🐻15🐻

3.2K 177 8
                                    

Unicode

"ဆေးရုံကဆင်းလို့ရပြီလား..."

ဂျောင်ဂုသည် ထယ်ယောင်းနဲ့ဂျွန်းလေးအား ဆရာဝန်အား လာမေးနေခြင်းဖြစ်သည်။

" ဆင်းလို့ရပါပြီ...ကလေးကအားနည်းနေတာလွှဲအကုန်ကောင်းပါတယ်..."

"ဒါနဲ့ကလေးရဲ့ သွေးအမျိုးအစားကဘာလဲ..."

"A သွေးပါ..."

ဂျောင်ဂုသည် ထယ်ယောင်းရဲ့ တစ်ညသာအမှားတိုတာကို ကြားပြီးမှ သူ၁၈နှစ်မပြည့်ခင်က ထိုသို့အမှားတစ်ခုအား မျက်နှာမမြင်လိုက်ရသော သူတစ်ယောက်အား လုပ်ခဲ့မိတာကြောင့် တစ်ညလုံးစနိုးစနောက်ဖြစ်နေသောကြောင့် အခုဆရာဝန်အား လာမေးနေခြင်းဖြစ်သည်။

လိုလိုပိုပို ဂျွန်းလေးရဲ့ခေါင်းအုပ်ပေါ်တွင် ကျွန်နေသော ဆံပင်မွှေးအားယူလာကာ ဂျောင်ဂုသည် သူ့ဆံပင်မွှေးကိုလဲ ပေးလိုက်ကာ ဆရာဝန်အား DNAစစ်ခိုင်းလိုက်လေသည်။

"ဘယ်နေ့ရမလဲ DNAအဖြေစစ်တာက..."

"မနက်ဖြန်ရပါမယ်..."

"အင်း..."

ဂျောင်ဂုလဲ ဆရာဝန်နဲ့ပြောပြီး...ထယ်ယောင်းနဲ့ဂျွန်းလေးရှိရာကို ပြန်လာလိုက်လေသည်။

ထယ်ယောင်း ချီထားသော ဂျွန်းလေးမျက်နှာအား တစ်ချက်ကြည့်လိုက်သော မျက်လုံးကအညိုရောင်ဖြစ်ပြီး နှာခေါင်းကလဲထယ်ယောင်းနဲ့တူသည်...နှုတ်ခမ်းကကျ ဂျောင်ဂုနှုတ်ခမ်းနဲ့ဆင်ပြီး...သွားကလဲရှေ့သွားနှစ်ချောင်းကြီးနေလေသည်။

ဂျွန်းလေး မျက်နှာကို ကြည့်နေရင်း ေဂျာင်ဂုသည် ရင်ထဲမောဟိုက်လာလေသည်။

သူသာ ဂျွန်းလေးအဖေဆို ထယ်ယောင်းက လက်ခံပါ့မလား...။

မသေချာမရေရာသေးတဲ့ အချိန်မှာတောင် ဂျောင်ဂုသည် စိတ်ပူနေလေသည်။

"ဂျောင်ဂုမင်း မက်တပ်ရပ်နေတာကြာပြီ ဘာလုပ်နေတာလဲ..."

"အာ...ဘာမှမဟုတ်ပါဘူး အစ်ကိုအဆင်သင့်ဖြစ်ရင် ကျွန်တော်အထုပ်တွေ ယူသွားလိုက်မယ်နော်..."

ဂျောင်ဂုထိုသို့ပြောပြီး ထယ်ယောင်းလက်ကိုဆွဲကာ တစ်ဖက်ကအထုပ်တွေကိုင်ကာ ကားစီသို့ လျှောက်လမ်းလာလေသည်။

✿︎𝚕𝚘𝚟𝚎 𝚒𝚜 𝚖𝚢𝚜𝚝𝚎𝚛𝚒𝚘𝚞𝚜✿︎(Completed )Where stories live. Discover now