🐻4🐻

3.5K 204 30
                                    

Unicode

"ကိုယ်လက်တွေနာလိုက်တာ..."

ထယ်ယောင်းတစ်ယောက်...မနေ့ညက အချိန်ပိုအလုပ်ဆင်းရသောကြောင့် တစ်ညလုံးနီးပါးအလုပ်လုပ်ပီးမှ မနက်မိုးလင်းခံနီးမှ အိမ်ပြန်လာသောကြောင့်... အခုရုံးသွားရမဲ့ အချိန်မှာ ပင်ပန်းပြီး ဖျားချင်သလို ဖြစ်သောကြောင့် အလုပ်တစ်ရက်နားရန်...အဖွဲ့မှူးအား ဖုန်းဆက်ကာ အကျိုးအကြောင်းပြောပြလိုက်လေသည်။

ထယ်ယောင်းလဲ အလုပ်မသွားရတော့ဘူး ဆိုတော့ မျက်နှာသစ် သွားတိုက်ပြီး ဆေးသောက်ပြီး ပြန်အိပ်ရင် ရေချိုးခန်းထဲဝင်ပြီး တစ်ကိုယ်ရေ သန့်ရှင်းရေးလုပ်ကာ ပြန်ထွက်လာလေသည်။

"အစ်ကို... နေမကောင်းဘူးလားဟင်...ရုံးမသွားလို့လေ..."

"ဟုတ်တယ်...ချယ်ရီ ကိုယ်နေလို့သိပ်မကောင်းလို့ မသွားတော့ပါ..."

"ဟုတ်...အစ်ကို...မနက်စာစားလိုက်လေ...ချယ်ရီပြင်ထားတယ်..."

"ဟုတ်ပြီ..."

ထယ်ယောင်း မနက်စာစားနေရင်း ဘဲလ်တီးသံကြောင့် တံခါးဝဘက်နားကို ထယ်ယောင်းလှမ်းကြည့်လိုက်တော့ Ceoဖြစ်နေလေသည်။

" ဘယ်သူလဲမသိဘူး..."

" ဂျွန်ဂျောင်ဂုပါ...ထယ်ယောင်းရဲ့ အလုပ်ရှင်ပါ..."

"ဟုတ်...အထဲဝင်ပါအုံး..."

ချယ်ရီက လူမှူရေးသဘောအရခေါ်လိုက်ပေမဲ့ အစ်ကိုရဲ့ အလုပ်ရှင်က တကယ်ဝင်လာတာကြောင့် ဆိုဖာပေါ်ထိုင်ခိုင်းလိုက်လေသည်။

ချယ်ရီလဲ ဂျောင်ဂုကို ဆိုဖာပေါ်ခနထိုင်ခိုင်းပြီး ထယ်ယောင်းအခန်းထဲဝင်ကာ ထယ်ယောင်းအား အကျိုးအကြောင်းသွားပြောပြလေသည်။

"အစ်ကို...အစ်ကိုအလုပ်ရှင် အိမ်ရောက်နေလို့ တချက်လောက်ထွက်လာပေးလို့ရမလား..."

ထယ်ယောင်းစစက ကြောင်သွားပေမဲ့ ဂျောင်ဂုပဲဖစ်မယ်ဆိုပြီး...အခန်းထဲကနေ ညအိပ်ဝတ်နဲ့သာထွက်လာလိုက်လေသည်။

ထယ်ယောင်း ဂျောင်ဂုစီသွားတုန်း အိမ်နောက်ဖေးထဲမှာ ချယ်ရီက သူတို့စားဖို့တစ်ခုခုလုပ်နေပြီး Ceoကတော့ ဂျွန်းလေးအား နို့ဘူးတိုက်နေတာတွေ့ရလေသည်။

✿︎𝚕𝚘𝚟𝚎 𝚒𝚜 𝚖𝚢𝚜𝚝𝚎𝚛𝚒𝚘𝚞𝚜✿︎(Completed )Where stories live. Discover now