Chapter 42

1.1K 117 0
                                    

Chapter - 42

ရှုံသာ့ ရှုံအယ်တို့သည် ပိတ်ရက်ဖြစ်သော်လည်း ညမှောင်မှ ကျောင်းက ပြန်လာကြရသည်။ အဘွားဖြစ်သူအား သွားတွေ့သောအခါ အဘွားမှာ လူကြီးပီပီ အိပ်မောကျနေပြီဖြစ်သည်။

ထို့ကြောင့် ကလေးများ အိမ်သို့သာ ပြန်သွားကြရသည်။

ကျန်းဖန်ဖန်သည် ဖြစ်ကြောင်းကုန်စင်အား သားနှစ်ယောက်ကို ပြောပြလျှင် မြောင်မြောင့်ဆီရောက်သွားနိုင်သောကြောင့် မပြောပြပေ။

နောက်နေ့ နေ့လယ်တွင် မြောင်မြောင် အိပ်မည်လုပ်နေတုန်း ရှုံသာ့မှ voice message ပို့လိုက်သည်။

"ရှောင်ကူးကူး ငါတို့ ဘွားဘွားအတွက် ဘုရားမှာသွားဆုတောင်းကြမလား??"

မြောင်မြောင် : "အာ..မလိုပါဘူး ဘွားဘွားကကောင်းနေပြီလေ"

မြောင်မြောင်သည် မိသားစုဝင်တိုင်းအတွက် health value အား 100 စီ ထည့်ပေးမည်ဟု ဆုံးဖြတ်ထားသည်။ သို့သော် တစ်ခါတည်းတော့ မရ။ အချိန်ခွဲကာ ထည့်ပေးမှ အဆင်ပြေမည်။

သို့သော် system မှ ထိုသို့လုပ်လျှင် သဘာဝအား လွန်ဆန်နေမှန်း သိသာသောကြောင့်

အန္တရာယ်ဖြစ်မှသာ ကာကွယ်ပေးသင့်ကြောင်း ရှင်းပြသည်။

မြောင်မြောင်သည် system ပြောသည့်အတိုင်း တသွေမတိမ်းနားထောင်သည်။ သူမသည်

system ကြောင့်သာ ယခုလို ပျော်ရွှင်သောမိသားစုဘဝကို ပိုင်ဆိုင်နေရမှန်း သဘောပေါက်မိသည်။

systemသည် ကျောက်ဖန်၏ system ဆိုးအား စားရန် နှစ်ရက်ထက်မနည်း ကြိုးစားလိုက်ရသည်။

ထိုစားသောအသံမှာ မြောင်မြောင့်ကို ဗိုက်ဆာလာစေရန် ဆွဲဆောင်နေသယောင်ပင်။

မြောင်မြောင်သည် ကျောင်းရောက်သောအခါ ချင်းယွီနှင့် ရွေးထားသောသီချင်းအား တိုက်ကြသည်။

မမလေးက 3နှစ်သား (Complete ✅)Where stories live. Discover now