🐻17🐻

3.3K 166 9
                                    

Unicode

1လကြာပြီနောက်...။

ဂျောင်ဂုသည် ထယ်ယောင်း အိမ်ကို နေ့တိုင်းလာသလို ညအိပ်တဲ့ညတွေလဲ ရှိသည်။

ထယ်ယောင်းသည် ဂျောင်ဂုက ဂျွန်းလေးက သူ့ကလေးမှန်းသိသွားတဲ့နေ့... နောက်နေ့ကျတော့...ချယ်ရီအား ကွာရှင်းခဲ့သည် ချယ်ရီကလဲ တနေ့ကပင်...မင်ဂျွန်းနဲ့ လက်ထပ်လိုက်လေသည်။

သူတို့ချစ်သူနှစ်ယောက်ကြားမှာ အခက်အခဲတွေရှိခဲ့ပေမဲ့ အခုတော့ နှစ်ယောက်အဆင်ပြေပြေနဲ့ တစ်အိုးတစ်အိမ် ထူထောင်နေပြီ ဖြစ်သည်။

"ထယ်...ကျွန်တော်လာတယ်..."

ထယ်ယောင်း ခြံထဲမှာ ဂျွန်းလေးနဲ့ကစားနေတုန်း...ခြံပေါက်ဝကနေအော်နေသော ဂျောင်ဂုကြောင့် ထယ်ယောင်း ခြံတံခါးအား သွားဖွင့်လိုက်လေသည်။

"ထယ့်ကို လွမ်းနေတာ..."

လူကဖြင့်အိမ်ထဲမရောက်သေး...အပေါက်ဝမှာပင် ထယ်ယောင်းခါးကိုဖက်ကာ ထယ်ယောင်း ပခုံးပေါ့မေးတင်ထားလေသည်။

"အထဲအရင်ဝင်စမ်းပါ...ဂျွန်ဂျောင်ဂုရဲ့..."

"ထယ်နဲ့ဂျွန်းလေးကို လွမ်းနေတာ..."

ထယ်ကိုဖက်နေရာမှာ ဂျွန်းလေးစီသွားကာ ဂျွန်းလေးပါးအား နမ်းလေသည်။

"ဒယ်ဒီ...ငှက်ပျောသီးနို့ ဝယ်လာတယ် ဂျွန်း​​လေးအကြိုက်..."

"အဲ့ဒါကြောင့် ဒယ်ဒီကိုချစ်တာ..."

ဂျောင်ဂု ဂျွန်းလေးနဲ့စကားပြောပြီးတော့...ထယ်ယောင်းဘက်လှည့်ကာ...။

"ထယ်...ဝတ်စုံလဲလိုက်...ပြီးရင်အဲ့လိပ်စာကို လာခဲ့လိုက် ကျွန်တော့်အမျိုးပွဲမို့..."

"မလာချင်ပါဘူး..."

"လာပါနော်...မေမေတို့ကလဲ ထယ့်ကိုတွေ့ချင်တယ်ဆိုလို့လေ..."

"ဟမ်...မင်းမေမေက ငါ့ကိုမင်းမေမေက ငါ့သားနဲ့ဝေးဝေးနေတို့ ဘာတို့ပြောရင် ဘယ်လိုလုပ်မလဲ..."

"စိတ်မပူပါနဲ့ မေမေက သူ့သမက်အလှလေးကို တွေ့ချင်ရုံမို့..."

"သမက်အလှလေး?..."

"မေမေနဲ့ ဂျွန်းလေးနဲ့ထယ့်အကြောင်းသိတော့ ကျွန်တော်ကိုရိုက်တယ် တာဝန်ယူစိတ်မရှိဘူးဆိုပြီး...အခုလဲ အားနာလို့အမေကမျက်နှာမပြရဲလို့ တစ်လစောင့်နေတာတဲ့ ခုတော့ ဂျွန်းလေးနဲ့ထယ့်ကိုအရမ်းတွေ့ချင်နေပြီးမို့လို့တဲ့..."

✿︎𝚕𝚘𝚟𝚎 𝚒𝚜 𝚖𝚢𝚜𝚝𝚎𝚛𝚒𝚘𝚞𝚜✿︎(Completed )Where stories live. Discover now