ရင် ရေတွေလျှံကုန်

မယ်"

မမလေးက 3နှစ်သား (Complete ✅)Where stories live. Discover now