Chapter 69

926 77 0
                                    

Chapter - 69

ချင်းယွီတို့လက်ထပ်ပွဲ ပြီးသွားသောအခါ ရှုံအယ်သည် သတို့သမီးအရံဝတ်စုံ မဝတ်လိုက်ရသောကြောင့် စိတ်မပျော်မရွှင်ဖြစ်နေသည်။

ထို့ကြောင့် သူသည် အနီးနားရှိ ရှေးဟောင်းမြို့သို့အလည်သွားကာ တရုတ်ရိုးရာဝတ်စုံများအား ဝတ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် မိန်းကလေးအဝတ်အစားများဝတ်ကာ မည်သူမှမသိအောင် ဓာတ်ပုံများ သွား,သွားရိုက်တတ်သည်။

ယခုတစ်ခါလည်း ဟိုတယ်သို့ ဘိုကင်ချိတ်ကာ တရုတ်ရိုးရာဝတ်စုံဆိုင်သို့ ချက်ချင်းသွားသည်။

ဆိုင်သို့ရောက်သည်နှင့် လှပကျက်သရေရှိသည့် ဝတ်စုံလေးများအား ဝတ်ကြည့်သည်။ ထို့အပြင် ဆံပင်တုလေးကိုပါ တပ်လိုက်သည်။

သူသည် မိန်းမဆန်ဆန်လှပသည့် သူ့ကိုယ်သူကြည့်ရင်း ကျေနပ်နေမိသည်။ ဝတ်စုံပြည့် ဝတ်ပြီးနောက် ရှေးဟောင်းမြို့လေးသို့ ဓာတ်ပုံရိုက်ရန်ထွက်ခွာလာခဲ့သည်။

ရှုံအယ်သည် တစ်ယောက်တည်းလာရသောကြောင့် selfie stick လေးကိုသာ အဖော်ပြုနေသည်။

သူသည် အရပ်မြင့်မြင့် ချောမောနေသောကြောင့်အလည်အပတ်လာသူများက သူ့အားကြည့်နေကြသည်။

ထို့နောက် ခပ်လှမ်းလှမ်းမှ ယောက်ျားလေးရိုးရာဝတ်စုံဝတ်ထားသည့် တစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူက သူ့အားစိုက်ကြည့်နေပြီး အားကျနေပုံရသည်။

ခဏကြာသောအခါ ထိုလူသည် ရှုံ့အယ်ဆီသို့တည့်တည့်လျှောက်လာခဲ့ကာ နှုတ်ဆက်သည်။

"တွေ့ရတာဝမ်းသာတယ်နော် ကျဲကျဲက အရပ်အရမ်းမြင့်တာပဲ အားကျလိုက်တာ"

ထိုအသံကြောင့် ယောက်ျားလေးဝတ်စုံဝတ်ထားသူသည် မိန်းကလေးဖြစ်နေမှန်း သိလိုက်ရသည်။

မမလေးက 3နှစ်သား (Complete ✅)Where stories live. Discover now