Chapter 46

1K 112 1
                                    

Chapter - 46

မြောင်မြောင်

"ဟုတ်တယ် ဟုတ်တယ် ငါတို့ ပိန်းဥကယောက်ျားကောင်းတစ်ယောက်ပဲ အဲ့လိုတွေ လုံးဝလုပ်မှာ မဟုတ်ဘူး"

ချင်းယွီသည် သူ့နတ်သမီးလေး ပြောသောစကားကြောင့် ရင်ကိုအေးမြသွားသည်။

"မြောင်မြောင်က ငါ့ကို အမြဲ အကောင်းဘက်က တွေးပေးတာပဲ....."

ထို့နောက် လေးဦးသား ပဟေဠိများအား ဖြေရှင်းကာ အခန်းလေးခန်းမြောက်မှ ထွက်လာနိုင်ခဲ့သည်။

ဝန်ထမ်း : "ဂုဏ်ယူပါတယ် လူကြီးမင်းတို့ ၅၇ မိနစ်ပြည့်မှာ အခန်းလေးခန်းကနေ အောင်မြင်စွာထွက်လာနိုင်ခဲ့ပါပြီ"

ထိုအခါ မြောင်မြောင်သည် တစ်နာရီပြည့်ရန် သုံးမိနစ်ပဲလိုတော့သောကြောင့် ဟူးကနဲသက်ပြင်းချလိုက်သည်။

"တော်ပါသေးရဲ့......"

ထို့နောက် လေးဦးစလုံး သိမ်းထားသောဖုန်းနဲ့အိတ်များကိုယူကာ နာရီကိုကြည့်လိုက်သည်။နေ့လယ် ၁၂ နာရီကျော်ပြီ ဖြစ်သောကြောင့် ဟော့ပေါ့သွားစားရန် ဆုံးဖြတ်လိုက်ကြသည်။

ဟော့ပေါ့ဆိုင်သို့ သူမတို့လေးဦးလုံး လူကြီးမပါပဲပထမဆုံး ရောက်ဖူးခြင်းဖြစ်သည်။ ထို့ကြောင့် သူမတို့အားလုံး စိတ်လှုပ်ရှားကြသည်။

မြောင်မြောင်တို့တစ်အုပ်စုလုံး ဈေးများကိုကြည့်ကာ အလွန်ဈေးချိုသောကြောင့် အံ့အားသင့်သွားကြကာ အများကြီး မှာလိုက်သည်။

ဟင်းပွဲများမှာ စားပွဲပေါ်တွင် မဆံ့တော့သောကြောင့် တွန်းလှည်းစင်ပါ ယူလိုက်ရသည်။ မြောင်မြောင်သည် အမဲသားအား အရမ်းကြိုက်သူဖြစ်သည်။

ထို့ကြောင့် အရသာမျိုးစုံနှင့်နှပ်ထားသော အမဲသားဟင်းပွဲများကို ယူလာခဲ့သည်။

မမလေးက 3နှစ်သား (Complete ✅)Where stories live. Discover now