🐻12🐻

2.8K 163 8
                                    

Unicode

ဒီနေ့ကရုံးပိတ်ရက်ဖြစ်သောကြောင့် ထယ်ယောင်းသည် မင်ဂျွန်းအား ကော်ဖီဆိုင်တွင် ချိန်းလိုက်လေသည်။

ထယ်ယောင်းသည် ပိတ်ရက်ဖြစ်သောကြောင့် အိပ်နေသော ဂျွန်းလေးအား ချယ်ရီနဲ့ထားခဲ့ကာ...မင်ဂျွန်းနဲ့ချိန်းထားတဲ့ နေရာအား ထွက်လာလိုက်လေသည်။

ဆိုင်ထဲရောက်တော့ မင်ဂျွန်းက ထယ်ယောင်းထက် အရင်ရောက်နေကာ...ထယ်ယောင်းအားလက်လှမ်းပြလေသည်။

" မင်ဂျွန်း...ရောက်တာကြာပြီလား... "

"ခုနလေးတင် ရောက်တာမကြာသေးဘူး..."

" အင်းဘာစားမလဲအရင်မှာလိုက်လေ..."

"ငါက ကော်ဖီအခါးနဲ့ ချောကလတ်မှာထားတယ်...မင်းကောဘာစားမလဲ..."

"ငါက စတော်ဘယ်ရီကိတ်နဲ့ စတော်ဘယ်ရီနို့..."

"အင်းမှာလိုက်..."

သူတို့နှစ်ယောက်လဲ အရင်ဆုံးမုန့်တွေမှာလိုက်ပြီး...မုန့်စောင့်နေတုန်း စကားပြောကြလေသည်။

"ချယ်ရီက ငါ့ရည်းစားလေ...ထယ်ယောင်း မင်းဘာလို့ချယ်ရီနဲ့ လက်ထပ်လိုက်တာလဲ ငါချယ်ရီကို မင်းစီမှာအပ်ထားတာလေကွာ...အကြောင်းအရင်းတော့ရှိမယ်မလား ငါ့ကိုပြောပြ..."

" အင်း...မင်ဂျွန်း မင်းအမေက ချယ်ရီကို မင်းနဲ့လမ်းမခွဲပေးရင် မင်းကိုနိုင်ငံခြားပို့ပစ်မယ်လို့ ခြိမ်းခြောက်ပြီး ချယ်ရီကို ပိုက်ဆံတွေနဲ့ ပစ်ပေါက်သွားခဲ့တယ် ချယ်ရီက မင်းနဲ့ခွဲရမှာဆိုလို့ သဘောတူလက်ခံလိုက်ပေမဲ့ နောက်နေ့ကျတော့ မငိးကနိုင်ငံခြားကို ထွက်သွားလိုက်တယ် အဲ့တုန်းက ချယ်ရီကအသက်မပြည့်သေးလို့ မင်းအနောက်လိုက်လို့မရခဲ့ဘူး...ချယ်ရီက မင်းကိုစောင့်နေတာကြာပြီကွာ..."

"ခုနလေး...အဲ့တုန်းက အမေငါ့ကိုပြောတာက ချယ်ရီကို အမေက ငါ့လက်တွဲဖော်ရှိမရှိ စမ်းမယ်တဲ့ အဲ့လိုပြောပြီး အိမ်ကထွက်သွားတယ် အမေက ညဘက်လောက်ကျ အမေကပြန်လာပြီး ချယ်ရီက ငါနဲ့ပိုက်ဆံမှာ ပိုက်ဆံကိုရွေးသွားတယ်လို့ ပြောခဲ့တယ်...ငါအရမ်းဝမ်းနည်းလွန်းလို့ ချယ်ရီကိုလဲ စိတ်ဆိုးတာနဲ့နိုင်ငံခြားကို ထွက်သွားခဲ့တာ...ဒီ​ပြန်ရောက်တာတောင် မကြာသေးဘူးလေ..."

✿︎𝚕𝚘𝚟𝚎 𝚒𝚜 𝚖𝚢𝚜𝚝𝚎𝚛𝚒𝚘𝚞𝚜✿︎(Completed )Where stories live. Discover now