Chapter 18

1.6K 161 3
                                    

Chapter - 18
 
ရှချန်းရှီသည် သူမသားကိုကြည့်ရင်း အံ့ဩစွာတွေးမိသည်။ သူမသားက သူမတို့ကို ဒီလိုတရားမဝင်အလုပ်တွေလုပ်နိုင်တယ်လို့ထင်နေတာလား?
 
“သားလေး မေမေရောဖေဖေရောက ဒီလိုအလုပ်တွေဘယ်လုပ်ပါ့မလဲ?? ဒါက ပြစ်မှုမြောက်တယ်လေ သားလေးရဲ့”
 
ချင်းယွီ : “မေမေ သားအခုအတန်းအသစ်မှာပျော်ပါတယ် အရင်ကအနိုင်ကျင့်ခံရပေမဲ့ အခုတော့
ပျော်နေပြီ” 
ချင်းယွီအား မြောင်မြောင်တစ်ယောက်တည်းကသာ အဖော်လုပ် ကစားသော်လည်း သူပျော်သည်။ သူ့ကိုဝသည်ဟု တခြားသူများက စကြတိုင်း မြောင်မြောင်က ရှေ့မှရပ်တည်ကာကွယ်ပေးသည်။ထို့ကြောင့် သူအနေနှင့် သူငယ်ချင်းတစ်ယောက်တည်းရှိစေကာမူ ပျော်ရွှင်နေသည်။
 
သူ့အားအနိုင်ကျင့်သည့် ကောင်လေးတချို့သည်လည်း မိဘခေါ်ခံရသည့်နေ့မှစ၍နောက်ပေါ်မလာတော့ပေ။
 
ရှချင်းရှီ : “သားလေး မေမေပြောတာ နားထောင်နော် အနိုင်ကျင့်တဲ့သူတွေဆိုတာ ကျောင်းပြောင်းရမှာပဲလေ အနိုင်ကျင့်ခံရတဲ့သူဆိုတာ ကျောင်းပြောင်းစရာမှမလိုတာ သူတို့မှားတာဆိုတော့ သူတို့ပဲ
ရလဒ်ကို လက်ခံသင့်တာပေါ့ ဟုတ်တယ်မလား သားလေး”
 
ချင်းယွီ(ခေါင်းငုံ့လျက်) : “ဟုတ်ကဲ့ သားသိပါပြီ”
 
ထိုညက မြောင်မြောင်တစ်ယောက် အိမ်စာလုပ်ပြီးသောအခါ ချင်းယွီဆီမှ အသံမက်ဆေ့ချ် တစ်စောင်ရောက်လာခဲ့သည်။ ချင်းယွီပြောသည်ကိုနားထောင်ပြီးသောအခါ မြောင်မြောင်ပြန်ပြောလိုက်သည်။
 
“ပိန်းဥလေး နင့်မေမေက တကယ်မိုက်တယ် အခုဆိုကျောင်းမှာအနိုင်ကျင့်တဲ့သူတွေ အခုကျောင်းကနေအကုန်ထွက်ကြရတော့မယ်”
“ဟုတ်တယ် ဟုတ်တယ် မေမေကပြောတယ်သူတို့ကို ဒီကမ္ဘာကြီးကနေ ပျောက်ကွယ်အောင်လုပ်လိုက်တာမဟုတ်ပဲ ကျောင်းပဲပြောင်းခိုင်းလိုက်တာတဲ့” 
ချင်းယွီတစ်ယောက် သက်ပြင်းချကာ ပြောလိုက်သည်။
 
“မြောင်မြောင် ငါဒီတစ်ပတ်ပိတ်ရက်မှာ နင်တို့အိမ်လာဆော့လို့ရလား??”
 
မြောင်မြောင် : “အေးအေး ရှောင်အာကလဲ ဒီနားမှာနေတာဆိုတော့ ငါတို့အတူတူ အိမ်စာလုပ်လို့ရတာပေါ့” 
ချင်းယွီလည်း သဘောတူလိုက်သည်။ သို့သော် သူအနည်းငယ် စိတ်လှုပ်ရှားနေသည်။ သူ့အတွက် ပထမဆုံး သူငယ်ချင်း အိမ်လိုက်လည်ရမည်ဖြစ်သောကြောင့် မြောင်မြောင့်မိဘတွေ သူ့အားသဘောကျပါစေဟု ဆုတောင်းနေမိသည်။
 
နောက်တစ်နေ့တွင် မြောင်မြောင်အိမ်လိပ်စာပို့လိုက်သောအခါ ချင်းယွီ အံ့ဩစွာပြော
လိုက်သည်။
"ငါလည်း အဲ့ရပ်ကွက်မှာနေတာပဲ”
 
 
“ကြည့်ရတာ ဒီရပ်ကွက်က အကျယ်ကြီးမလို့ ထင်တယ် ငါကလဲအပြင်သိပ်မထွက်ဘူးလေ” 
ဟု ချင်းယွီ ပြန်ဖြေလိုက်သည်။ ထို့နောက် ချင်းယွီသည် မိခင်ဖြစ်သူအား မြောင်မြောင်ပို့ပေးလိုက်သောလိပ်စာကို သွားပြကာမြေပုံကြည့်ပေးခိုင်းသည်။
 
ထိုအခါမှ သူ့အိမ်သည် တောင်ဘက်ဂိတ်ပေါက်နှင့်နီးပြီး မြောင်မြောင့်အိမ်သည်မြောက်ဘက်ဂိတ်ပေါက်နှင့်နီးသည်ကို တွေ့လိုက်ရသည်။
 
ထို့ကြောင့် ယခုမှ သူတို့နှစ်ဦးသား တစ်ရပ်ကွက်
တည်းနေမှန်းသိရသည်။ သောကြာနေ့ညနေတွင် ကျောင်းဆင်းသောအခါ မြောင်မြောင်သည် နောက်နေ့မနက်ကိုးနာရီတွင် တွေ့ရန်ချိန်းလိုက်သည်။ မနက်ပိုင်းတွင် သူမတို့အိမ်စာလုပ်နေရင်းနေ့လယ်တွင်မူ ကစားကြမည်ဟု ဆုံးဖြတ်ထားသည်။
ထိုည ညစာစားသောအခါ မြောင်မြောင်က ဖူ့ရုံအား သတိပေးလိုက်သည်။ 
"မေမေ မနက်ဖြန် သမီးသူငယ်ချင်းအိမ်လည်လာမယ်နော် သူလဲ သမီးလိုပဲ ကြက်ခြေထောက်ကြော် ကြိုက်တယ် သိလား”
ဖူ့ရုံ : “ဒါဆို မေမေ အန်တီကြီးကို များများလေးလုပ်ခိုင်းထားမယ်လေ”
မြောင်မြောင်သည် နောက်နေ့ ကြက်ခြေထောက်ကြော် စားရတော့မည်ကို တွေးကာပျော်ရွှင်စွာနှင့် နှုတ်ခမ်းသပ်လျက်ရှိသည်။
 
စနေနေ့မနက်တွင် မနက်စာ စားပြီးနောက် ချင်းယွီဆီမှ အသံမက်ဆေ့တစ်စောင်ရောက်လာသည်။
 
“မြောင်မြောင် ငါထွက်လာပြီနော်”
“အေးအေး ငါအောက်ထပ်ကနေစောင့်နေလိုက်မယ်”ပြောပြီးသည်နှင့် မြောင်မြောင်သည် အပေါ်ထပ်ရုံလိုက်ကာ ချက်ချင်း အောက်ထပ်ကိုပြေးဆင်းတော့သည်။
“မေမေ ပိန်းဥ ရောက်တော့မယ်တဲ့ သမီးအောက်ထပ်ကိုသွားကြိုလိုက်ဦးမယ်နော်”
မြောင်မြောင် ပြန်ပေးဆွဲခံရပြီးကတည်းကသူမ သမီးအား အိမ်အောက်ထပ်ကိုပင် စိတ်မချတော့ပေ။ သူတို့အဆောက်အဦးတွင် တစ်အိမ်စီအတွက်ဓာတ်လှေကားတစင်းစီရှိသည်မှာ အဆင်ပြေလှသည်။ သူတို့ အောက်ထပ်သို့ရောက်သောအခါ မြောင်မြောင်သည်မျှော်လင့်တကြီး သူမသူငယ်ချင်းအားစောင့်မျှော်နေသည်။ ခဏကြာပြီး နောက် ကားတစ်စီးသည်သူမတို့ရှေ့သို့ ရပ်လိုက်သည်။
ချင်းယွီ(ခေါင်းငုံ့ကာ) : “ဟီး ငါတို့ကတစ်ရပ်ကွက်တည်းဆိုတော့ မြန်တာပေါ့”
 
 
 
ချင်းယွီ : “ဟုတ်ကဲ့ပါ အန်တီ”
ချင်းယွီ : “ငါကတော်ပြီ ဝိတ်လျှော့နေတာမလို့”
 
“အေး ၀.၈ ပေါင်ကျသွားတယ်တဲ့ နည်းနည်းလေးပဲပေမဲ့ ဒေါက်တာက ဖြေးဖြေးချင်းဝိတ်ချတာကကျန်းမာရေးအတွက် ကောင်းတယ်လို့ ပြောတယ်”
“ဟုတ်တယ် ဟုတ်တယ်”
ထို့နောက် ကလေးများသည် အပေါ်သို့တက်ကာ အိမ်စာတူတူလုပ်ကြသည်။ အိမ်စာများပြီး၍ အဖြေများတိုက်ကြသောအခါ ချင်းယွီ၏အဖြေများမှာမှန်နေသည်။
 
မြောင်မြောင် : “ချင်းယွီ နင်က အရမ်းတော်တာပဲ ငါဆိုအပေါင်းအနှုတ်ပုစ္ဆာတွေကိုခြေချောင်းလက်ချောင်းတွေနဲ့သုံးပြီး တွက်ရတုန်းပဲ”
 
ချင်းယွီ : “မဟုတ်ပါဘူးဟာ ငါ့မိဘတွေကတော်ကြတော့ ငါလဲမျိုးရိုးလိုက်တာနေမှာ”
 
မြောင်မြောင် : “အဲ့တော့ ကောင်းတာပေါ့ဟာ ငါကျငါ့မေမေကတော်ပေမဲ့ ဖေဖေကစာသိပ်မရဘူးတဲ့ အဲ့တော့ ငါကတော်လည်းမတော် ညံ့လည်းမညံ့ဘူးဖြစ်နေတာ”
 
“နောက်ပြီး အလယ်တန်းကျရင် အမြှောက် အစားတွေပါသင်ရမှာလို့မမတွေကပြောတယ် ငါတော့ အရမ်းကြောက်တာပဲဟာ”
ချင်းယွီ : “မကြောက်ပါနဲ့ ငါနဲ့နင်နဲ့တစ်တန်းတည်းတက်ရမှာပဲဟာ နင်မသိရင်ငါ့ကိုမေးလေဘယ်လောက်ပဲမေးမေး ငါဖြေပေးမှာပေါ့”
 
မြောင်မြောင် : “တကယ်နော်?!”
ချင်းယွီ : “တကယ်ပေါ့ဟ”
 
မြောင်မြောင် : “နင်က တကယ့်ကို လူကောင်းလေးပဲ”
 
ချင်းယွီ : “နင်ကမှ တကယ့် နတ်သမီးလေးပါ ဟာ”
ထို့နောက် သူမတို့ တရုတ်ဘာသာအိမ်စာများ စလုပ်တော့သည်။ တရုတ်ဘာသာအတွက်မူ ဆရာမသည် စာအုပ်ထဲရှိစာများအား ကူးရေးခိုင်းသည်။ ထိုစာများမှာ အနည်းငယ်ရှုပ်သောကြောင့် မြောင်မြောင်တို့ တော်တော်လေးကြိုးစားရေးနေရသည်။ နှစ်နာရီလောက်ကြာသောအခါ မြောင်မြောင်တစ်ယောက်ပင်ပန်းသောကြောင့် မီးဖိုချောင်ထဲသို့သွားကာ ရေသောက်လိုက်သည်။ ထိုအချိန်တွင်system မမ အသံကရုတ်တရက် ထွက်ပေါ်လာသည်။
 
“မြောင်မြောင်လေးရေ မမsystem အဆင့်မြှင့်ပြီးသွားပြီနော်”
 
မြောင်မြောင် : “အဆင့်မြင့်တယ်ဆိုတာ ဘာလဲဟင်?”
 
system မမ : “အခုလုပ်နေတဲ့ လုပ်ငန်းကိစ္စတွေအားလုံးတိုးတက်အောင်လုပ်တာပေါ့ကွယ်”
 
“အခု မမပြောပြမယ်နော် အခု မြောင်မြောင်မြင်နေရတဲ့ပုံရိပ်ယောင်ရဲ့ဘယ်ဘက်ကဟာတွေက မိသားစုတွေ ညာဘက်က သူငယ်ချင်းတွေပေါ့”
 
“သူတို့အားလုံးက ညီမလေးကို မုန်းနေတဲ့ ရာခိုင်နှုန်းဘယ်လောက်ရှိလဲဆိုတာကြည့်လို့ရတယ် နောက် တခြားကျန်းမာရေးရာခိုင်နှုန်းတွေလည်းကြည့်လို့ရတယ်”
 
မြောင်မြောင် : “ဟင် ဟုတ်လား?? ဒါဆို မိုက်တာပေါ့နော်”
 
“ဒါနဲ့လေ မြောင်မြောင်ကဒီလောက် ချစ်ဖို့ကောင်းတာကိုမုန်းတဲ့သူတွေရှိတာလားဟင်?”
 
system မမ : “လူတစ်ယောက်က ဘယ်လောက်ကောင်းအောင်နေပါစေ မုန်းတဲ့သူတွေကတော့ရှိစမြဲပဲမြောင်မြောင်ရဲ့ ဒီတော့ သူတို့မုန်းလို့ဆိုပြီးစိတ်ထဲမထားရဘူးနော်”
မြောင်မြောင် : “ဟုတ်ကဲ့ပါ မမ”
 
“ဒါနဲ့ မမ ပြန်လာတာမြန်လိုက်တာ”
 
system မမ : “ဟုတ်တယ် မမ တခြား system တစ်ခုကိုစားလိုက်ရတာလေ”
 
မြောင်မြောင် : “ဟင် မမက system ဟာကို တခြား systemကိုစားတာလား??”
 
“မေမေကပြောဖူးတယ် ညီမလေးတို့ကလူမလို့ လူသားမစားဘဲ ကြက်သား၊ ဝက်သား၊ အမဲသားတွေကိုပဲ စားကြတာတဲ့”
 
“မျိုးတူသားဆိုတာမစားကောင်းဘူးတဲ့”
 
system မမ : “ဟုတ်တာပေါ့ ဒါပေမဲ့ မမတို့က dataကိုပဲစားတာလေ အသားကိုစားတာမဟုတ်ဘူး မြောင်မြောင်ရဲ့”
“အထူးသဖြင့် မကောင်းတဲ့ system တွေပေါ့ ချမ်းသာတဲ့ အိမ်ထောင်ရှိယောက်ျားတွေကိုပဲအပိုင်ကြံချင်ကြတဲ့ system တွေကိုစားကြရတာ”
 
မြောင်မြောင် : “ဒါဆို မမက မကောင်းတဲ့
system ကိုပဲစားတာပေါ့နော်”
 
system မမ : “အင်းပေါ့ မမတို့လောကမှာလည်း ကောင်းမွန်တဲ့ system အချင်းချင်းမစားရတဲ့စည်းမျဉ်းကြီးရှိတယ်လေ”
 
မြောင်မြောင် : “ဒါဆို ဟိုအတွင်းရေးမှူးမမကို အဲ့မကောင်းတဲ့ system ကညွှန်ကြားနေတာပေါ့နော်”
 
system မမ : “ဟုတ်တယ် သူကိုယ်တိုင်ကလည်း အဲ့လိုမကောင်းတဲ့စိတ်ရှိနေလို့ပေါ့ကွယ်”
 
“ဒါနဲ့ အဲ့လိုမကောင်းတဲ့ system တွေကမကောင်းလေလေ စားရတာအရသာရှိလေလေပဲ သိလား??”
 
မြောင်မြောင့်စိတ်ထဲတွေးမိလိုက်သည်။
 
“ဒါနဲ့ မမ ချင်းယွီက ဘာလို့ဘယ်ဘက်မှာပဲ ရှိနေသေးတာလဲဟင်?”
 
system မမ : “ဟုတ်သားပဲ ဒါကဘာလို့ မပြောင်းပါလိမ့်?? ဘယ်ဘက်မှာက မိသားစုဝင်တွေပဲရှိကြတာကို”
 
“အယ်.. ဒါဆို ချင်းယွီကငါရဲ့ပျောက်ဆုံးနေတဲ့အစ်ကိုများလား???”သူမ အံ့ဩတုန်လှုပ်စွာ တွေးမိသည်။ သည်လိုနှင့် တနင်္လာနေ့မနက်တွင် မြောင်မြောင်နှင့်ချင်းယွီတို့ အတန်းထဲတွင်အက လေ့ကျင့်နေကြသည်။ ဆရာမသည် ကလေးများ တစ်ယောက်တစ်ပေါက် ကနေကြသည်ကိုမြင်ပြီးသွေးတက်နေသည်။
 
ထို့ကြောင့် အမြင်လှသော အကတော်သည့်ကလေး၈ယောက်ကိုသာရွေးလိုက်သည်။မိန်းကလေး၄ယောက် ယောက်ျားလေး၄ယောက်ကိုရွေးထားပြီး ထိုထဲတွင် မြောင်မြောင်ပါသော်လည်းချင်းယွီမပါပေ။
ထိုအခါ မြောင်မြောင်သည် ဆရာမအား
“ဆရာမ ချင်းယွီကတာအမှားမပါတာကို ဘာလို့
မရွေးတာလဲဟင်?” ဟု မေးလိုက်သည်။
 
ဆရာမ : “ဟုတ်တယ်သမီးရဲ့ ဒါပေမဲ့ ဆရာမတို့မှာ ချင်းယွီ size နဲ့ကိုက်တဲ့ ဝတ်စုံမရှိဘူးလေ”
 
“ဒီလိုလုပ်တာ မတရားဘူးလို့ထင်ပေမဲ့ ဆရာမမှာလည်း နည်းလမ်းမရှိလို့ပါ”
ထိုစကားကို ချင်းယွီကြားသောအခါ စိတ်ထဲထိခိုက်နာကျင်သွားသည်ကို မြောင်မြောင်သတိထားမိသည်။
 
ထို့ကြောင့် မြောင်မြောင်သည် ချင်းယွီ ၏လက်ကိုဆွဲကာ “လာ ပိန်းဥ ငါတို့ဝိတ်ကျဖို့ သွားပြေးရအောင်” ဟု စိတ်အားထက်သန်စွာပြောသည်။
 
ထိုအချိန်တွင် ဆရာမကပြေးထွက်တော့မည့်မြောင်မြောင့်အားအော်ပြောလိုက်သည်။
 
“မီးမီး မလေ့ကျင့်တော့ဘူး ဆရာမ မီးမီး ပိန်းဥကို ဝိတ်ကျအောင်ကူညီပြီးမှ တူတူကတော့မယ်”
“ကျိုရှုက ကချင်နေတာ ဆရာမသူ့ကိုမီးမီးအစား အစားထိုးလိုက်နော်”
 
သူမသည် စတိတ်စင်ပေါ်တွင် ဖျော်ဖြေချင်သော်လည်း သူမသူငယ်ချင်းကသူမတို့ဖျော်ဖြေနေသည်ကိုကြည့်ပြီး စိတ်ညစ်ရမည်ဆိုလျှင်သူမ
ဒီအခွင့်အရေးအား လက်လွှတ်ခံလိုက်မည်။
 
“ပိန်းဥ ငါတို့ဝိတ်လျှော့ပြီးမှ အတူတူအကလေ့ကျင့်ကြတာပေါ့ ငါတို့ဒီတစ်ခါမပါရလည်း ကိစ္စမရှိပါဘူးနောက်ကျလဲ အခွင့်အရေးတွေရှိတာပဲဟာ”
 
ထိုစကားကိုကြားသောအခါ ချင်းယွီတစ်ယောက်ရှိုက်ကြီးတငင်ငိုတော့သည်။
 
မြောင်မြောင် : “ပိန်းဥ ဘာဖြစ်တာလဲ???
ဘာလို့ ရုတ်တရက်ကြီး ထငိုတာလဲ???”
 
ချင်းယွီ : “နင်ငါ့အတွက်နဲ့ဒီလိုလုပ်ပေးစရာမလိုပါဘူး နင်ပြန်သွားလိုက်ပါ”
 
မြောင်မြောင် : “တော်ပါပြီဟာ ငါတို့ကသူငယ်ချင်းတွေပဲ အတူတူလုပ်ရမှာပေါ့ နင်အခုဝိတ်ချလိုက် ဒီနှစ်မကရလည်း နောက်နှစ်ပဲ မဟုတ်လဲငါတို့နှစ်ယောက်တည်း ကဖို့ ဆရာမကိုပြောကြည့်မယ်လေ သီးခြားဖျော်ဖြေမှုပေါ့ဟ”
 
ထိုအခါ ချင်းယွီလည်း စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြလိုက်သည်။
 
ထို့နောက် သူတို့ကျောင်း အားကစားကွင်း အား ပတ်ပြေးနေကြသည်။ မြောင်မြောင် သည် ချင်းယွီအလစ်တွင် သူ၏ပုံရိပ်ယောင်အားဖွင့်ကြည့်လိုက်သောအခါချင်းယွီ ၏ကျန်းမာရေးရာခိုင်နှုန်းသည် 61% သာ ရှိသည်ကိုတွေ့လိုက်ရသည်။ထို့ကြောင့် သူမချက်ချင်း system မမအားခေါ်လိုက်သည်။
 
“မမ မြောင်မြောင်လေ ချင်းယွီကို မြောင်မြောင်ရဲ့ကျန်းမာရေး ရာခိုင်နှုန်းပေးချင်တယ်”
 
“အခုမြောင်မြောင်မှာ 80% ရှိတယ်လေ သူ့မှာက 60%ပဲရှိတာ သူ့ကို 20% ပေးလိုက်ရင် သူပိန်သွားမယ်ထင်တယ်”
 
system မမ : “တစ်ခါတည်း အဲ့လောက်အများကြီးပေးလိုက်ရင် မြောင်မြောင်ရော သူရော ကျန်းမာရေးထိခိုက်လိမ့်မယ် မြောင်မြောင်ရဲ့”
 
“ဒီလိုလုပ်ပါလား မြောင်မြောင်က တစ်ပတ်ကို 5% ပဲပေးလေ အခုဖျော်ဖြေပွဲမှာလည်း ပါတော့မှာမှမဟုတ်တာ ဒီတော့မြန်မြန် ဝိတ်ကျစရာမလိုဘူးလေ”
 
မြောင်မြောင် : “ဒါပေမဲ့ မမရယ် သူကဝနေတယ်ဆိုပြီး အတန်းထဲကကလေးတွေက ဝိုင်းစကြတယ်”
 
“သူ့ကို အစမခံရစေချင်တော့ဘူး”
 
systemမမ : “ဒါဆိုလည်း တစ်ပတ်ကို 5% သူ့ကိုပေးပြီး ဘာတွေစားရမလဲ ရှောင်ရမလဲဆိုတာတွေကိုသတိပေးပြီးစားခိုင်းလိုက်လေ”
 
“အဓိက,က ပရိုတင်းဓာတ်ပါတာတွေစားရမယ် အသားတို့ကြက်ဥတို့လိုပေါ့”
 
ထို့နောက် မြောင်မြောင်သည် ချင်းယွီအား
ဒီတစ်ပတ်အတွက် 5% အားလွှဲပေးလိုက်ကာ ကန်တင်းသို့ အတူတူသွားကြသည်။
 
ကန်တင်းတွင် သူမသည်ချင်းယွီအား လက်ဖက်ကြက်ဥ ၂လုံးအပြင် ကြက်ဥပြုတ်၂လုံးကိုပါစားခိုင်းလိုက်သည်။
 
ကြက်ဥတွင် ပရိုတင်းပါသည်မဟုတ်လား??
 
သည်လိုနှင့် သူမသည် ချင်းယွီအား မနက်နေ့ည အတွက် ကြက်ဥကိုသာ များများစားခိုင်းလိုက်သည်။ အိမ်သို့ပြန်ရောက်သောအခါ သူမသည်ချင်းယွီနှင့်ပြေးလိုက်ရသောကြောင့် သူမဝိတ်ကျသွားမည်ကို စိုးရိမ်ကာ အစားများများစားလိုက်သည်။
 
ထို့နောက် ဖူ့ရုံအားကစားလုပ်သည်ကို သတိရပြီးမြောင်မြောင်တစ်ယောက် ဝိတ်ကျစေရန် နည်းလမ်းများအား တရစပ်မေးတော့သည်။ ထို့နောက် သူငယ်ချင်းလေးအား အသံ မက်ဆေ့ပို့ရပြန်သည်။
 
“ပိန်းဥ မေမေကပြောတယ် နင်ပရိုတင်းများများစားပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ရမယ်တဲ့”
 
“အမဲသားတို့ကြက်ဥတို့များများစားပြီးရင် ပဲတွေဆန်တွေကိုရှောင်ရမယ်ကြားလား??”
 
ချင်းယွီသည်လည်း ချက်ချင်း မိခင်ဖြစ်သူဆီသို့ပြေးကာ စားသောက်ရမည့် dietplanအား ဖွင့်ပြတော့သည်။
 
ရှချန်းရှီသည်လည်း သူ့သား ၏စိတ်အားထက်သန်မှုကို အံ့ဩနေသည်။ ထို့နောက်သူမကလေး အားနည်းမှာ စိုးရိမ်ရပြန်သည်။
 
“ငါ သားလေးကိုအသားများများကျွေးမှပဲ မဟုတ်ရင်ကလေးလေးကမေ့လဲသွားလိမ့်မယ်”
 
ထိုအချိန်တွင် မြောင်မြောင်သည် သူ့မေမေ၏လှုပ်ရှားမှုများအား ကြည့်ကာ လေ့ကျင့်ခန်းလုပ်သော်လည်း ခက်ခဲသောကြောင့်ပင်ပန်းလာသည်။ ဒါပေမဲ့ သူမ ပိန်းဥနဲ့အတူလေ့ကျင့်ရမည်ဟု တွေးကာလက်မလျှော့ခဲ့ပေ။
 
ကျောင်းသို့ရောက်သောအခါ ချင်းယွီအား ဝိတ်လျှော့ပေးမည့်အစီအစဉ်ကို တစ်ကျောင်း
လုံးသိနှင့်နေခဲ့ပြီဖြစ်သည်။ ထိုကြောင့် အတန်း၂ မှလုချီက မြောင်မြောင်တို့ကြိုးခုန်နေချိန်တွင် သွားစနောက်တော့သည်။
 
“မြောင်မြောင် နင်က ဟိုကောင့်ကို ဝိတ်ချပေးနေပေမဲ့ နင်ကပိန်ပြီးသူမပိန်သွားသလိုပဲ”
တကယ်တမ်း မြောင်မြောင်သည် အိမ်ပြန်ရောက်တိုင်းအစားများ စားနေသောကြောင့် သူမ
ဝိတ်မကျနိုင်သည်မှာသေချာသည်။
 
မြောင်မြောင် : “နင်ဘာတွေပြောနေတာလဲ?? ပိန်းဥ ဒီလောက်တောင်ပိန်သွားသည်ကို မမြင်ဘူးလား??”
 
လုချီ : “နင်လုပ်နေတဲ့လေ့ကျင့်ခန်းကလည်း ခြေထောက်လေးလှုပ်ရုံနဲ့တင်ဆိုတော့
ဘယ်ဝိတ်ကျပါ့မလဲ??”
 
မြောင်မြောင် : “ဘယ်ကသာ ငါ့အမေကဒါတွေပဲလုပ်ပြီး အခုထိလှပနေတာ”
 
ယခုအခါ ချင်းယွီသည် ကျန်းမာရေးရာခိုင်နှုန်း ၇၂ ရှိနေပြီဖြစ်သည်။ ထို့ကြောင့် တစ်ပတ်အတွင်း 1.5 kg ကျနေပြီဖြစ်သည်။ နောက်ထပ် 1.5 kgသာ ကျသွားလျှင် ချင်းယွီအတွက် ကြည့်ကောင်းနေမည်မှာ
သေချာသည်။ စနေနေ့သို့ရောက်သောအခါ သူမသည် ချင်းယွီအိမ်သို့အလည်သွားရမည့် အလှည့်
ဖြစ်သောကြောင့် သူမစောစောနိုးနေသည်။ ထို့နောက် အဝတ်အစားဝတ်ရန်သေချာရွေး
နေလိုက်သည်။ ၈နာရီထိုးသောအခါ သူမ အောက်ထပ်သို့ မနက်စာဆင်းစားသည်။ ထို့နောက် သူမ
မေမေအား ခြေထောက်လေးကိုဖက်ကာ
“မေမေ သမီးဒီနေ့ကျစ်ဆံမြီးကျစ်ချင်တယ်”
ဟု ချွဲနွဲ့ကာပြောလိုက်သည်။
 
“အာ့ဆို ဒီနားလာထိုင်လှည့် မေမေ သမီးကိုကျစ်ဆံမြီး လှလှလေးကျစ်ပေးမယ်”
 
မြောင်မြောင့်အား ဖူ့ရုံ လှလှပပလေးပြင်ဆင်ပေးပြီးနောက် အပြင်ဘက်သို့နှစ်ယောက်သားထွက်လာခဲ့ကြသည်။
 
မြောင်မြောင်တို့ ချင်းယွီအိမ်ရှေ့သို့ရောက်သောအခါ အသံစွာစွာလေးနှင့်
“အန်တီ မင်္ဂလာပါ သမီးကမြောင်မြောင်ပါရှင့်” 
ဟု မိတ်ဆက်လိုက်သည်။
 
ရှချန်းရှီ : “မြောင်မြောင်က လိမ္မာလိုက်တာ”
 
ဖူ့ရုံ : “သမီးလေးကို ဒီမှာထားခဲ့မယ်နော် အလုပ်တော့ပိစေပါပြီရှင်”
ရှချန်းရှီ : “မဟုတ်တာရှင် ချင်းယွီလည်း အရင်နေ့က အိမ်လည်သွားတာပဲကို ကျွန်မကလည်း ကျေးဇူးတင်ပါတယ်နော်”
ထို့နောက် မြောင်မြောင်သည် ရှချန်းရှီတို့နှင့်အတူ အိမ်ထဲသို့ဝင်လာခဲ့သည်။
 
ဝင်ဝင်ချင်းတွင် သူမ ချင်းယွီဖခင်အားတွေ့ခဲ့သည်။မြောင်မြောင်စိတ်ထဲတွင် : “ ဝါး… ချောလိုက်တာ” ဟု ရေရွတ်နေမိသည်။
 
ချင်းယွီ : “ဖေဖေ ဒါက သားသူငယ်ချင်းလေ”
 
မြောင်မြောင် : “ဦးလေး မင်္ဂလာပါ သမီးက ဝမ်မြောင်မြောင်ပါ”
 
မြောင်မြောင်တစ်ယောက် ချင်းယွီ့ဖခင်အား ကြည့်ကာ မှင်သက်နေသည်။ ထို့နောက်သူတို့ အခန်းထဲဝင်ကာ အိမ်စာတူတူလုပ်ကြရန်ပြင်သည်။
 
မြောင်မြောင် : “ပိန်းဥ နင့်အဖေက တကယ်ချောတာပဲဟ ငါ့အဖေကအချောဆုံးထင်နေတာ နင့်အဖေကပိုချောတယ် သိလား”
 
ချင်းယွီ : “ဟုတ်လား?? ဒါပေမဲ့ ငါကျတော့မချောဘူးနော်”
 
မြောင်မြောင် : “ဟာ မဟုတ်တာ ခုတောင် ဒီလောက်ချစ်စရာကောင်းနေတာ နင်ဝိတ်
ကျသွားရင် ပိုချောလာမှာ နင့်မိဘနှစ်ယောက်လုံး ချောတာပဲဟာ နင်ကပိုတောင်ချောလာဦးမယ်”
ထိုစကားကိုကြားသောအခါ ချင်းယွီ အားတက်သရောခေါင်းငြိမ့်ပြသည်။
 
ဟုတ်တယ်… ငါချောမှဖြစ်မယ် ငါ့အဖေထက်ကို ပိုချောရမယ်……
 
မြောင်မြောင့်မျက်လုံးထဲမှာ ငါကအချောဆုံးဖြစ်နေရမယ်……
 
(ဆက်ရန်)

မမလေးက 3နှစ်သား (Complete ✅)Where stories live. Discover now